Thursday, August 09, 2012

၈.၈.၈၈အရေးတော်ပုံ ၂၄ နှစ်မြောက် အခမ်းအနား ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပပြုလုပ်ခဲ့

by BurmaVJMedia
၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးလိုလားသူများမှ ဦးစီးပြီး ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ နံနက် ၉း၀၀ နာရီကနေ ၁၁း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားမှာ ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေအတွက် ရည်စူးပြီး သံဃာတော် ၄၄ ပါးကို ဆွမ်းနဲ့ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားကို ဒီမိုကရေစီရေးမှာ လှုပ်ရှားပါဝင်ခဲ့ကြတဲ့ ပြည်သူလူထု စုစုပေါင်း အယောက် ၁ ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
.