Wednesday, September 29, 2010

တာချိလိတ်မြို့အ၀င်တံတားတွင် အဆမတန်ငွေကြေးကောက်ခံနေသော အကျင့်ပျက်ဝန်ထမ်းများအကြောင်း

  • တာချိလိတ်မြို့အ၀င်တံတား(၁)တွင်အမှုထမ်းနေကြသောမြန်မာအကောက်ခွန်(Customs) အရာရှိများသည်တခြားနိုင်ငံမှလာကြသောဧည့်သည်များအပေါ်တွင်တံတားဖြတ်ခွင့်ငွေကို မတရားတောင်းနေပါသည်၊ ယင်းသို့တောင်းခံနေမှုကြောင့်တခြားနိုင်ငံ ခြားသားများ၏ အမြင်မှာ မြန်မာလူမျိုးများကိုအထင်သေးပြီးရိုင်းစိုင်းစော်ကားမှုလဲဖြစ်နေပါသည်။ ငွေကောက်ခံသည့်နေရာတွင်မြန်မာနိုင်ငံသားနှင့်ထိုင်းနိုင်ငံသားဆိုပြီးဆိုင်းဘုတ်ကဒ်ကို သေချာရေးထားပါသည၊်ဒါကိုနိုင်ငံခြားသားနှင့်ထိုင်းနိုင်ငံသားများကရှင်းရှင်းလင်းလင်း သဘောပေါက်နေရက်သားနှင့်တံဆိပ်တုံးထုသည့်နေရာမှာနှစ်နေရာစလုံးတွင် ငွေကောက်နေသည့်သဘောမှာနိုင်ငံခြားသားဧည်သည်များကိုစော်ကားရာရောက်ပါသည်။ တာချိလိတ်မြို့ကိုလာလည်သောနိုင်ငံခြားသားဧည့်သည်များမှာ ပျော်ရွှင်ချမ်းမြေ့စွာမလည်ပတ်ရသည့်အပြင်ရင်နာစွာခံစားရပါသည်၊ နယ်စပ်မှာနေကြသည့်အတွက် မြန်မာလူမျိုးထိုင်းစကားပြောတတ်တာမဆန်းသလို ထိုင်းလူမျိုးကမြန်မာစကားပြောတတ်
  • တာအဆန်းမဟုတ်ပါဘူး၊ဒါကိုအဆန်းလုပ်ပြီးငွေတောင်းတာကတော့ နအဖခေါင်းဆောင်ကြီးများရဲ့
  • အမွေဆိုးကိုဆက်ခံနေတဲ့ခြစားနေသောအောက်ခြေအကျင့်ပျက်ဝန်ထမ်းများရဲ့ အောက်တန်းကျတဲ့အလုပ်ကို အများသိအောင်ရေးသားလိုက်ပါတယ်။ 
ထိုင်းအမျိုးသမီးတဦး 
ပေးပို့လာတဲ့ကိုဇေယျာမင်းထွန်းအားကျေးဇူးတင်ပါတယ်။

0 comments: