Monday, June 16, 2014

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်ပွဲ (ဂျပန်)


ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်မကိုက်ညီသည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၄၃၆အားပြင်ဆင်ရန်
ဂျပန်နိုင်ငံရောက်ပြည်ထောင်စုမြန်မာနိုင်ငံသားများမှစုပေါင်း လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မှုအား တိုကျိုမြို့ အိခဲဘုကုရို ကူမင်းစင်တာ ၄ထပ်တွင် မနက် ၉နာရီမှ ၁၂နာရီအထိ 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့နှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက် နေကြသော အဖွဲ့ အစည်း အသီးသီးတို့နှင့် ပူးပေါင်း၍ ကျင်းပပြု လုပ်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာ ကြသော ပြည်ထောင်စု မြန်မာနိုင်ငံသားများမှ ၃ယောက်တစ်တွဲ စီတန်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုးကာ မိမိတို့၏ ဆန္ဒကိုဖော်ထုတ် ခဲ့ပြီး ကိုမျိုးဆန်းဦး၊ ကိုအောင်နိုင်ဝင်း၊ ဒေါ်သန်းသန်းအေး နှင့် မွန်အဖွဲ့အစည်း တို့မှလည်း ကောက်ခံ ရရှိထားသော လက်မှတ် ရ၀၀ ကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ အား အပ်နှံခဲ့ပါသည်။ ယနေ့ ပြုလုပ်သော ပွဲတွင် လက်မှတ် စုစုပေါင်း ၁၀၀၀ ကျော်ကို ကောက်ခံ ရရှိခဲ့ပါတယ် တက်ရောက်လာကြသော ပြည်ထောင်စု မြန်မာနိုင်ငံသားများနှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက် နေကြသော အဖွဲ့ အစည်း အသီးသီးတို့ အားအထူးကျေးဇူး တင်ရှိပါသည်။ 
ဓါတ်ပုံ။ ။ဇေယျာမင်းထွန်း၊သာမည