Tuesday, April 20, 2010

(၁၀)ကြိမ်မြောက်စုပေါင်းသက်ကြီးပူဇော်ပွဲအခမ်းအနားကို မယ်တော်ဆေးခန်းတွင်ကျင်းပ

ထိုင်းမြန်မာနယ်စပ်၌အစဉ်အလာမပျက်နှစ်စဉ်ကျင်းပသည့် (၁၀)ကြိမ်မြောက်စုပေါင်းသက်ကြီးပူဇော်ပွဲအခမ်းအနားကို မယ်တော်ဆေးခန်း၊ စီဒီစီ ကျောင်းဟောခမ်းမတွင် မြန်မာနှစ်ဆန်တရက်နေ့ ၁၇၊ ၄၊ ၂၀၁၀ ရက်နေမှာ အောင်မြင်စွာနှင့်ကျင်းပပြုလုပ်ခဲပါသည်။ စုပေါင်းသက် ကြီးပူဇော်ပွဲအခမ်းအနားသို့ မယ်ဆောက်ဒေသတွင်းရှိတော်လှန်ရေးအဖွဲ့အစည်းများမှဖိုးဖွားမိဘများနှင့် ရွေ့ပြောင်းမြန်မာအလုပ်သမားများ ၏ဖိုးဖွားမိဘများ စုစုပေါင်း ဖိုးဖွားမိဘ ၄၀၀ ခန့် တတ်ရောက်ပူဇော်ကန်တော့ခံခဲကြပါသည်။ အခမ်းအနားတွင် အဖွင့်နုတ်ခွန်းဆက်စကားများကို ကော်မတီနာယကကြီး ဒေါက်တာစင်သီယာမောင်နှင့် ထိုင်းအာဏာပိုင် မယ်တော်ရပ်ကွက်သူကြီးတို့မှာပြောကြားပေးပါသည်။ စုပေါင်းသက်ကြီးပူ ဇော်ပွဲ ၏ရည်ရွယ်ချက်နှင့် စတင်ကျင်းပပြုခဲပုံတို့ကို ကော်မတီအဖွဲဝင် အကျိုးဆောင် စီဒီစီကျောင်းအုပ်ကြီးမန်ရွှေနှင်းမှ ရှင်းလင်းပြောကြားပေပြီး၊ တတ်ရောက်လာကြသောဖိုးဖွားမိဘတို့အား ကန်တော့ပစ္စည်းများပေးအပ် ကန်တော့ကြခြင်း၊ အမွေးနံသားရည်တို့နှင့် ပတ်ဖြန်ပေးခြင်းတို့ကို ဂါရ၀ထားပြုလုပ်ခဲကြပါသည်။ ဆက်လက်ပြီးတတ်ရောက်လာသည့် ဖိုးဖွားမိဘများကိုယ်စားအဖွား နှစ်ဦးနှင့် အဖိုး နှစ်ဦးတို့မှ ဆုံးမသြ၀ါဒစကားများ ပြန်လည်ပြောကြားပေးပါသည်။ နိဂုံချုပ် ကျေးဇူးတင်စကားကို ကော်မတီအဖွဲဝင် အကျိုးဆောင် ကိုသောင်းတန်ချိုမှပြောကြားပြီးအခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲပါသည်။ အခမ်းအနားမှူးများအဖြင့် ကော်မတီအဖွဲဝင် အကျိုးဆောင် ကိုမောင်မောင်ကြီးနှင့် ကိုအေးလွင်တို့မှ တာဝန်ယူ ပေးခဲပါသည်။ အခမ်းအနားသို့တတ်ရောက်မလာနိုင်သော တော်လှန်ရေးဒေသအသီးသီးမှ ဖိုးဖွားမိဘ ၃၀၀ အတွက်ကိုလည်း ကန်တော့မစ္စည်းများ ကိုပေးပို့ကန်တော့သွားမည်ဖြစ်ပါသည်။ (၁၀) ကြိမ်မြောက်စုပေါင်းသက်ကြီးပူဇော်ပွဲ အောင်မြင်ချောမွေစွာ ကျင်းပပြုလုပ်နိုင်ရန် အလှူငွေများထည့်ဝင်ပေးကြသော မယ်တော် ဆေးခန်း၊ မယ်ဆောက်ဒေသတွင်းရှိ အဖွဲ့အစည်းများ၊ မြန်မာရွေ့ပြောင်းအလုပ်သမားများ၊(အမေရိကန်၊ကနေဒါ၊ နော်ဝေ၊ တောင်ကိုရီယာ၊ ဂျပန်၊ နယ်သာလန်၊ သြစတေးလျှ)နိုင်ငံရောက်မြန်မာမိသားစုများ အားလုံးကို (၁၀)ကြိမ်မြောက်စုပေါင်းသက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ ကျေးဇူးတင်ရှိပါသည်။ အထူးကျေးဇူးတင်ရှိခြင်း--- နိုင်ငံတကားရောက်မြန်မာမိသားစုများမှ အလှူငွေများကို တာဝန်ခံကောက်ခံပေးကြသော ကိုမျိုးဝင်း(ဖို့ဝင်း၊ အမေရိကန်နိုင်ငံ)၊ ကိုသက်နိုင်(ကနေဒါနိုင်ငံ)၊ ဦးဗိုလ်သောင်း(နော်ဝေးနိုင်ငံ)၊ ကိုကျော်စွာလင်း(တောင်ကိုရီယားနိုင်ငံ)၊ ကိုဇေယျာမင်းထွန်း(ဂျပန်နိုင်ငံ)၊ ကိုသန်းထွေး (သြစတေးလျှနိုင်ငံ)၊ ကိုခင်မောင်အေး(နယ်သာလန်နိုင်ငံ) တို့အား ဖြစ်မြောက်ရေးကော်မတီမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ (၁၀) ကြိမ်မြောက်စုပေါင်း သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ထိုင်းမြန်မာနယ်စပ် ပေးပို့သူ ကိုဇေယျာမင်းထွန်းအားကျေးဇူးတင်ပါတယ်။

0 comments: