Showing posts with label ရုပ်သံ(သတင်း). Show all posts
Showing posts with label ရုပ်သံ(သတင်း). Show all posts

Tuesday, August 06, 2013

ကလေး/လူကြီး မချန်တဲ့ မြန်မာ့မုဒိန်းတပ်မတော်



Thursday, April 18, 2013

အမေစု ဂျပန်ခရီးစဉ်(ရုပ်သံဖိုင်များ)


အမေစုအား ကျိုတို ရုကိုးကုတက္ကသိုလ် (Ryukoku University) မှကြိုဆိုစဉ်။(ရုပ်သံ


ဒေါ်အောင်ဆန်းစုကြည် ကျိုတိုမြို့ရှိမြန်မာနိုင်ငံသားများနှင့် တွေ့ဆုံပွဲ။(ရုပ်သံ)


ဒေါ်အောင် ဆန်းစုကြည်နှင့် တိုကျိုမြန်မာမိသားစုတွေ့ဆုံပွဲ။ (ရုပ်သံ)


Type your summary here.

Sunday, April 14, 2013

ANN NEWS Channel၏ အမေစုရုပ်သံသတင်း




Type your summary here.


Sunday, December 02, 2012

စစ်ကိုင်းရှိ သြဝါဒ ခံယူပွဲ ပြည်သူလူထု၏ တုန့်ပြန်သံများ(ရုပ်သံ)



 
Ko Htike ထံမှရှယ်သည်....

စစ်ကိုင်းရှိ သြဝါဒ ခံယူပွဲ
စစ်ကိုင်းတွင် (သူတို့ အဆို) သြဝါဒ ခံယူပွဲ ပြုလုပ်နေစဉ် တက်ရောက်ခဲ့သော ပြည်သူလူထု၏ တုန့်ပြန်သံများ ...

(အသံကို ဘီဘီစီမှ ရယူပြီး ... ဓါတ်ပုံများကို ဘီဘီစီနှင့် Eleven media တို့မှ ကူးယူပါသည်။)
.

Wednesday, September 19, 2012

ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်မြို့ တော်၌ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့်အတူ ပူးတွဲ မိန့်ခွန်း တစ်ရပ် ပြောကြားခဲ့





လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရေး ခက်ခဲစွာထိခိုက်ပျက်စီးလွယ်မှုကြားကနေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ရတဲ့ အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူအဆောက်အဦးမှာ ယခု စတင်ဟောပြောနေပြီ ဖြစ်ပါသည်။
နားဆင်ကြည့်ရှုရန် -

http://www.usip.org/newsroom/webcasts
.

Thursday, August 09, 2012

၈.၈.၈၈အရေးတော်ပုံ ၂၄ နှစ်မြောက် အခမ်းအနား ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်ခဲ့

by BurmaVJMedia
၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးလိုလားသူများမှ ဦးစီးပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ နံနက် ၉း၀၀ နာရီကနေ ၁၁း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားမှာ ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေအတွက် ရည်စူးပြီး သံဃာတော် ၄၄ ပါးကို ဆွမ်းနဲ့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားကို ဒီမိုကရေစီရေးမှာ လှုပ်ရှားပါဝင်ခဲ့ကြတဲ့ ပြည်သူလူထု စုစုပေါင်း အယောက် ၁ ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
.

Thursday, August 02, 2012

ဘင်္ဂလီတစ်ဦကို စစ်ဆေးမေမြန်း

ဖေ့ဘုတ်မှရှယ်သှ်

Sunday, July 01, 2012

အမေစုပြန်လာပြီ

အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူလူထုများမှ လေဆိပ် ဝဲယာ လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။ အလားတူပင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ရှေ့တွင်လည်း ပြည်သူလူထုမှ လာရောက်စောင့်ဆိုင်း ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုအား ပြန်လည် နှုတ်ဆက်ခဲ့ပါသည်။ ရုပ်သံ၊သတင်း။ ။Burma VJ Media.

Thursday, June 07, 2012

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြား



by DVBBurmese
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။ ဇွန်လ(၆)ရက် နေ့လယ်(၁၁)နာရီက ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောကြားလိုက်တာဖြစ်ပါ တယ်။ အဲဒီပဋိပက္ခတွေ စတင်ဖြစ်ပွားချိန်မှာ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူတာမျိုး မရှိခဲ့တာကြောင့် အခုလို မလိုလားအပ်တဲ့ပဋိပက္ခတွေ ထပ်ဖြစ်လာရတာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါအပြင် ဒီပဋိပက္ခတွေမှာ လှုံဆော်နေတဲ့သူတွေများရှိမလားလို့ သံသယဖြစ်မိတယ်လို့လည်း ပြောကြားခဲ့ပါ တယ်။
.

Tuesday, June 05, 2012

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်(ရုပ်သံ)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေ အပြည့်အစုံနှင့် နိုင်ငံတော် အစိုးရက တရားဥပဒေ နှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ယနေ့ည နိုင်ငံပိုင် ရုပ်သံမီဒီယာများ၏ သတင်းအစီအစဉ်တွင် နောက်ဆုံးပိတ် သတင်းများအဖြစ် ထည့်သွင်း ကြေညာသွားခဲ့သည်။
ထုတ်ပြန်ခဲ့သော သတင်းများအရ မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသခံ မသီတာထွေးအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် ဘင်္ဂါလီ လူမျိုး အစ္စလာမ် ဘာသာဝင် သုံးဦးကို လုံခြုံရေး အခြေအနေရ ကျောက်ဖြူထောင်၌ ပြောင်းရွှေ့ ထိန်းသိမ်းထားကြောင်း၊ အဆိုပါ အမှုကို အမြန်ဆုံး တရားစီရင်သွားမည် ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် ရဲမှူးကြီးတို့က ဒေသခံများသို့ ကတိပေး ပြောကြားခဲ့သည်။

ထို့နောက် တောင်ကုတ်မြို့တွင် ဇွန်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်စလင် ဘာသာဝင် ကုလားလူမျိုး ဆယ်ဦး အသတ်ခံခဲ့ရသည် ဖြစ်စဉ်တွင် ကျူးလွန်သူများကို ထိုက်သင့်သည့် အပြစ်ဒဏ် ချမှတ်နိုင်ရန် အမြန်ဆုံး စီရင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ယင်းတို့၏ အလောင်းကို ယနေ့ညနေက သဂြိုဟ်ပြီးစီး ခဲ့ကြောင်း၊ ဒေသတွင်း အခြေအနေမှာ ယနေ့ည ၆ နာရီခန့်တွင် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။

ထို့အတူ ဇွန်လ ၃ ရက်နေ့ ည ၁၀ နာရီခန့်က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည် အမှတ် ၁ ရဲစခန်းအား လူစုလူဝေးဖြင့် ဝိုင်းအုံခဲ့မှုတွင် ရဲတပ်ဖွဲ့ဝင်များက မိုးပေါ်ထောင်ပစ်၍ ခြောက်လှန့်ခဲ့သော်လည်း လူစုမကွဲသဖြင့် ည ၁ နာရီခန့်တွင် မျက်ရည်ယိုဗုံးများ အသုံးပြု၍ လူစုခွဲခဲ့ရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆူပူအကြမ်းဖက်သူများကို တရားဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း ထည့်သွင်း ကြေညာသွားသည်။

(အထက်ဖော်ပြပါ သတင်းများမှာ နိုင်ငံပိုင် မီဒီယာများမှ ထုတ်ပြန်ချက်ကို ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။)
သတင်း။ ။The Voice Weekly
ရုပ်သံ။ ။မြတ်ဘုန်းလင်း
.

Sunday, June 03, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မယ်လဒုက္ခသည်စခန်းသို့ ခရီးစဉ်၊



ဒေါ်အောင်ဆန်းစုကြည်၏ မယ်လဒုက္ခသည်စခန်းသို့ ခရီးစဉ်၊ (ဇွန်လ ၂ရက်နေ့ ၂၀၁၂ခုနှစ်)
ကရင်သတင်းဌာနမှ တင်ဆက်သည်။ www.kicnews.orgသို့လဲ ၀င်ရောင်ကြည့်ရှုနိုင်ပါသည်။.

Wednesday, May 30, 2012

ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်ရောက်ရှိ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ် အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို မနေ့က ထွက်ခွာသွား ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့ မှာ ဒီကနေ့ စတင် ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ မတက်ရောက်ခင် မဟာချိုင်ဒေသ က မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ် 

သတင်း/ရုပ်သံ အာအက်အေ.

Tuesday, May 22, 2012

စည်ပင်သာယာ အကြမ်းဖက်ပြန်ပြီ


မေလ ၁၅ ရက်နေ့က ၊ လသာမြို့နယ် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမ ၊ ရန်ကုန်ဆေးရုံကြီး ရှေ့ ထမင်းဟင်းရောင်းနေတဲ့ဆိုင်ကို လသာမြို့နယ် စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့က စားသောက်ကုန်တွေ ပစ္စည်းပစ္စယ တွေကို အတင်းအဓမ္မ လုယက် ဖျက်စီးခဲ့သလို ဈေးသည်ကိုပါ ရိုက်နှက်ခဲ့တာနဲ့ပတ်သက်ပြီး ဈေးသည်တွေက ရဲစခန်းကိုတိုင်ကြားခဲ့တဲ့အပြင် မီဒီယာပေါ်ကိုလည်း တင်လိုက်ပြီးနောက်ပိုင်း မေလ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်မှာ စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းအယောက် ၁၀၀ လောက်ဟာ ဆေးရုံရှေ့မှာ ထမင်းဟင်းရောင်းနေကြတဲ့ ဈေးသည်တွေရဲ့ စားသောက်ကုန်တွေ ပစ္စည်း ပစ္စယတွေကို လုယက် သိမ်းဆည်းသွားသောကြောင့် ဈေးသည်တွေ အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ 
ရုပ်သံ၊သတင်း။။ ဘားမားဗွီဂျေ.

Thursday, May 17, 2012

အိမ်မဲမြို့နယ် NLD ရုံးဖွင့်ပွဲ

by BurmaVJMedia အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့မှ ဦးတင်ဦးနဲ့ ဦးလှဖေတို့ဟာ မေလ ၁၃ ရက်နေ့ မနက် ၁၀:၃၀ နာရီ က ဧရာဝတီတိုင်း အိမ်မဲမြို့နယ် NLD ရုံးဖွင့်လှစ်ပွဲကို သွားရောက်ခဲ့ကြပါတယ်။ အဲဒီလိုသွားရောက်ရာမှာ လမ်းတစ်လျှောက် ဒေသခံပြည်သူတွေက ဦးတင်ဦးနဲ့ ဦးလှဖေတို့ကို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက် ခဲ့ကြသလို ဒီအခမ်းအနားကို အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဒေသခံပြည်တွေအပါအဝင် လူဦးရေ ၆၀၀ ကျော် တက်ရောက် လာခဲ့ကြပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းဟောပြောပွဲ

အလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ မေလ ၁၃ ရက်နေ့ နံနက်ကအလုပ်အကိုင်အခွင့်အလမ်းနှင့် အနာဂတ်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ရန်ကုန်မြို့တော်ဝင်နှင်းဆီရဲ့ သီရိခမ်းမမှာ ပြုလုပ်သွားခဲ့ပါတယ်။ ဒီအခမ်းအနားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးကို စိတ်ပါဝင်စားသူတွေအပါအဝင် လူဦးရေ ၃၀၀ ကျော်တက်ရောက်လာခဲ့ပါတယ်။ သတင်း။။Burma VJ.

ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ Freedom Collection ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြား


ဒီကနေ့ ၀ါရှင်တန်ဒီစီမှာပြုလုပ်တဲ့ အမေရိကန် သမ္မတဟောင်း ဂျော့ဘွတ်ရှ်ရဲ့ "Freedom Collection" အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က skype ကနေတဆင့် စကားပြောကြားခဲ့ပါတယ်။ ဥရောပနိုင်ငံများလိုပဲ အမေရိကန်မှ ပိတ်ဆို့မှုများကို ခေတ္တရပ်ဆိုင်းဖို့ လုပ်မယ်ဆိုရင် ထောက်ခံကြောင်း၊ သို့ရာတွင် မြန်မာပြည်သူများက အလွန်ကိုမှ အကောင်းဖက်ကို မြင်နေကြောင်း၊ မြန်မာအစိုးရက ဒီမိုကရေစီလမ်းကြောင်းဆီကို အမှန်တကယ် ပြောင်းနေတယ်ဆိုရင် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်း သားများ လုံးဝ မရှိသင့်ကြောင်း၊ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်မချင်း အစိုးရကနေ နောက်ပြန်ဆုတ်သွားနိုင်ကြောင်း စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွား ပါတယ်။ 
(ကိုးကား။ ။ ရိုက်တာသတင်း၊ မေလ ၁၅ ရက်).

Tuesday, April 03, 2012

၁-၄-၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရသူများစာရင်း


Type your summary here.

Tuesday, March 13, 2012

မြန်မာ့ရုပ်မြင်သံကြားမှာထုတ်လွှင့်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း

Type your summary here.

Sunday, March 11, 2012

ဂျပန် ငလျှင်နှင့် ဆူနာမိ နှစ်ပတ်လည်နေ့

Thursday, February 16, 2012

ဒေါ်အောင်ဆန်းစုကြည်၏ လှည်းကူးစည်းရုံးရေးခရီးစဉ်(ရုပ်သံ)

ရုပ်သံသတင်း။ ။MIZZIMA BLOG