၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့၊ မွန်းလွဲ ၃ နာရီခန့်အချိန်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး သုံးမိနစ်ခြား၍ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မဏ္ဍပ်ပေါ်တွင် ပေါက်ကွဲခဲ့ခြင်း မဟုတ်ဘဲ မဏ္ဍပ်ရှေ့တွင် ပေါက်ကွဲခဲ့ခြင်းဟု လည်းသိရသည်။ X2O မဏ္ဍပ်သည် လူစည်ကားသော မဏ္ဍပ်တစ်ခုဖြစ်ပြီး လူအများထွက်ပြေးကြရာမှ ထိခိုက်လဲပြိုကာ လူပိပြီးထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကာ ပေါက်ကွဲမှုကြောင့် ကျား ၅ ဦး၊ မ ၃ ဦး စုစုပေါင်း ၈ ဦး သေဆုံးခဲ့ကြောင်း၊ ကျား ၆၄ ဦး၊ မ ၃၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရပါသည်။ အခင်းဖြစ်ပွားပြီးနောက်ပိုင်းတွင် ကန်တော်ကြီးကန်ပတ်လမ်းအား ပိတ်ထားကြောင်း သိရှိရသည်။
ဗုံးပေါက်ကွဲမှု မှတ်တမ်း ဓါတ်ပုံများ အား ညီလင်းဆက် ၀ပ်ဆိုဒ်မှ ရရှိပါသည်။





0 comments:
Post a Comment