Sunday, April 11, 2010

"ရွှေပြည်ဝေးမဏ္ဍပ် ၂၀၁၀သံချပ်များ"













(အဖွင့်တီးလုံး)
တုံ ခြမ်း ချမ်း… တုန် ချန်း ခြန်း… တုမ် ချမ်း ခြမ်း….။
ဒို့လူလေးများ ဆိုသလေး… ဝေ လေလေ… ဝေ လေလေ..။
သင်္ကြန်တကြိမ် ရောက်ပြန်ပြီ… သံချပ်တွေနဲ့ နွှဲကြဦးစို့ ။
ရွှေပြည်ဝေးတို့ပျော်ကြမယ်ဘလော့ဂ်ပေါ်မှာပဲ သင်္ကြန်ပွဲနွဲစို့ ။

ရွှဲရွှဲစိုအောင်လောင်းပါဗျာရေမချိုးရတာ အတော်ကြာသမို့ ။
မီးမလာလို့ ရေမရှိပါ… လေနဲ့လောင်းမယ် ကျေနပ်မှာလား ။
ရေမလောင်းရင်လည်း ရပါတယ်လေရွှဲရွှဲသာ လောင်းလိုက်ပါဗျ။

မီးစက်တွေတော့ရှိပါတယ်…ဓါတ်ဆီဖိုးက မတတ်နို်င်ဘူး ။
ဓါတ်ဆီမရှိလည်း ရပါတယ်…. ကြက်ဆူပင်နဲ့ မီးစက်ဖွင့်စို့ ။
ကြက်ဆူပင်လည်း မရှိတော့ပါ… ဆူနေတာက ချုပ်ကြီးတို့ပဲ ။
ဆူဆူပူပူ မလုပ်နဲ့နော်ဗိုလ်ဂျုပ်ကြီးတွေ ကြိုက်ဖူး ကြိုက်ဖူး ။
မကြိုက်ရင်လည်း မတတ်နိုင်ပါ… ဆူစရာရှိရင် ဆူရမှာပဲ ။

ရွှေပြည်ဝေးတို့ သတိထားနော်… လမ်းပြမြေပုံ အထိအခိုက်မခံဘူး ။
မြေပုံကြိုက်တဲ့ ချုပ်ကြီးတွေမြေပုံထဲသာ ၀င်နေလိုက်တော့ ။
သန်းရွှေလားသိန်းစိန်လား...ခွေးပိန်လား....ဟေး...လား..မောင်..ရို့ ဝါး…။

ထုံချမ်ချမ်...ထုံချမ်ချမ်...ထုန်ခြမ်ခြမ်...ထုမ်ချန်ချန်...
၂၀၁၀ ရောက်လို့လာ…တိုင်းပြည်ထဲမှာ ပွစိ..ပွစိ ။
ရွေးကောက်ပွဲကြီး လုပ်လိမ့်မယ်လာပြန်ပြီလား ဒီရွေးကောက်ပွဲ ။








(Hmoo)
ရွေးကောက်ပွဲကြီးနိုင်မဲ့လူ.... သိပြီးသားပါ မစခင်က ။
ရွေးကောက်ပွဲကြီး ဘယ်သူပြိုင်ပြိုင်....အနိုင်ရသူ ကိုသန်းရွှေဘဲ ။
ဒုံချပ်ချပ်....ဒုံချပ်ချပ်....
ပြည်သူအားလုံး မြင်

နေတာ.....မဲပုံးတွေမှာ သန်းရွှေပုံ ခွက် ။
လူတိုင်းလူတိုင်း နှမျောစွာ....ထည့်ပေးလိုက်တယ် ဖိနပ်တဖက် ။
ဒုန်းချပ်ချပ်...ဒုံးချပ်ချပ်...







( ကလူသစ် )
သံချပ်မောင်တို့.......လာချေပြီ
ရွှေပြည်ဝေးမှာ.....ရင်ဖွင့်ကြစို့ ။
တနှစ်အတွင်းမှာ...ကောင်းဆိုးနှစ်ဖြာ
ဆောင်ပါ ရှောင်ပါ....စဉ်းစားနိုင်ဖို့ ။
ရိုးရာယဉ်ကျေးမှု....ထိန်းသိမ်းပါ
အာဏာရှင်တွေ....သံကောင်းဟစ်ကြ ။
ဥာဏ်နဲရှာတော့.....ဆတ်ဆတ်ခါနာ
သံချပ်ဆရာတွေ....အင်းစိန်ကိုပို့ ။
သံချပ်ဆိုတာ..... မြန်မာ့ရိုးရာ
သူမပါရင်....သင်္ကြန်မမည်ဘူး ။
သင်္ကြန်အပဲ့လေး....ညည်းရှာတယ်
သေသော်မှသည်...ကောင်းသေး၏ တဲ့ ။
ဒိန်း တတ်တပ်.....ဒိန်း တပ်တတ်...







(အမည်မသိ စာဆို)
ဗိုလ်ချုပ်ကြီးတို့ ပျင်းတဲ့အခါ....
နွှဲကြဦးမယ် ရွေးကောက်ပွဲအသစ် ။
ပြည်ပကလည်း မတတ်နိုင်ပါ.....
အော်ဟစ်ဆဲမယ် ဒီရွေးကောက်ပွဲ ။

အန်အယ်ဒီလည်း မ၀င်နိုင်တာ....
ဒီ အပေါစား ရွေးကောက်ပွဲပဲ ။

ရွေးကောက်ပွဲကြောင့် အသင်းပျက်ပြီ....
အသွင်ပြောင်းမယ် လူမှုအသင်း ။

သံချပ်မောင်တော့ မောရှာပြီ.....
တတ်နိုင်တာပဲ လုပ်ဦးမယ်ကွဲ့  ။
"ဆုတောင်းလိုက်တယ်... ဗိုလ်ရွှေသေဟဲ့ " ။

တုံတုံတုံ ချမ်း......








(သက်ဝေ)
သင်္ကြန်ချိန်ခါ ရောက်လို့လာ…. ရွှေပြည်ဝေးမှာ တူတူပျော်စို့…
သင်္ကြန်ချိန်ခါ ပျော်စရာ… သံချပ်ထိုးတာ ရိုးရာဓလေ့…ရွှေပြည်ဝေးရဲ့ စေတနာ…. ကြွလာသူတွေ ပျော်ဖို့ ရွှင်ဖို့….
ရွှေပြည်ဝေးရဲ့ မေတ္တာတွေ.… လူတိုင်း ကိုယ်စီ ရကြစေသား…ရွှေပြည်ဝေးရဲ့ စေတနာ.… မုန့်လုံးရေပေါ် ကုလားအော်နဲ့…
ရွှေပြည်ဝေးရဲ့ မေတ္တာတွေ… ကောင်မလေးတွေ ရှေ့ကို လာခဲ့…
(သင်္ကြန်ရေ အေးအေးလေး လောင်းမလို့ပါဗျာ… တလွဲမတွေးပါနဲ့…)
ရွှေပြည်ဝေးကို ချစ်တယ်ဆို…. ဂျော်နီအပြာ ယူလာခဲ့ကြ….
ရွှေပြည်ဝေးက မေတ္တာဝေ…. ကောင်မလေးတွေ အားလုံးအတွက်…
(ပိတောက်ပန်း လက်ဆောင် ဝေပေးမလို့ပါ… ခွိ… ခွိ…)
ဝိုင်းစုခိုင်သိန်း လာမယ်ဆို… အကိုတို့မှာ ရင်တွေခုန်ကြ…
ဝိုင်းစုခိုင်သိန်း လာမယ်ဆို… ရှေ့ဆုံးတန်းမှာ ဘယ်သူတွေလဲ…
(ဟာ… ဟိုမှာ ကလူသစ်ကြီးပါလားဗျို့…)
ကဲ… ကဲ… ရွှေပြည်ဝေးက အကိုတော်တွေ အကြိုက်တွေချည်း ပြောနေလို့ မဖြစ်သေးဘူး…
ကျွန်တော်တို့ ရွှေပြည်ကြီး အကြောင်းလေးလည်း သိရသလောက်လေး ဖေါက်သည်ချချင်
ပါသေးတယ်ဗျ…။

ဒုံခွပ်ခွပ်....ဒုံခွပ်ခွပ်....ဒုံ ခွပ်ခွပ်.....ဒုံ ဒုံ ခွပ်......
ရန်ကုန်မြို့ကြီး မီးမလာ.... နေပြည်တော်မှာ လင်းလို့ ထိန်လို့…
တိရိစ္ဆာန်ရုံ ဟိုပြောင်းတာ… နေပြည်တော်မှာ လင်းလို့ ထိန်လို့…
ရန်ကုန်မြို့ကြီး မီးမမှန်… မီးစက်ကိုသာ အားကိုး အားကိုး…
သင်္ကြန်ရက်လည်း ရေမလာ… မီးစက်ကိုသာ အားကိုး အားကိုး…ဈေးဆိုင်ကြီးတွေ မီးတွေလောင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့…
တဲပေါ်ကလူ တိုက်ပေါ်တင်… နေရာကောင်းတွေ သိမ်းဖို့ သိမ်းဖို့…
(တို့မီး ရှို့မီး… အလို မရှိ…. တို့မီး ရှို့မီး… အလို မရှိ.…)ဂုဏ်ထူးဆောင်တဲ့ ချုပ်ကြီးတွေ… နေပြည်တော်ဆို ပိုက်ဆံဖြုန်းကြ…
လက်လုပ်လက်စား လူများမှာ… ဆန်ပြုတ်ကိုတောင် နပ်မမှန်တဲ့…သံရုံးတွေမှာ အခွန်ဆောင်… နေပြည်တော်ကို လှူဖို့ တန်းဖို့…
တလ တခါ အခွန်ဆောင်… လူကြီးလာရင် ဆေးဘိုး ဝါးခ…

( ပြောရအုံးမယ်ဗျ…. ကျွန်တော်တို့ ရန်ကုန်မြို့ကြီး မှာလေ… )သုံးနိုင်သူတွေ မိုဘိုင်းလ်ဝယ်… ဖုန်းပြောနေရင် ခေါင်းမလှုပ်နဲ့…
မိုဘိုင်းလ်ဖုန်းတွ ကိုယ်စီကိုင်လမ်းမပေါ်မှာ ထွက်အော်ပြောကြ…
(မကြားရဘူးဗျို့… ကျယ်ကျယ်ပြောပါ…)ဖုန်းဘိုးတသောင်းပေးရရင်… ဟဲလို အတွက် ခုနှစ်ထောင်တဲ့…
ဖုန်းဘိုးတသောင်း ပေးရရင်… ကြားလား အတွက် ခုနှစ်ထောင်တဲ့…
(ဟဲလို… ဟဲလို… ကြားလား… ကြားရလား…)
Without ကားတွေ သိပ် တွင်ကျယ်… နံပါတ် လှတာ ရွေးကာ စီးကြ…
ကားပါမစ်တွေ ချပေးမည်… ပြောနေကြတာ ကြာ.. ကြာလှပေါ့…
ရွေးကောက်ပွဲကြီး နီးလို့လာတခါလာလည်း မဲပြာ ပုဆိုး…
ရွေးကောက်ပွဲကြီး နီးလို့လာ… ပြောကြစမ်းပါ ဘာထူးမှာလဲ…
နောက်နှစ်သစ်ကို မကူးခင် ကောင်းမှု ကုသိုလ် အထူးပြုကြ
နောက်နှစ်သစ်ကို မကူးခင်… မကောင်းတာတွေ ဖယ်ကာရှားကြ…
မကောင်းတာတွေ ဖယ်ရှားချင်တောထုတ်ကြတာ မြန်မာဓလေ့…
ရွေးကောက်ပွဲကြီး နီးလာပြီ… တောထုတ်ကြတာ မြန်မာဓလေ့…
မကောင်းဆိုးဝါး အကောင်တွေသံပုံးတီးကာ တောထုတ်ကြစို့…
ရွေးကောက်ပွဲကြီး နီးလာပြီ… သံပုံးတီးကာ တောထုတ်ကြစို့…
မကောင်းဆိုးဝါး အကောင်တွေသံပုံးတီးကာ တောထုတ်ကြစို့…
သံပုံးတီးကာ တောထုတ်ကြစို့… မကောင်းဆိုးဝါး အကောင်တွေ…
မကောင်းဆိုးဝါး အကောင်တွေ… သံပုံးတီးကာ တောထုတ်ကြစို့…

(သံပုံးတီးသံ ဆူဆူညံညံဖြင့် သံချပ်ကို သိမ်းပါရန်… … …)








(အမည်မဖေါ်လိုသူ "ပန်ဒိုရာ" )
ဒုံချပ်ချပ်....ပလုံစွပ်စွပ်....ဒုံချပ်ချပ်....ပလုံစွပ်စွပ်..
(ချင်ကာပူမှာ ရေချွေတာရသဖြင့် သင်္ကြန်သံက "ပလုံစွပ်" သာထွက်ပါသည်။)
နှစ်သစ်ကူးချိန်ရောက်လို့လာ ..... ရွှေပြည်ဝေးမှာ လူပေါင်းမှားပေါ့ ။ (အဲလေ.. )
နှစ်သစ်ကူးချိန်ရောက်လို့လာ.... ရွှေပြည်ဝေးမှာ ဆုံကြပါစို့။
သံချပ်ရေးရင်း ကြောက်ဒူးတုန်....နိုင်ငံရေးဆို ဝေးဝေးရှောင်မှ ။
နှစ်ထောင့်တစ်ဆယ် အလွန်မှာ....ပွင့်လာတဲ့အခါ ပြန်ချင်လို့ပေါ့ ။
(ဟော.. ပွင့်လာပြီ ၊ ပွင့်လာပြီ……(((((( ဗွမ်း))))) )
(ဟဲဟဲ.. မကြောက်ပါနဲ့ ရေသေနတ်ကို မိုးပေါ်ထောင်ပစ်လိုက်တာပါ)

ဒုံချပ်ချပ်....ပလုံစွပ်စွပ်...ဒုံချပ်ချပ်....ပလုံစွပ်စွပ်..
စီးပွားဈေးကွက် ခေတ်ပြောင်းမှာ....လုပ်ခွင့်မရမှာ ကြောက်လှတာပေါ့ ။
ပုဂ္ဂလိက ရွှေခေတ်မှာ....ပါမစ်မရမှာ စိုးရိမ်တာပေါ့ ။
ဆေးရုံ၊ကျောင်း၊လမ်း၊ဆိပ်ကမ်းတွေ....အနော်တို့ကိုလည်း ခွဲပေးဦးနော့ ။
လယ်ယာ၊သစ်တော စက်ရုံတွေ....အနော်တို့ကိုလည်း ခွဲပေးဦးနော့ ။
(ဟဲဟဲ.. ဟဲဟဲ.. မျက်နှာချိုသွေးထားတာ)
တိုးတက်ဖွံ့ဖြိုး မြန်မာပြည်....ချီတက်နေပြီ ရှေ့သို့ရှေ့သို့ ။
စီးပွားပိတ်ဆို့ တို့မမှုပါ....ဘဏ်ထဲမှာလေ အပြည့်အပြည့် ။
(ဘယ်သူ့ ဘဏ်အကောင့်မှာတုန်း)
(တယ်.. တိတ်တိတ်နေစမ်း)
ဓာတ်ငွေ့ထွက်တာ တို့မမှုပါ....ရောင်းပလိုက်စမ်းပါ တရုတ် ကုလား ။
သဘာဝမြစ်ချောင်း ပိတ်ဆို့လေ....ရေအားလျှပ်စစ် လာတော့မှာပဲ ။
၂၄နာရီ ကျေးရွာတခွင်....မီးလင်းချင်ရင် မဲ..သာပေးကြ ။
လမ်းပန်းဆက်သွယ် ဖြောင့်ဖြူးရွှင်....စည်ပင်ချင်ရင် မဲ…သာပေးကြ ။
(အဲဒါ.. အကြပ်ကိုင်တာလားဟင်…)
( ဟဲ့.. ရှူး.. တိုးတိုး)
ကဲပါလေ… ဗိုလ်ချုပ်တို့အကြောင်း ဝေးဝေးရှောင်....
ခေါင်းဆောင်တွေဘက် လှည့်ကြပါစို့ ။

ဒုံချပ်ချပ်....ပလုံစွပ် စွပ်..
ခေါင်းဆောင်တွေလည်း အသက်ရှည်....လုပ်နိုင်ပါစေ တော်လှန်ရေးကြီး ။
တော်လှန်ရေးကြီးလည်း အသက်ရှည်....လုပ်နိုင်ပါစေ ခေါင်းဆောင်ကြီးများ ။
(အဲ.. ဒါကတော့ သိပ်ဟုတ်သေးဘူးထင်တယ်)
နီးရာဓါးလည်း ကြောက်ပါသဗျို....သူတို့ကိုလည်း ပြောရဲပါဘူး ။
ရဲရဲတောက်တို့ အမြင်မကြည်....ရန်သူဖြစ်မည် ကြောက်လှချည်ရဲ့ ။
(ဘာ.. ဘာ.. မင်းက ဘာကောင်လဲကွ… ဟိုမှာ ပါဖူးလို့လား.. ဟိုထဲ ၀င်ဖူးလို့လား ။ သမိုင်းရှိသလား။အုတ်ကျင်းရှိသလား ။ အင်းစိန်ရှိသလား.. ဟမ်)

သံချပ်ဆိုတာ ရယ်စရာ....အမြင်မတော် ထောက်ပြဖို့တဲ့ ။
ဒါပေမဲ့လည်း ပြည်သူခမျာ....ဆူးကြားထဲက ဘူးခါးတွေပေါ့ ။
(အနော်တို့က သာမန်ပြည်သူတွေပါ)
ခေတ်ကျပ်ထဲက သင်္ကြန်မှာ....သံချပ်ရေးစရာ ရှိတော့ပါဘူး ။
သံချပ်ရေးစရာ ရှိတော့ပါဘူး......။
ဘူး..ဟူး..ဟူး.. ဘူးဟူးဟူး....
(ငိုသံများဖြင့်အဆုံးသတ်.. အဟတ်)
ဒုံချပ်ချပ် ....ပလုံစွပ်စွပ်..
ဒုံချပ်ချပ်.... ပလုံစွပ်စွပ်..

( အမည်မဖေါ်လိုသူ ပါဒိုရန် က ရုပ်ဖျက်ရေးသားပါသည်။ )http://blueskyforest.blogspot.com

0 comments: