Saturday, April 10, 2010

မြန်မာ အလုပ်သမ တစ်ဦး ကြံစည် ခံရခြင်းမှ ကံကောင်းစွာ လွတ်မြောက်



ဘန်ကောက်မြို့ တလိန်ခြမ်း၊ ကျောက်ဖုယား ရပ်ကွက် လမ်းသွယ် ၄ ရှိ ဘလက်ဖလားဝါး အထည်ချုပ် စက်ရုံ တွင် အလုပ် လုပ်ကိုင် နေကြ သည့် မြန်မာ အလုပ် သမားက မြန်မာ စက်ချုပ် အလုပ်သမငယ် တစ်ဦးအား အဓ္ဓမ ပြုကျင့်ရန် ကြံစည် အားထုတ်ရာ အော်ဟစ် ရုန်ကန် သဖြင့် လွတ်မြောက် လာခဲ့သည်။ အဆိုပါ အလုပ်ရုံတွင် အလုပ် ၀င်ရောက်ပြီး ၃ ပတ်သာ ရှိသေးသည့် အသက် ၂၇ နှစ် အရွယ် မxxx က လုပ်ငန်းရှင် ပေးထာသည့် အခန်းတွင် တစ်ဦးတည်း အိပ်နေစဉ် ဧပြီလ ၈ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့် တွင် အလုပ်ရုံ အတူတူ လုပ်ကိုင်သည့် အသက် ၃၀ ကျော်အရွယ် ကရင် အလုပ်သမား ကိုဆေးလီ က သူမ အနီးသို့ ရောက်ရှိ လာစဉ် လန့်နိုး သွားခဲ့သည်။

မxxx က ပါတ်ဝန်းကျင်သို့ အော်ဟစ် အကူ အညီ တောင်းစဉ် ပါးစပ် နှင့် လက်တို့ ကို အတင်း ချုပ်ကိုင် ထားသော်လည်း မxxx မှာ ခွန်အား ပြည့်စုံသည့် အရပ် အမောင်းနှင့် ခန္ဓာ ရှိသူ ဖြစ်သဖြင့် အဓ္ဓ ပြုကျင့်ရန် ကြံစည်သူ မှာ ထွက်ပြေး သွားခဲ့သည်။ တလိန်ခြမ်း အရပ်ရှိ စားသောက်ဆိုင် တစ်ခုတွင် အလုပ် လုပ်ကိုင် သည့် မြန်မာ မိတ်ဆွေ တစ်ဦးအား အကူ အညီ တောင်းခံ သဖြင့် ချက်ခြင်း သွားရောက် ခေါ်ယူ လာခဲ့သည်။ ပျဉ်မနား အနီးရှိ ရွာ တစ်ရွာမှ ဖြစ်သော မxxx က “ အခန်း တံခါး ဂျက် မကျတာ ၂ ရက် ရှိပြီ၊ ကျမကလည်း ဘာမှ မဖြစ် လောက်ဘူး၊ ဗမာတွေ ၁၀ ယောက် လောက် စုပြီး အနီး အနား နေကြ တာပဲ ဆိုပြီးတော့ နေတာ မှားသွားတယ်၊ အဲဒီေ ဆးလီ ဆိုတဲ့ ကရင် မှာ မိန်းမ ရှိပါတယ်။ အိမ်အကူ အလုပ် ပါတယ်၊ တစ်ခါ တစ်လေ လာတတ် ပါတယ်၊ အကုန်လုံး နီးပါး အိမ်ထောင်နဲ့  ပါ။ ကျမ လူလွတ် တစ်ယောက် အနေနဲ့ ဝတ်တာ စားတာ ကအစ အထူး ဂရု စိုက် ပါတယ်၊ မြန်မာ အချင်းချင်း ခုလို ပက်ပက် စက်စက် တော့ မလုပ်

သင့်ဘူး ထင်ပါတယ်” ဟု ပြောသည်။ ဘန်ကောက်မြို့  အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်းသို့ အဆိုပါ ပျဉ်းမနား အနီးရွာသူ သူ့ မိတ်ဆွေက အကူ အညီတောင်း သဖြင့် လိုအပ်သည်များ ကူညီ ဆောင်ရွက် နိုင်ရန် ယမန်နေ့  နံနက် ပိုင်းကတည်းက လာရောက် ပို့ ဆောင်ခဲ့သည်။ အဆိုပါ အလုပ် ရုံတွင် အသက် ငယ်ငယ် ဗမာ အမျိုးသမီးငယ် တစ်ဦးအား ကိုဆေးလီ နှင့် ကရင် ၃ ဦးတို့ ဝိုင်းဝန်းပြီး ဖျက်ဆီး ခံခဲ့ရသည်။ မိန်းကလေး မှာ ကိုယ်ဝန် ရှိလာ ခဲ့ပြီး လက်ထပ် ပေါင်းသင်း မည့်လူ မရှိ သဖြင့် မြန်မာပြည် နေရပ် ရင်းသို့ ပြန်သွားခဲ့ ရဖူးကြောင်း အလုပ်ရုံ မှ ဗမာ လင်မယား ၂ ဦး က ပြောပြ သည်။ အသင်း၏ အမျိုးသမီး ရေးရာ တာဝန်ခံ ဒေါ်သက်သက်ဦး က “ တရားခံလို့ ယူဆရ သူကို ဥပဒေ ကြောင်း အရ တရားစွဲဆို နိုင်မလားလို့ ကြည့်တဲ့ အခါ ကောင်မလေးမှာ နေထိုင် အလုပ် လုပ်ကိုင်ခွင့် ဘတ်က သေနေပြီ။ နောက်တစ်ခုက အဲဒီ ဆေးလီ ဆိုတဲ့ လူလို့ ပြောရအောင် ဘာသက်သေမှ မကျန်ခဲ့ဘူး၊ ထိရောက်တဲ့ ကူညီ ပေးနိုင်မှု ကိုလည်း ကျမတို့ ပေးဖို့ ခက် ပါတယ်၊ ဘန်ကောက်မြို့ မှာ တကယ့် တကယ် အခက် အခဲ ကြုံလာလို့ ရှိရင် ထိထိရောက်ရောက် ကူညီ ပေးတဲ့ အဖွဲ့ က မရှိဘူးလို့ ပြောလို့ ရပါတယ်၊ ကျမတို့ က ငွေရှိတဲ့ အဖွဲ့ မဟုတ်ဘူး။ ရှေ့ နေ ရှိတဲ့ အဖွဲ့  မဟုတ်ဘူး။ ဘာ ကူညီ ပေးနိုင်လဲ ဆိုရင် ၊ အဓ္ဓမ ပြုကျင် ခံခဲ့ရသူ တွေကိုပဲ ဖြစ်ဖြစ် ဒီလို ဖြစ်လာတဲ့ ကောင်မလေးတွေ ကိုပဲ ဖြစ်ဖြစ် ကျမ အခန်းမှာ ထားတယ်၊ စိတ်ပိုင်း ဆိုင်ရာအား ရှိအောင် ကျမတို့ က ပြောပြတယ်၊ ကျမ စားသလို ကျွေးတယ်၊ မလိုလား အပ်တဲ့ ကိုယ်ဝန် ဆောင်မှုတို့ ၊ မလို အပ်တဲ့ေ ရာဂါတွေ ကူးစက်မှု ကို ကာကွယ် နိုင်အောင် ဆေးရုံ တွေကို လိုက်ပို့ ပေးတယ်၊ အားပေး စောင့်ရှောက်တယ်၊ အလုပ်ရှာ ပေးတယ်” ဟု ပြောသည်။ ၂၀၀၈ ခုနှစ် နှင့် ၂၀၀၉ ခုနှစ် တို့ တွင် ဘန်ကောက်မြို့ နှင့် အနီး ပတ်ဝန်း ကျင်မှ မြန်မာ အိမ်တွင်း အလုပ် သမား ငယ်များ အား အိမ်ရှင် များက အဓ္ဓမ ပြုကျင့်ခြင်း ခံရသူပေါင်း ၈ ဦးထက် မနည်းကိုဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်းက ကူညီ စောင့်ရှောက်မှု ပေးနိုင် ခဲ့သည်။ ၂၀၁၀ ခုနှစ် အတွက် ယခု ဖြစ်စဉ်မှာ ပထမဦးဆုံး ဖြစ်ကြောင်း ဒေါ်သက်သက်ဦးက ပြောဆို သွားသည်။
source။။ဟံသာဝတီ

0 comments: