Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Monday, June 16, 2014
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်ပွဲ (ဂျပန်)
ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်မကိုက်ညီသည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၄၃၆အားပြင်ဆင်ရန်
ဂျပန်နိုင်ငံရောက်ပြည်ထောင်စုမြန်မာနိုင်ငံသားများမှစုပေါင်း လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်မှုအား တိုကျိုမြို့ အိခဲဘုကုရို ကူမင်းစင်တာ ၄ထပ်တွင် မနက် ၉နာရီမှ ၁၂နာရီအထိ 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ့နှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက် နေကြသော အဖွဲ့ အစည်း အသီးသီးတို့နှင့် ပူးပေါင်း၍ ကျင်းပပြု လုပ်ခဲ့ပြီး ဟောပြောပွဲအပြီးတွင် တက်ရောက်လာ ကြသော ပြည်ထောင်စု မြန်မာနိုင်ငံသားများမှ ၃ယောက်တစ်တွဲ စီတန်းကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုးကာ မိမိတို့၏ ဆန္ဒကိုဖော်ထုတ် ခဲ့ပြီး ကိုမျိုးဆန်းဦး၊ ကိုအောင်နိုင်ဝင်း၊ ဒေါ်သန်းသန်းအေး နှင့် မွန်အဖွဲ့အစည်း တို့မှလည်း ကောက်ခံ ရရှိထားသော လက်မှတ် ရ၀၀ ကျော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲ အား အပ်နှံခဲ့ပါသည်။ ယနေ့ ပြုလုပ်သော ပွဲတွင် လက်မှတ် စုစုပေါင်း ၁၀၀၀ ကျော်ကို ကောက်ခံ ရရှိခဲ့ပါတယ် တက်ရောက်လာကြသော ပြည်ထောင်စု မြန်မာနိုင်ငံသားများနှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက် နေကြသော အဖွဲ့ အစည်း အသီးသီးတို့ အားအထူးကျေးဇူး တင်ရှိပါသည်။ 
ဓါတ်ပုံ။ ။ဇေယျာမင်းထွန်း၊သာမည
Monday, January 13, 2014
ကြံဖွတ်အမတ်များ လုပ်စားသွားပုံ
အမှတ်တရ ဓါတ်ပုံရိုက်ထားတာပါ။
ပြည်ခိုင်ဖြိုးအမတ်တွေ ရွာကိုလာမယ်တဲ့။ လွှတ်တော်ရန်ပုံငွေသိန်း(၅၀) လှူမယ်တဲ့။ ဆောက်လက်စ ကျောင်း ပြီးစီးဖို့ဆိုဘဲ။ 
ကိုယ်တွေလဲ ရွာကကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင် ငါးခန်းတွဲ မှာ နှစ်ခန်းက အကာမပြီးသေး) အပြီးသတ်ဖို့ သိန်းငါးဆယ်ရလဲ အကောင်းဘဲလို့ သဘောထားပြီး တွေ့ကြတာပေါ့။ ပထမ တစ်ခေါက်လာတုန်းက ပြောတာကတော့ ပြီးအောင်ဆောက်ပေးမယ် ပြောတယ်။ အဲ့ဒါလေးပြောပြီး ပြည်ခိုင်ဖြိုးအမတ်မင်းက တိုင်းရင်းသားတပ်ကို သူပုန်လို့ ပြောလိုပြော၊ ပုဒ်မ ၁၈ ဖြုတ်ရင် နိုင်ငံတော်ဆူပူမယ်၊ ခြေဥပြင်ရင် နိုင်ငံတော်ဆူပူမယ်၊ သည်နယ်မြေကလဲ အမဲနယ် ၊ သိတယ် မဟုတ်လား၊ စစ်တပ်က အာဏာသိမ်းသွားလိမ့်မယ် ဒါတွေ ပြောပြီးပြန်သွားတယ.်။ လူ သုံးလေးဆယ်ဘဲ တက်လို့တဲ့ ။ သူတို့အဆင့်က လူ နှစ်ရာသုံးရာကို လောက်စပီကာနဲ့ ပြောရမယ့်အဆင့်မျိုးတဲ့။ နောက်တစ်ခါလာရင် လောက်စပီကာသုံးပြီး ကြေညာထားပေးပါတဲ့။ ရွာကအုပ်ချုပ်ရေးမှုးကို ပြောသွားတယ်။ ကိုယ့်တိုင် နားထောင်ခဲ့တာကိုပြောတာနော်။ သည်တစ်ခေါက် လာတော့ အုပ်ချုပ်ရေးမှုးကလဲ လောက်စပီကာနဲ့ကြေညာပေးတာပေါ့။ သိန်း ၅၀ ပေးအပ်လှူဒါန်းပွဲ ပေါ့။ လွှတ်တော်ကိုယ်စားလှယ်ကပေါ့။ သည်ကြားထဲ မနေနိုင်မထိုင်နိုင် ကြံဖွံပါတီဝင်တွေက ဆယ်တန်း ခရိုင်မေးခွန်းစာမေးပွဲဖြေနေတဲ့ စာသင်ခန်းထဲက ကလေးတွေကို အခုဖိတ်စာကို လိုက်ဖိတ်တယ်။ အမှတ်လိုချင်ပုံများ ဆိုးချက်။   ပြီးအောင် ဆက်ဆောက်ပေးမယ်တဲ့ ။ ဆောက်လုပ်ရေးကော်မတီ ဖွဲ့ပါတဲ့။ စာရင်းပြန်စစ်မယ်တဲ့။ ဖွဲ့ကြတာပေါ့ ကိုယ့်လူများ။
သည်တစ်ခေါက်လာတော့ ကျေးရွာသူရွာသားများရဲ့ ပူးပေါင်းပါဝင်မှု ရှိဖို့လိုတယ်ဆိုပြီး တကားပိတ် ကျီးဘောင်ကတော့ဖြင့် ရွာသားတွေက လုပ်ပေးပါဆိုလို့ လုပ်ပြီးပြီ ။ ရွာသားက အဆင်သင့်ဖြစ်နေပြီ။ ဖြစ်ဆို တစ်ဆောင်လုံး သိန်းပေါင်းရာနဲ့ချီပြီး ရွာကဘဲ အကုန်ကျခံထားတာ။ မနိုင်တော့လို့ ခဏ ရပ်ထားတာ။ နိုင်ငံတော်က တပြားတစ်ချပ်မှ ပါတာမဟုတ်ဘူး။ ကဲ ရှီစေတော့ ။ သိန်းငါးဆယ်ဖိုး ၀င်လဲ မနဲဘူး ဆိုပြီး သည်းခံပြီး တက်ကြတယ်။ သည်တစ်ပတ် 
ပိုဆိုးတယ် . အယောက် ၂၀ လောက်ဘဲ တက်တယ်။ 
ပြီးအောင်ဆောက်ပေးမယ်တဲ့။ ကော်မတီတွေအကြောင်း လက်စင်ပေးလိုက်တာ ၄ နာရီလောက် ခံစားလိုက်ရတယ်။ ကိုယ်တွေအုပ်စုလဲ သိန်းငါးဆယ် မျက်နှာနဲ့ ခံပြီး နားးထောင်လိုက်ရတယ်။  
မသိရင် ဖိတ်စာနဲ့ရော ၊ လောက်စပီကာနဲ့ပါ ရွာကိုလှည့်ပြီးကြေညာတာ။ လှူတယ်ဆိုတော့ ရွာကဘဲ သိန်း ၅၀ လက်ခံရရှိလိုက်သလိုလို ၊ သူတို့ အမတ်တွေကဘဲ လာလှူတာလိုလို ၊ မရှင်းမရှင်း၊ ဖိတ်စာကြည့်တော့လဲ မရှင်းမရှင်း၊ ကိုယ်တွေရွာကိုလည်း သိန်း ၅၀ ပေးမသွားပါဘူး။
သူတို့ဘာသာ ကန်ထရိုက်အပ်ပြီး ဆောက်မယ်။ လာဆောက်မယ့်အဖွဲ့ကို ရွာကလူတွေက ကူညီပေးလိုက်ကြပါ။ ပြောသွားတာ။  အခုထိ စောင့်လျှက်ပေါ့။
အမှတ်တရ ဓါတ်ပုံရိုက်ထားတာပါ။ ပြည်ခိုင်ဖြိုးအမတ်တွေ ရွာကိုလာမယ်တဲ့။ လွှတ်တော်ရန်ပုံငွေသိန်း(၅၀) လှူမယ်တဲ့။ ဆောက်လက်စ ကျောင်း ပြီးစီးဖို့ဆိုဘဲ။ ကိုယ်တွေလဲ ရွာကကိုယ်ထူကိုယ်ထဆောက်ထားတဲ့ ကျောင်းဆောင် ငါးခန်းတွဲ မှာ နှစ်ခန်းက အကာမပြီးသေး) အပြီးသတ်ဖို့ သိန်းငါးဆယ်ရလဲ အကောင်းဘဲလို့ သဘောထားပြီး တွေ့ကြတာပေါ့။ ပထမ တစ်ခေါက်လာတုန်းက ပြောတာကတော့ ပြီးအောင်ဆောက်ပေးမယ် ပြောတယ်။ အဲ့ဒါလေးပြောပြီး ပြည်ခိုင်ဖြိုးအမတ်မင်းက တိုင်းရင်းသားတပ်ကို သူပုန်လို့ ပြောလိုပြော၊ ပုဒ်မ ၁၈ ဖြုတ်ရင် နိုင်ငံတော်ဆူပူမယ်၊ ခြေဥပြင်ရင် နိုင်ငံတော်ဆူပူမယ်၊ သည်နယ်မြေကလဲ အမဲနယ် ၊ သိတယ် မဟုတ်လား၊ စစ်တပ်က အာဏာသိမ်းသွားလိမ့်မယ် ဒါတွေ ပြောပြီးပြန်သွားတယ.်။ လူ သုံးလေးဆယ်ဘဲ တက်လို့တဲ့ ။ သူတို့အဆင့်က လူ နှစ်ရာသုံးရာကို လောက်စပီကာနဲ့ ပြောရမယ့်အဆင့်မျိုးတဲ့။ နောက်တစ်ခါလာရင် လောက်စပီကာသုံးပြီး ကြေညာထားပေးပါတဲ့။ ရွာကအုပ်ချုပ်ရေးမှုးကို ပြောသွားတယ်။ ကိုယ့်တိုင် နားထောင်ခဲ့တာကိုပြောတာနော်။ သည်တစ်ခေါက် လာတော့ အုပ်ချုပ်ရေးမှုးကလဲ လောက်စပီကာနဲ့ကြေညာပေးတာပေါ့။ သိန်း ၅၀ ပေးအပ်လှူဒါန်းပွဲ ပေါ့။ လွှတ်တော်ကိုယ်စားလှယ်ကပေါ့။ သည်ကြားထဲ မနေနိုင်မထိုင်နိုင် ကြံဖွံပါတီဝင်တွေက ဆယ်တန်း ခရိုင်မေးခွန်းစာမေးပွဲဖြေနေတဲ့ စာသင်ခန်းထဲက ကလေးတွေကို အခုဖိတ်စာကို လိုက်ဖိတ်တယ်။ အမှတ်လိုချင်ပုံများ ဆိုးချက်။ ပြီးအောင် ဆက်ဆောက်ပေးမယ်တဲ့ ။ ဆောက်လုပ်ရေးကော်မတီ ဖွဲ့ပါတဲ့။ စာရင်းပြန်စစ်မယ်တဲ့။ ဖွဲ့ကြတာပေါ့ ကိုယ့်လူများ။ သည်တစ်ခေါက်လာတော့ ကျေးရွာသူရွာသားများရဲ့ ပူးပေါင်းပါဝင်မှု ရှိဖို့လိုတယ်ဆိုပြီး တကားပိတ် ကျီးဘောင်ကတော့ဖြင့် ရွာသားတွေက လုပ်ပေးပါဆိုလို့ လုပ်ပြီးပြီ ။ ရွာသားက အဆင်သင့်ဖြစ်နေပြီ။ ဖြစ်ဆို တစ်ဆောင်လုံး သိန်းပေါင်းရာနဲ့ချီပြီး ရွာကဘဲ အကုန်ကျခံထားတာ။ မနိုင်တော့လို့ ခဏ ရပ်ထားတာ။ နိုင်ငံတော်က တပြားတစ်ချပ်မှ ပါတာမဟုတ်ဘူး။ ကဲ ရှီစေတော့ ။ သိန်းငါးဆယ်ဖိုး ၀င်လဲ မနဲဘူး ဆိုပြီး သည်းခံပြီး တက်ကြတယ်။ သည်တစ်ပတ် ပိုဆိုးတယ် . အယောက် ၂၀ လောက်ဘဲ တက်တယ်။ ပြီးအောင်ဆောက်ပေးမယ်တဲ့။ ကော်မတီတွေအကြောင်း လက်စင်ပေးလိုက်တာ ၄ နာရီလောက် ခံစားလိုက်ရတယ်။ ကိုယ်တွေအုပ်စုလဲ သိန်းငါးဆယ် မျက်နှာနဲ့ ခံပြီး နားးထောင်လိုက်ရတယ်။ မသိရင် ဖိတ်စာနဲ့ရော ၊ လောက်စပီကာနဲ့ပါ ရွာကိုလှည့်ပြီးကြေညာတာ။ လှူတယ်ဆိုတော့ ရွာကဘဲ သိန်း ၅၀ လက်ခံရရှိလိုက်သလိုလို ၊ သူတို့ အမတ်တွေကဘဲ လာလှူတာလိုလို ၊ မရှင်းမရှင်း၊ ဖိတ်စာကြည့်တော့လဲ မရှင်းမရှင်း၊ ကိုယ်တွေရွာကိုလည်း သိန်း ၅၀ ပေးမသွားပါဘူး။ သူတို့ဘာသာ ကန်ထရိုက်အပ်ပြီး ဆောက်မယ်။ လာဆောက်မယ့်အဖွဲ့ကို ရွာကလူတွေက ကူညီပေးလိုက်ကြပါ။ ပြောသွားတာ။ အခုထိ စောင့်လျှက်ပေါ့။
ဒီမိုဖက်တီး
ဒီလောက်ရှက်စရာကောင်းတာကို အရေးမယူကြသေးဘူးလား၊ ပြည်သူများထံမှ ရောက်ရှိလား
ဒီလောက်ရှက်စရာကောင်းတာကို အရေးမယူကြသေးဘူးလား၊ ပြည်သူများထံမှ ရောက်ရှိလာသည့် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်သော တိုင်ကြားစာ ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများအား တိုင်ကြားခြင်းဖြစ်
ပြည်သူများထံမှ ရောက်ရှိလာသည့် တိုင်ကြားစာ ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုများအား တိုင်ကြားခြင်းဖြစ်ဟု လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇန်န၀ါရီ  ၁၀ ရက်တွင် ပြောကြားသည်။
"ကျွန်တော်တို့ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီကို ဒီနေ့(ဇန်န၀ါရီ ၁၀)ရက်အထိ ပြည်သူတွေထံကနေ တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော် ရောက်ရှိနေပါတယ်။အဲဒီ ၁၀၀၀၀ ကျော်အနက်က ရာခိုင်နှုန်း ၉၀ ကျော်က တရားသူကြီးတွေ အကျင့်ပျက်လာဘ်စားလို့ တိုင်ကြတာတွေဖြစ်ပါတယ်။ တရားစီရင်ရေးကဏ္ဍမှာ ငွေများတရားနိုင်ဖြစ်နေတာတွေ မတရားစီရင်ခြင်းခံရလို့ တိုင်တာတွေများတယ်။ နောက်ပိုင်းဥပဒေအရာရှိတွေကိုပါ တိုင်ကြားလာကြတာတွေရှိတယ်။ ဥပမာပြောရရင် လာဘ်ယူပြီး လူသတ်မှု ၃၀၂ ကို လူသေမှု ၃၀၄ ပြောင်းတပ်ပေးတာမျိုးတွေ။ အာမခံမပေးရတဲ့အမှုတွေကို အာမခံပေးလို့ရတဲ့ ပုဒ်မပြောင်းတပ်တာမျိုးတွေ။ အဲဒါမျိုးတွေနဲ့ပတ်သက်ပြီး တရားသူကြီးတွေကို တိုင်တယ်။ တချို့တိုင်စာတွေမှာ တရားသူကြီးတွေနဲ့ ရဲနဲ့ပေါင်းပြီး မတရားလုပ်တယ်ဆိုတာတွေ တိုင်တယ်။ ကျွန်တော်တို့တိုင်ကြားစာတွေကို ပြန်လည်စိစစ်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်"ဟု ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် တရားရင်ဆိုင်ခဲ့ရသော မူးယစ်ဆေးဝါးမှုတစ်ခုတွင် အမှု၏ အဓိကတရားခံမဟုတ်သော အမျိုးသမီးတစ်ဦးအား အမိန့်ချမှတ်ရာ၌ အနိမ့်ဆုံးပြစ်ဒဏ်ကျခံစေရန် ငွေကျပ် ၁၅ သိန်း လာဘ်ငွေပေးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် တရားသူကြီးတောင်းဆိုသော ငွေကျပ် ၁၀ သိန်းအား မပေးနိုင်၍ တရားစွဲဆိုသောအမှုကို ပလပ်လိုက်သော ကိစ္စတစ်ခုရှိခဲ့ပြီး နစ်နာသူကာယကံရှင်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တိုင်ကြားစာတစ်စောင် ရေးသားပေးပို့ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်း ၁၅၀၀ တန်လာဘ်စားမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦး....က အမှုသည်ထံမှ လာဘ်ငွေ ကျပ်သိန်း ၁၅၀၀ ကို လက်ခံရယူခဲ့ခြင်းအား လာဘ်ပေးသူအမှုသည်က တိုင်ကြားရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး၏ ဖြစ်စဉ်မှာ ၎င်း၏ဇနီးသည်က အမှုသည်ထံမှ ကျပ်သိန်း ၁၅၀၀ လာရောက်ရယူခဲ့ခြင်းကို စီစီတီဗွီကင်မရာမှတစ်ဆင့် အထောက်အထားရယူနိုင်ခဲ့သောကြောင့် အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
