Saturday, May 01, 2010

တိုကျို မြန်မာဘုန်းတော်ကြီးကျောင်းနှစ်ပတ်လည်ပွဲ အခမ်းအနားသို့ဖိတ်ကြားအပ်ပါသည်

တိုကျို မြန်မာဘုန်းတော်ကြီးကျောင်းနှစ်ပတ်လည်ပွဲ အခမ်းအနားကို မေလ ၂ရက် ၂၀၁၀ တွင်ကျင်းပပါမည်။။ အစီအစဉ်ကတော့ ၁။ အရုဏ်ဆွမ်း စုပေါင်းဆွမ်းဆက်ကပ်လှုဒါန်းပါမည် မိမိတို့ စေတနာသဒ္ဓါတရား အလျောက် ဆွမ်း ဆွမ်းဟင်းများစီစဉ်လာပါရန် ၂။ နေ့လည် ၁၁ -နာရီမှာ နေ့ဆွမ်းဆက်ကပ်လှုဒါန်းကြပါမည် မိမိတို့သဒ္ဓါတရားအလျောက်ဆွမ်း ဆွမ်းဟင်းများ ယူဆောင်၍ လှုဒါန်းကြပါမည်။ ၃။ ဆရာတော်များ ဆွမ်းဘုန်းပြီးလျင် အားလုံးစုပေါင်း နေ့လည်စာ စားသောက်ကြမည်ဖြစ်ပါသည် ၄။ ဒကာဒကာမများ အတူတကွ ပျော်ပျော်ပါးပါး နေ့လည်စာ စားသောက်နေချိန်တွင် သံဃာတော်အရှင်သူမြတ်များက ဒုလ္လဘဝတ်မည့် ကိုရင်များကို ရဟန်းဘဝသို့ရောက်ရှိအောင် ဆောင်ရွက်တော်မူကြပါမည် ၅။ ဆရာတော်များ ရဟန်းခံခြင်းကိစ္စ ဆောင်ရွက်ပြီးချိန်တွင် အားလုံးရောက်ရှိလာသော ဒကာဒကာမအပေါင်း တို့က မိမိတို့စေတနာသဒ္ဓါတရားအလျောက် သိမ်ဆင်းလောင်းလှုပွဲ ကျင်းပပါမည်။ ၆။ သိမ်ဆင်းလောင်းလြှု့ပီးသော် မိမိတို့လှုဒါန်းမှုအစုစုတို့အတွက် စုပေါင်းရေစက်ချတရားတော်များနှင့် သံဃာတော်အရှင်သူမြတ်တို့ဟောကြားတော်မူအပ်သော ပရိတ်တရားတော်များကို နာကြားကြပါမည် နီးစပ်ရာ ဒကာဒကာမများအားလည်း အကြောင်းကြားပေးပါကြပါခင်ဗျာ။။ 

လမ်းညွှန်...
Ikebukuro ဘူတာမှ Tobu Tojo Line , Platform No.3 (or) 4 ၏ နောက်ဆုံးတွဲမှစီးပါ။ Naka-Itabashiဘူတာ၏ Minami(တောင်ဖက်) ထွက်ပေါက်မှ ၃မိနစ်ခန့်သာဝေးပါသည်။(မြေပုံအညွှန်းအတိုင်းလျှောက်ရန် )
  Anniversary Invitation 

0 comments: