skip to main |
skip to sidebar
Medical Help Line မှာ Call Center ၀န်ဆောင်မှုတွင် Medical ပေါင်းထားသော Medical Call Center ၀န်ဆောင်မှုဖြစ်ကြောင်း သိရသည်။
“ဒီဝန်ဆောင်မှုက မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ လူတွေအနေနဲ့ ပြည်တွင်းပြည်ပက ဆေးပညာနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အမြို့မြို့အနယ်နယ်ကနေ ၂၄ နာရီမေးနိုင်အောင် လုပ် တာဖြစ်ပါတယ်။ အဓိကက မြို့ပေါ်ကလူတွေလို နယ်ကလူတွေပါ Quality Service ပေးနိုင်အောင် လုပ်တာဖြစ်ပါတယ်။ Quality Service ကိုပေးနိုင်သလို မြို့ကြီးတွေကိုသွားလာရတဲ့ စရိတ်တွေနဲ့ အ ချိန်ကုန်မှုတွေကို သက်သာစေပါတယ်” ဟု Medical Help Line ၀န်ဆောင်မှုမိတ်ဆက်သည့် အခမ်း
အနားတွင် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Blue Ocean Operating Management Co.,Ltd မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Medical Help Line ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် Prepaid Card စနစ်ဖြင့် အသုံးပြုရမည်ဖြစ်သည်။ အသုံးပြုသူအနေဖြင့် မိမိကိုယ်ပိုင်ဖုန်းမှတဆင့်ဖြစ်စေ၊ P.C.O ဖုန်းများမှတဆင့်ဖြစ်စေ Medical Help Line ကို ခေါ်ဆိုရ မည်ဖြစ်သည်။ ထိုသို့ခေါ်ဆိုရာတွင် ပြည်တွင်းသို့ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ ဖုန်းခေါ်ဆိုမှုများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှချမှတ်ထားသော ဖုန်းခအတိုင်း အသုံးပြုသူမှ ပေးဆောင်ရမည်ဖြစ်သည်။ Medical Help Line ၀န်ဆောင်မှုကို စတင်အသုံးပြုမှသာလျှင် ၀န်ဆောင်မှုအသုံးပြုခနှင့် ဆေးပညာနှင့်ပတ်သက်သော တွေ့ဆုံမေးမြန်းမှုများကို Prepaid Card မှ ဖြတ်တောက်သွားမည် ဖြစ်သည်။ Medical Help Line ၀န်ဆောင်မှု အသုံးပြုသည့်အခါတွင် ပထမဆုံးအနေဖြင့် ၀န်ဆောင်မှုဖုန်းနံပါတ်ကို စတင်နှိပ်ရမည်ဖြစ်သည်။ ထို့နောက် ၀န်ဆောင်မှုမှ အသုံးပြုပုံအဆင့်ဆင့်ကို အသံဖြင့် တစ်ဆင့်ခြင်းညွှန်ကြားသည့်အတိုင်း အသုံးပြုသူမှ အဆင့်လိုက် လိုက်လံလုပ်ဆောင်ရမည်ဖြစ်သည်။ အဆိုပါ Prepaid Card များကို တစ်သောင်းငါးထောင်ကျပ်၊ သုံးသောင်းကျပ်ကတ် စသည်ဖြင့် ရောင်းချရန်စီစဉ်ထားပြီး ကတ်အသုံးပြုရင်း Expired ဖြစ်သွားခြင်းမျိုးမရှိကြောင်း သိရသည်။ Medical Help Line ၀န်ဆောင်မှုကို သုံးခြင်းအားဖြင့် ဥပမာ အိမ်တွင် တစ်ယောက်တည်းနေထိုင်သည့် အချိန်အခါမျိုးတွင် ရောဂါဖြစ်လာသောအခါ ဆရာဝန်ထံသို့ အဆိုပါဆားဗစ်မှတဆင့်မေး၍ ဆရာဝန်ညွှန်ကြားချက်များကိုလိုက်နာ၍ လူနာရှင်ကိုယ်တိုင် ဖုန်းမှတဆင့် ဆေးကုသမှုကို ရယူနိုင်မည်ဖြစ်သည်။ အဆိုပါဆားဗစ်မှာ ကျန်းမာရေးအတွက်သာမကပဲ အခြားသော