Sunday, April 25, 2010

ရွေးကောက်ပွဲ အတွက် နှစ်ဖက် အဖြေရှာဖို ဥရောပ သမဂ္ဂ က မြန်မာ နိုင်ငံသို့ မစ်ရှင် စေလွှတ်မည်

EU to urge Myanmar junta to accept pre-election mission
မြန်မာ နိုင်ငံသို့ လာမည့် အီတလီ တရားရေး ၀န်ကြီး ဟောင်း ပီယာရို ဖက်ဆီနို
ဥရောပ သမဂ္ဂ (E.U) က မြန်မာ နိုင်ငံသို့ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ စုံစမ်းလေ့လာ အဖြေရှာ
ရေး ကော်မရှင် တစ်ခု ကို မကြာခင် စေလွှတ်မည် ဖြစ်ကြောင်း နှင့် ထိုမစ်ရှင် အဖွဲ့ ကို မြန်မာ စစ်
အစိုးရ အနေဖြင့် လက်သင့်ခံရန် အီးယူ သံတမန် တစ်ဦးက AFP သတင်းဌာန သို့ ပြောသည်။
အငြင်းပွဲဖွယ်ရာ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာ ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က
ရွေးကောက်ပွဲ မ၀င် ဟု ဆုံးဖြတ်ခဲ့ပြီး နောက် အီးယူက ယခုကဲ့သို့ စီစဉ် ခြင်းဖြစ်သည်။
ထိုမစ်ရှင် အဖွဲ့ အား  အီတလီ တရားရေး ၀န်ကြီး ဟောင်း ပီယာရို ဖက်ဆီနို ဦဆောင် မည်ဖြစ်သည်။
အဖွဲ့ ဝင် ၂၇ နိုင်ငံ ပါရှိသည့်  ဥရောပ သမဂ္ဂ  က မြန်မာ စစ်အစိုးရ အနေဖြင့် ပီယာရို နှင့် အပြည့်အဝ
ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်း ထားသည်။
အီတလီ နိုင်ငံတကာ ကုန်သွယ်ရေး ၀န်ကြီး အဖြစ် လည်း တာဝန် ထမ်းဆောင် ဖူးသည့် ပီယာရို သည်
ဝါရင့် သံတမန် တစ်ဦး ဖြစ်ပြီး ဘော်လကန် ဒေသ နှင့် ဂျော်ဂျီယာ ၊ချေချင်းညာ စသည့် ဒေသများသို့ 
လည်း ကြားဝင်စေ့စပ် သူ သံတမန် တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
အီးယူ သံတမန် များက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပါဝင်မည် မဟုတ်သည့် ရွေးကောက်ပွဲ သည်
အထူးစိုးရိမ်စရာ ကောင်းသည် ဟု ဆိုသည်။
ဥရောပ သမဂ္ဂ  သည် နာဂစ် မုန်တိုင်း တိုက်ခတ်ရာ ဒေသ များ အပါအ၀င် မြန်မာ နိုင်ငံ နှင့် ပတ်သက်၍
ငွေကြေး မြောက်မြား စွာ လှုဒါန်း သော နိုင်ငံတကာ အဖွဲ့ အစည်းကြီး တစ်ခုဖြစ်သည်။
 

0 comments: