နေပြည်တော်
ရှိ ပြည်သူ့ လွှတ်တော် အဆောက် အအုံ တည်ဆောက်ရေး စီမံကိန်း ကို ACE
ဆောက်လုပ်ရေး ကုမ္ပဏီ က တာဝန်ယူ တည်ဆောက် လျက် ရှိရာ ၂ဝ၁ဝ ပြည့်နှစ်
နှစ်လယ် ဇူလိုင်၊ သြဂုတ်လ တွင် အဆောက် အအုံ အားလုံး ပြီးစီး နိုင်မည်
ဖြစ်ကြောင်း ACE ဆောက်လုပ်ရေး ကုမ္ပဏီ မှ စီမံကိန်း ဒါရိုက်တာ ဦးချမ်းသာ က
ပြောကြား သည်။၂ဝဝ၂ ခုနှစ် ကတည်းက ကြိုတင် တည်ဆောက် ခဲ့သည့် အဆိုပါ
နေပြည်တော် လွှတ်တော် တွင် သမ္မတ နားနေ ဆောင်၊ ဒုတိယ သမ္မတ နားနေ ဆောင်၊
ဝန်ကြီးချုပ် အဆောင်၊ ပြည်ထောင်စု လွှတ်တော် အဆောင်၊ အမျိုးသား လွှတ်တော်
အဆောင်၊ ပြည်နယ် နှင့် တိုင်း အလိုက် အဆောင် ပင်မ အဆောင်၊ အစည်း အဝေး
ခန်းမဆောင်၊ ဧည့်ကြိုဆောင်၊ စားသောက်ဆောင် စသည့် အဆောက် အအုံ ၃၁ လုံး
ပါဝင်ကြောင်း၊ အဆောက် အအုံ ဒီဇိုင်း ပုံစံများကို ပုဂံခေတ် မြန်မာမှု
အနုပညာ လက်ရာ များဖြင့် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်း
ပြောကြား သည်။အဆိုပါ လွှတ်တော် အဆောင် တစ်ခုချင်း အမည်ကို အင်္ဂလိပ် အက္ခရာ A မှ J အထိ သတ်မှတ် ခေါ်ဝေါ်ပြီး အနိမ့်ဆုံး တစ်ထပ် ဆောင်မှ အမြင့်ဆုံး လေးထပ်ဆောင် အထိ ပါရှိကြောင်း၊ လွှတ်တော် အဆောက် အအုံ A, B, D, J အဆောင် များမှာ လေးထပ် အဆောင်များ ဖြစ်ပြီး အမြင့်ဆုံး အဆောင် မှာ ၅ဝ ပေ ၈ လက်မ ရှိကြောင်း စုံစမ်း သိရှိ ရသည်။
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသို့ ကြိုးတံတား နှစ်ခုမှ ဝင်ထွက် သွားလာ နိုင်သလို ကြိုးတံတား ထိပ်တွင် မုဒ်ဦး နှစ်ခုကို တည်ဆောက် ထားကြောင်း ၊ လွှတ်တော်မြေ ဧရိယာ အကျယ် အဝန်း မှာ ၈၁၅ ဧက နှင့် လွှတ်တော် အဆောက် အအုံ များမှာ ၃၈၆ ဧက ရှိပြီး လွှတ်တော် အဆောက် အအုံ တစ်ခုနှင့် တစ်ခု ကူးသန်း သွားလာ နိုင်ရန် စင်္ကြံ လမ်းများ ဖောက်လုပ် ထားကြောင်း ဧပြီလ (၅) ရက်နေ့ထုတ် The Voice ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

0 comments:
Post a Comment