ဆေးပညာရပ်ဆိုင်ရာ ကဏ္ဍအသီးသီးကိုပါ မေးမြန်းနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် လုပ်ကိုင်ဆောင်ရွက်မည့် Medical Help Line ၀န်ဆောင်မှုအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် ဆရာဝန်များနှင့် ဆေးရုံကြီးများကိုလည်း ကုမ္ပဏီမှဖိတ်ခေါ်ထားသလို နောက်ပိုင်းကာလများတွင်ပြုလုပ်မည့် ၀န်ဆောင်မှုများအတွက်ကိုပါ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။ BlueOcean Operating Management Co.,Ltd နှင့် iTopia တို့ပေါင်း၍ Medical Help Line ဆေးပညာနှင့်ပတ်သက်၍ ၀န်ဆောင်မှုများအပြင် Legal (ဥပဒေ၊ အခွန်နှင့်ပတ်သက်သည့်အကြောင်း)၊ Astrology (ဗေဒင်အကြောင်း)၊ Agricultural (စိုက်ပျိုးရေး)၊ Public Transport နှင့် အခြားသောဆားဗစ်များကိုပါ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ Medical Help Line ဆားဗစ်ကို ပြည်ပနိုင်ငံအချို့တွင်အသုံးပြုရာ၌ သိသာသောအကျိုးကျေးဇူးများကို ရရှိကြောင်းထပ်မံသိရှိရသည်။ သတင်း။။အောင်သူ
Tuesday, April 27, 2010
မြန်မာ့ပထမဆုံး e-Medication ၀န်ဆောင်မှု စတင်တော့မည်

Labels:
သတင်း(ပြည်တွင်း)
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
အာဏာရှင်တွေ ည၈နာရီရောက်တိုင်း ကြေးစည်သံကြား ခွေးမခံသာသလို ဗန်းထုသံကြား လဒမခံသာရအောင် မောင်းကြဟေ့ ဟဲ့ခွေး ရှုးရှုး
-
(၁) ငါတို့ မြန်မာတွေကြည့်ေ နမှန်းသိလို့.. မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ.. မင်းတို့ရဲ့ မီးရောင်ထိန်နေတဲ့ မြို့ကြီးတွေ လမ်းမြ...
-
======================================== ကျော်ကြီး(MDY) ကျွန်တော်တို့မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ကနောက်ဆုံးထုတ်ပြန်သည့် စာရင်းအရ ကမ္ဘာ့ အဆင်းရဲဆု...
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
-
Shwe Pa Yit ဒီဝတ္တုတိုထဲကလို.. ပါဝါရိမ်းဂျားကြိုက်တဲ့ကောင်လေးရဲ့... ဖေဖေလို.မျိုး.. တာဝန်သိတဲ့ ဘဘတွေ..၊ တိုးတိုင်းပြည်မှာ များသည်ထက်များလာအေ...
-
The Express Times ========================== စာအုပ် ၀ါသနာအိုးတွေ အတွက် .. အရမ်း ကို Smart ကျတဲ့ Links .. ========================== မာတိကာ...
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၌မဖြစ်မနေလုပ်ဆောင်ရမည့် အဓိကလိုအပ်ချက်ဖြစ်သည့် အမျိုးသား ပြန်လည်...
-
ကောက်ကြကောက်ကြ အာဏာရှင်သူပုန်ခေါင်းဆောင် သားက သူ့အဖေ ခိုးထားတာလေးတွေ စွန့်ကျဲနေပြီ အဲ့ပိုက်ဆံလေးတွေနဲ့ ကျေနပ်မနေကြနဲ့ မင်းတို့ရဲ့ အနာဂါတ်သာ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988

0 comments:
Post a Comment