Thursday, June 07, 2012

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြား



by DVBBurmese
ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှု အရေးကြီးကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။ ဇွန်လ(၆)ရက် နေ့လယ်(၁၁)နာရီက ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောကြားလိုက်တာဖြစ်ပါ တယ်။ အဲဒီပဋိပက္ခတွေ စတင်ဖြစ်ပွားချိန်မှာ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူတာမျိုး မရှိခဲ့တာကြောင့် အခုလို မလိုလားအပ်တဲ့ပဋိပက္ခတွေ ထပ်ဖြစ်လာရတာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါအပြင် ဒီပဋိပက္ခတွေမှာ လှုံဆော်နေတဲ့သူတွေများရှိမလားလို့ သံသယဖြစ်မိတယ်လို့လည်း ပြောကြားခဲ့ပါ တယ်။
.

0 comments: