Wednesday, April 07, 2010

ကျား လိင်အင်္ဂါ ပွဲတော်




ဂျပန်နိုင်ငံရှိ `“ကာဝါဆကီ” မြို့ လေးတွင် ချယ်ရီပန်းများ ပွင့်သော နွေဦး ဧပြီလ ရောက်တိုင်း အမျိုးသား လိင်အင်္ဂါ ပွဲတော်ကို ကျင်းပလေ့ရှိပါသည်။
ဂျပန်နိုင်ငံမြို့ တော် တိုကျိုမြို့မှ လူအများစုသည် နွေဦးရာသီ အားလပ်ရက်များတွင် အနီးအနားရှိ `“ကာဝါဆကီ ” မြို့ လေးသို့ အလည်အပတ် လာ ရောက်လေ့ရှိပါသည်။
ထိုအချိန်သည် ]`“ကျား လိင်အင်္ဂါပွဲတော်” ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်တတ်ပါသည်။

“ကျား လိင်အင်္ဂါပွဲတော်” ကို ဂျပန်ဘာသာဖြင့် `“ကာနာမာရ မတ်ဆူရိ” ဟုခေါ်ပါသည်။ ထိုပွဲတော်ကို ဇင်ဗုဒ္ဓဘာသာဝင် ကျေးလက်နေ သူများက လွန် ခဲ့သော နှစ်ပေါင်း သုံးရာ ငါးဆယ်(၃၅၀) ခန့်မှ နှစ်စဉ် ရိုးရာ ပွဲတော်အဖြစ် ကျင်းပခဲ့ကြပါသည်။ “အမျိုးသား လိင်အင်္ဂါ” သည် အမျိုးသမီးများအတွက် အရေးကြီးသည်ဆိုသော သက်ဝင်ယုံကြည်မှုမှ ဆင်းသက်လာခဲ့ပါသည်။
ထိုအမျိုးသား “ကျား လိင်အင်္ဂါပွဲတော်” သည် ယနေ့ ဂျပန်လူမျိုးများအကြား ပိုမိုရေပန်းစား လူသိများလာပါသည်။

လွန်ခဲ့သောနွေဦးရာသီပွဲတော် ကျင်းပချိန်၌ အမျိုးသား၊ အမျိုးသမီးပေါင်း ငါးထောင်(၅၀၀၀)ခန့် တက်ရောက်ပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပ ခဲ့ပါသည်။


ရည်ညွှန်း။          ။ No- 51/52  2009 Vimenn Norge မှ ပြန်ဆိုကူးယူဖော်ပြပါသည်။

သက်ထူးဇင်( အော်လီဆွန်း)

0 comments: