ကိုမိုက်ခဲစိန်(မိုးမခ)
ဧပြီ ၇၊ ၂၀၁၀
ယမန်နေ့က
ထုတ်ပြန်လိုက်သော အင်န်အယ်ဒီ၏ ပြန်ကြားချက်သည် ပြည်သူကို တောင်းပန်စာ
သက်သက်သာမဟုတ်၊ လက်ရှိမြန်မာနိုင်ငံရေးအကြပ်အတည်း၏ ကြေညာချက်၊ ဝေဖန်ချက်
စာတမ်းတခု ဖြစ်ပေသည်။
သာမန်အားဖြင့်ကြည့်လျင်
အနှစ် ၂၀ လုံးလုံး စစ်အာဏာရှင်တို့၏ ဖိနှိပ် ဖမ်းဆီး
နှိမ်နှင်းခြင်းတို့ကို ခါးစီး၊ ရင်စီးလျက် ခံယူပြီး တိုင်းပြည်၏
ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် အစွမ်းကုန်
သူတို့ စွန့်လွှတ် စွန့်စားခဲ့ကြပြီ။ ပြည်သူတို့နှင့်အတူ ရင်ကို
မြေကတုတ်လုပ်၍ ခံယူတိုက်ပွဲဝင်ခဲ့ကြပြီ။ သို့သော်လည်း တဖက်သော
စစ်အာဏာရှင်တို့၏ တဖက်သတ် ဖိနှိပ်ချေမှုန်းမှုတို့ကြောင့်
အကျိုးမရှိခဲ့ရသည်ကို ပြည်သူ့လူထုအား ရှင်းပြတောင်းပန်စာ သက်သက်မျှသာ
ထင်ပါက အမှားကြီး မှားပေလိမ့်မည်။
အမှန်တကယ်အားဖြင့်
ဆိုရလျင်မူ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို
လက်နက်ဖြင့် အကြမ်းဖက် အဓမ္မ သိမ်းပိုက်ခဲ့သော၊ ပြည်သူလူထုနှင့်
ကျောင်းသားလူငယ်တို့၏ အသက်၊ ၀ိဉာဉ်၊ သွေးချွေးတို့ကို စစ်ဖိနပ်ဖြင့်
နင်းခြေပြီး အာဏာပလ္လင်ပေါ်သို့ အတင်းတက် နေရာယူခဲ့သော စစ်အာဏာရှင်တို့၏
ထိုအချိန်က ကတိစကားဖြစ်သည့် ပါတီစုံရွေးကောက်ပွဲကြီးလုပ်ပေးမည်၊
ထိုရွေးကောက်ပွဲကြီးပြီးမြောက်ပါက တိုင်းပြည်အာဏာကို
ပြည်သူတို့၏လွှတ်တော်ကို အပ်နှံပြီး စစ်တန်းလျားကို ပြန်ကြမည် ဆိုသော
ကတိစကားကို လက်ခံယုံကြည်ပြီး စစ်အာဏာရှင်တို့ ခင်းသော ရွေးကောက်ပွဲဖြင့်
ဖြေရှင်းကြမည်ဆိုသော လမ်းကြောင်းကို အနှစ် ၂၀ လုံးလုံး နှစ်နှစ်ကာကာဖြင့်
ဦးနှောက်နှင့် အသည်းနှလုံးတွင် ပန်ဆင်ကြလျက် ကျောင်းသား၊ လူငယ်၊
ပြည်သူနှင့် နိုင်ငံရေးပါတီအသီးသီးတို့ သည်းခံ ကြိတ်မှိတ် အံကြိတ်ပြီင်္း
လျောက်ခဲ့ကြသော ခလုတ်ကန်သင်း၊ ထောင်ခြောက်၊ အဆိပ်အတောက်တို့ဖြင့်
ပြည့်စုံနေသော အနှစ် ၂၀ ကြာညောင်းခဲ့ပြီ ဖြစ်သော ငရဲလမ်းစဉ်မှ
အင်န်အယ်ဒီပါတီကြီးနှင့် ခေါင်းဆောင်တို့က ရဲရင့်တည်ကြည်စွာ လမ်းခွဲစကား
ဆိုလိုက်ခြင်းပင် ဖြစ်ပေတော့သည်။
၁၉၈၈
စက်တင်ဘာလ ၁၈ ရက်နေ့က ဆိုခဲ့သော ပေးအပ်ခဲ့သော ကတိစကားကို မတည်သော
စစ်အာဏာရှင်တို့သည် နောင် အနှစ် ၂၀ ကျော် ကြာလတ်သောအခါတွင်လည်း ထပ်မံပြီး
ကတိစကားကို ပေးကြပြန်လေပြီ။ ၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်ပေးဦးမည်။
ပြည်သူ့လွှတ်တော်တွင် ဖြေရှင်းကြပေဦးမည် ဆိုလာပြန်လေသောအခါ အတိတ်က
လျောက်ခဲ့ပြီးခဲ့ပြီဖြစ်သော ငရဲလမ်းစဉ်ကို မေ့လျော့သော
မောဟအတိဖုံးကြကုန်လျက် နောင် သံသရာမဆုံးတော့မည့် ငရဲလမ်း
အမှောင်တိုက်ထဲသို့ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်တို့ကို
ဆက်လက်တွန်းပို့ကြဦးတော့မည်လော။ ယခုအချိန်သည် စစ်အာဏာရှင်တို့ လှည့်စား
အကောက်ကြံထားပြီးဖြစ်သည့် ငရဲလမ်းစဉ်မှ လမ်းခွဲကြရုံမှ တပါး
အခြားမရှိတော့ပြီ ဖြစ်ကြောင်း အင်န်အယ်ဒီပါတီက နိုင်ငံရေးဉာဏ်အလင်းသစ်
ပေးလိုက်ခြင်းသာ ဖြစ်တော့၏။
စစ်အာဏာရှင်တို့၏
ကတိစကား၊ သီလနှင့် သစ္စာ မတည်ကြည်မှု၊ ဖောက်ပြန်မှုတို့၏ သက်သေကို
ထင်ရှားစေပြီးသည့်နောက်တွင် စစ်အာဏာရှင်တို့၏ ရွေးကောက်ပွဲသည် ယုံကြည်စရာ
မဟုတ်တော့။ စစ်အာဏာရှင်တို့သည် တိုင်းပြည်၏ အနာဂတ်ကောင်းကျိုးကို
ထမ်းဆောင်နိုင်သည့် အစိုးရဟူသော ဂုဏ်ရည်သိက္ခာနှင့် မညီညွတ်တော့ပြီ
ဖြစ်ကြောင်းလည်း ထင်ရှားစေပြီ ဖြစ်ပါသည်။
ဒီမိုကရေစီကို
လိုလားသော မြန်မာပြည်သူလူထုနှင့်တကွ နိုင်ငံတကာမိသားစုများကို လွန်ခဲ့သော
အနှစ် ၂၀ ကျော်က ရွေးကောက်ပွဲလမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြမည်ဟု
မျက်နှာချိုသွေးပြီး အချုပ်အခြာအာဏာနေရာကို အယုံသွင်းရယူခဲ့သော
စစ်အာဏာရှင်တို့၏ တရားဝင်ဖြစ်တည်မှုသည် ယနေ့ အင်န်အယ်ဒီပါတီဝင်များ၊ ပါတီ၏
ခေါင်းဆောင်များ၏ တညီတညွတ်တည်း လက်တွဲဖြုတ်မှု၏ အောက်တွင် မည်သို့သော
ဆင်ခြေများ၊ ငြင်းခုန်မှုများ၊ မျက်ရည်ခံထိုး ဖြေရှင်းမှုများနှင့်
ဆက်လက်ခရီးဆက်ကြမည်နည်း။
ဒီမိုကရေစီရေး၊
ငြိမ်းချမ်းရေးနှင့် သာတူညီမျှ ယှဉ်တွဲနေထိုင်ရေးကို
မျှော်လင့်ယုံကြည်သူများနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို
ဆောင်ရွက်လိုသူများအနေနှင့် စစ်အာဏာရှင်များနှင့် ၎င်း၏ ငရဲလမ်းစဉ်မှ
လက်တွဲဖြုတ်ကြပြီး အင်န်အယ်ဒီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ သပိတ်မှောက်
သံဃာတော်များနှင့် အပြည့်အ၀ထောက်ခံ လက်တွဲ အားပေးသွားကြဖို့သာ
အထင်ရှားဆုံး လမ်းဖြစ်တော့သည်။
ယခုကဲ့သို့
စစ်အာဏာရှင်၏ ငရဲလမ်းမှ ခွဲထွက်ဝံ့သူ အင်န်အယ်ဒီကို မိမိတို့
ဂုဏ်ယူစွာဖြင့် ဆက်လက်ထောက်ခံလက်တွဲသွားမည် ဖြစ်ကြောင်း
ကတိစကားပြောကြယုံသာ။ တောင်းပန်စကား ဆိုနေစရာ မလိုပါ။ အင်န်အယ်ဒီသည်
ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ သွားခဲ့ရသူ မဟုတ်၊
ပြည်သူလူထုနှင့်အတူ ဒီမိုကရေစီရေးလမ်မှန်ကို ဆက်လျောက်နေဦးမှာ ဖြစ်သမျှ
တောင်းပန်စရာ မလိုပါ။
|
skip to main |
skip to sidebar
Friday, April 09, 2010
အင်န်အယ်ဒီ၏ ပြည်သူသို့ ပြန်ကြားချက်သည် စစ်အစိုးရ၏ အနှစ် ၂၀ ကြာ မအောင်မြင်သောလမ်းစဉ်ကို ထင်ရှားစေပြီ
Labels:
မျက်မှောက်ရေးရာ
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
By။ ။ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ ကိုဇာဂနာနဲ့ပတ်သတ်တဲ့ ပို့စ်လေး မြန်မာမိန်းခလေးများအား လူမျိုးခြား ဘာ...
-
နာမည်ကျော် ရုပ်ရှင်ကား တစ်ကား ဖြစ်သော The Last Airbender ဇာတ်ကား တွင် ပုဂံ ဘုရား ပုထိုးများ ၏ ပုံရိပ် များကို ထည့်သွင်း အသုံးပြု ထားကြောင်...
-
ြ မန်မာနိုင်ငံမြ န်မာလူမျိုး ထာဝရတည်တံ့ခိုင် မြဲစေရေး အရေးကြီးသတင်း (Credit- TI Ger ) --------------- --------- 3 hours ago · ၁။ စတင်ခြ...
-
မြန်မာ့တောတောင်ရေမြေတွေ ပြုတ်ပြုတ်ပြုန်း တောင်ကတုံးလွင်တီးခေါင်တွေဖြစ် သဘာ ၀ ရာသီဥတုတွေ ဖောက်ပြန်ပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြီးနဲ့ လူသ...
-
စောက်အလ္လာ နှင့် -ီးမိုဟာမက် တကယ်လို့ မြန်မာတွေ (၁)ရက် လောက် (၇၈၆) ဆိုင်ကဈေးမ၀ယ်ရင် သူတို့အတွက် ၀င်ငွေတစ်ရက်စာလျော့မယ်.. တကယ်လို့ မြန်မာတေ...
-
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တ...
-
ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ဘုန်ကြီးကျောင်း သုံးကျောင်းနဲ့ လူနေအိမ်တချို့ကို ဘုရားဂေါပကလူကြီးတွေက အဆောက်အအုံ ဟောင်းနွမ်းတွေ ပြုပြင်ဖိ...
-
၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှုဆောင်ဟေ...
-
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင်ကြားဖို့သင့်တယ်ဆိုပြီး ဆွေးနွေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
0 comments:
Post a Comment