"လာဘ်ပေးလာဘ်ယူအမှုတွေနဲ့ ပတ်သက်ရင်တော့ ရန်ကုန်က အများဆုံးဖြစ်ပါတယ်။ ပြီးရင် မန္တလေးကအများဆုံးဖြစ်ပါတယ်။ စီးပွားရေးကောင်းတဲ့တိုင်းတွေက လာဘ်ပေးလာဘ်ယူမှု တော်တော်များပါတယ်။ ရန်ကုန်တိုင်းမှာလည်း ငွေများ တရားနိုင်၊ လာဘ်ပေးလာဘ်ယူမှုတွေ အားကောင်းနေဆဲဖြစ်ပါတယ်"ဟု သူရဦးအောင်ကိုက ပြောကြားသည်။
"ကျွန်တော့်ဆီကိုလည်း တရားသူကြီးတွေ လာဘ်စားမှုနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေရောက်သလို၊ သူရဦးအောင်ကို ကော်မတီကို ဒီလောက်ပမာဏများများ တိုင်ကြားစာတွေရောက်လာတဲ့အတွက် သူရဦးအောင်ကိုအနေနဲ့ သက်ဆိုင်ရာကို မေးခွန်းမေးသင့်တယ်။ ဒါတွေဖြေရှင်းပေးဖို့ လွှတ်တော်က အဆိုပြုသင့်တယ်။ ဒါမျိုးတွေကာကွယ်ဖို့ ဥပဒေကြမ်းတွေ ပြုစုသင့်တယ်။ ကျွန်တော် တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းတွေမေးရင် စာအိတ်နဲ့ပိတ်ပြီး ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြန်ဖြေပေးလေ့ရှိတယ်။ အဲဒီလိုမျိုးဖြေကြားချက်တွေကို မီဒီယာတွေကနေတစ်ဆင့် ပွင့်ပွင့်လင်းလင်း အသိပေးဖို့လိုပြီလို့ ထင်ပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။     
(၂၀၁၁ ခုနှစ် မတ်လက အစိုးရသစ်တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စု တရားသူကြီးချုပ်(၀ဲမှ တတိယမြောက်)နှင့် တရားသူကြီးများကို မှတ်တမ်းဓာတ်ပုံတွင် တွေ့ရစဉ်(Photo:MNA))
ဒီလောက်ရှက်စရာကောင်းတာကို အရေးမယူကြသေးဘူးလား၊ ပြည်သူများထံမှ ရောက်ရှိလာသည့် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်သော တိုင်ကြားစာ ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများအား တိုင်ကြားခြင်းဖြစ် ပြည်သူများထံမှ ရောက်ရှိလာသည့် တိုင်ကြားစာ ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်မှာ တရားရေးဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်မှုများအား တိုင်ကြားခြင်းဖြစ်ဟု လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ဇန်န၀ါရီ ၁၀ ရက်တွင် ပြောကြားသည်။ "ကျွန်တော်တို့ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီကို ဒီနေ့(ဇန်န၀ါရီ ၁၀)ရက်အထိ ပြည်သူတွေထံကနေ တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော် ရောက်ရှိနေပါတယ်။အဲဒီ ၁၀၀၀၀ ကျော်အနက်က ရာခိုင်နှုန်း ၉၀ ကျော်က တရားသူကြီးတွေ အကျင့်ပျက်လာဘ်စားလို့ တိုင်ကြတာတွေဖြစ်ပါတယ်။ တရားစီရင်ရေးကဏ္ဍမှာ ငွေများတရားနိုင်ဖြစ်နေတာတွေ မတရားစီရင်ခြင်းခံရလို့ တိုင်တာတွေများတယ်။ နောက်ပိုင်းဥပဒေအရာရှိတွေကိုပါ တိုင်ကြားလာကြတာတွေရှိတယ်။ ဥပမာပြောရရင် လာဘ်ယူပြီး လူသတ်မှု ၃၀၂ ကို လူသေမှု ၃၀၄ ပြောင်းတပ်ပေးတာမျိုးတွေ။ အာမခံမပေးရတဲ့အမှုတွေကို အာမခံပေးလို့ရတဲ့ ပုဒ်မပြောင်းတပ်တာမျိုးတွေ။ အဲဒါမျိုးတွေနဲ့ပတ်သက်ပြီး တရားသူကြီးတွေကို တိုင်တယ်။ တချို့တိုင်စာတွေမှာ တရားသူကြီးတွေနဲ့ ရဲနဲ့ပေါင်းပြီး မတရားလုပ်တယ်ဆိုတာတွေ တိုင်တယ်။ ကျွန်တော်တို့တိုင်ကြားစာတွေကို ပြန်လည်စိစစ်ပြီး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးနေပါတယ်"ဟု ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်တွင် တရားရင်ဆိုင်ခဲ့ရသော မူးယစ်ဆေးဝါးမှုတစ်ခုတွင် အမှု၏ အဓိကတရားခံမဟုတ်သော အမျိုးသမီးတစ်ဦးအား အမိန့်ချမှတ်ရာ၌ အနိမ့်ဆုံးပြစ်ဒဏ်ကျခံစေရန် ငွေကျပ် ၁၅ သိန်း လာဘ်ငွေပေးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် တရားသူကြီးတောင်းဆိုသော ငွေကျပ် ၁၀ သိန်းအား မပေးနိုင်၍ တရားစွဲဆိုသောအမှုကို ပလပ်လိုက်သော ကိစ္စတစ်ခုရှိခဲ့ပြီး နစ်နာသူကာယကံရှင်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့ တိုင်ကြားစာတစ်စောင် ရေးသားပေးပို့ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း သိန်း ၁၅၀၀ တန်လာဘ်စားမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး ဦး....က အမှုသည်ထံမှ လာဘ်ငွေ ကျပ်သိန်း ၁၅၀၀ ကို လက်ခံရယူခဲ့ခြင်းအား လာဘ်ပေးသူအမှုသည်က တိုင်ကြားရာမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အနောက်ပိုင်းခရိုင် ဒုတိယခရိုင်တရားသူကြီး၏ ဖြစ်စဉ်မှာ ၎င်း၏ဇနီးသည်က အမှုသည်ထံမှ ကျပ်သိန်း ၁၅၀၀ လာရောက်ရယူခဲ့ခြင်းကို စီစီတီဗွီကင်မရာမှတစ်ဆင့် အထောက်အထားရယူနိုင်ခဲ့သောကြောင့် အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ "လာဘ်ပေးလာဘ်ယူအမှုတွေနဲ့ ပတ်သက်ရင်တော့ ရန်ကုန်က အများဆုံးဖြစ်ပါတယ်။ ပြီးရင် မန္တလေးကအများဆုံးဖြစ်ပါတယ်။ စီးပွားရေးကောင်းတဲ့တိုင်းတွေက လာဘ်ပေးလာဘ်ယူမှု တော်တော်များပါတယ်။ ရန်ကုန်တိုင်းမှာလည်း ငွေများ တရားနိုင်၊ လာဘ်ပေးလာဘ်ယူမှုတွေ အားကောင်းနေဆဲဖြစ်ပါတယ်"ဟု သူရဦးအောင်ကိုက ပြောကြားသည်။ "ကျွန်တော့်ဆီကိုလည်း တရားသူကြီးတွေ လာဘ်စားမှုနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေရောက်သလို၊ သူရဦးအောင်ကို ကော်မတီကို ဒီလောက်ပမာဏများများ တိုင်ကြားစာတွေရောက်လာတဲ့အတွက် သူရဦးအောင်ကိုအနေနဲ့ သက်ဆိုင်ရာကို မေးခွန်းမေးသင့်တယ်။ ဒါတွေဖြေရှင်းပေးဖို့ လွှတ်တော်က အဆိုပြုသင့်တယ်။ ဒါမျိုးတွေကာကွယ်ဖို့ ဥပဒေကြမ်းတွေ ပြုစုသင့်တယ်။ ကျွန်တော် တရားစီရင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးခွန်းတွေမေးရင် စာအိတ်နဲ့ပိတ်ပြီး ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြန်ဖြေပေးလေ့ရှိတယ်။ အဲဒီလိုမျိုးဖြေကြားချက်တွေကို မီဒီယာတွေကနေတစ်ဆင့် ပွင့်ပွင့်လင်းလင်း အသိပေးဖို့လိုပြီလို့ ထင်ပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။ (၂၀၁၁ ခုနှစ် မတ်လက အစိုးရသစ်တာဝန်ယူပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စု တရားသူကြီးချုပ်(၀ဲမှ တတိယမြောက်)နှင့် တရားသူကြီးများကို မှတ်တမ်းဓာတ်ပုံတွင် တွေ့ရစဉ်(Photo:MNA))
Thursday, December 26, 2013
မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားရန် ဗြိတိသျှစစ်အရာရှိများ ရက်ပိုင်းအတွင်း ရောက်မည်
မြန်မာစစ်တပ် အဆင့်မြင့်အရာရှိများကို မဟာဗျူဟာသင်တန်းများ ပေးရန်အတွက် ဗြိတိသျှစစ်တပ်အရာရှိများ ဇန်နဝါရီလဆန်းတွင် မြန်မာပြည်သို့ ရောက်ရှိမည်ဟု ဒီဇင်ဘာ ၂၅ရက်နေ့တွင် ဗြိတိန်အစိုးရက အတည်ပြုပြောဆိုလိုက်သည်။
အရပ်သားပြည်သူများအပေါ် ဖိနှိပ်ရက်စက်သည်ဆိုသည့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာစစ်တပ်အား ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီခြင်းဖြစ်သည်ဟု သံတမန်များကဆိုကြောင်း တယ်လီဂရပ်စ်သတင်းစာက ဆိုသည်။
လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် ကလေးစစ်သားစုဆောင်းမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေဆဲ မြန်မာစစ်တပ်အား ဗြိတိန်အစိုးရအနေဖြင့် နာမည်ကောင်းပြန်ရအောင် မည်မျှကူညီသင့်သနည်းဆိုသည့် မေးခွန်းကို လွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများက မေးခွန်းထုတ်ခဲ့ကြသည်။
အမေရိကန်အစိုးရက မြန်မာစစ်တပ်နှင့် တိုက်ခိုက်ရေးမပါသော ပူးတွဲလေ့ကျင့်မှုများ လုပ်ဆောင်လိုခြင်းအပေါ် ကွန်ဂရက်က ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေချိန်၌ ဗြိတိသျှစစ်ဖက်အရာရှိများ လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ကြတော့မည်ဖြစ်သည်။
ကမာရွတ်မီဒီယာ
Thursday, December 05, 2013
မိုးဇေညိမ်း ဘာလဲ ဘယ်လဲ
မိုးဇေညိမ်း ဘာလဲ ဘယ်လဲ
ဧရာဝတီ| December 4, 2013 | 
၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရန်ကုန်မူးယစ်အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖွင့်ထုတ်ဖော်ပြခဲ့တာကြောင့် လူအများ စိတ်ဝင်တစား ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး “ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်”တဲ့ မိုးဇေညိမ်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကို ဧရာဝတီသတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ “ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့”လို့ မိုးဇေညိမ်းက ဆိုပါတယ်။
မေး။     ။ ဘာကြောင့်  ဒီသတင်းတွေကို ဖွင့်ချဖြစ်တာလဲ။
ဖြေ။     ။ ဒီဖိုင်တွေကို ကျနော်သိမ်းဆည်းထားခဲ့တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။ အရင်တုန်းကတည်းက ဘာလို့ မထုတ်ဖော်ရသလဲ ဆိုတာကို ပြောရရင် ဖိုင်တွေ လက်ဝယ်ရှိစဉ်ကတည်းက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေကို ပေးပို့တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေရှိခဲ့ပေမယ့် စာရွက်စာတမ်းနှင့် ပတ်သက်နေသူများရဲ့ လုံခြုံရေးအနေအထား စိတ်မချရမှုကြောင့် သိမ်းဆည်းထားခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီစာရွက်စာတမ်းနဲ့ ပတ်သက်နေသူတွေဟာ တစုံတရာ လုံခြုံမှုရှိနေပြီဖြစ်တဲ့အတွက် ထုတ်ဖော်တင်ပြရခြင်းဖြစ်ပါတယ်။
မေး။     ။ ဒီလိုမျိုး ဖွင့်ချဖော်ထုတ်မှုတွေ ထပ်ပြီး တင်ဖို့ ရှိမလား။
ဖြေ။     ။ အတွင်းရေး သတင်းတွေ၊ အချက်အလက်တွေနဲ့ပတ်သတ်ပြီး ကျနော်ဖော်ထုတ်ခဲ့တာ ခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး ကျနော့် ရဲ့ Facebook အကောင့်မှာ Post တွေ အပိုင်းလိုက် ခွဲတင်ခဲ့တာတွေရှိသလို သတင်းဝက်ဆိုက်တစ်ခုမှာလည်း ဆောင်းပါးရှည်တချို့ ရေးသားခဲ့ပါတယ်။ မြန်မာပြည်ကို မတရားအုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်တွေက သူတို့ရဲ့ဥပဒေမဲ့ လုပ်ရပ်တွေကို အများပြည်သူတွေမသိရအောင် ထိန်ချန်လျှို့ဝှက်ထားတဲ့ကိစ္စတွေကို ဦးစားပေးဖော်ထုတ်ပါတယ်။ နောက်ပြီးပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ယူဆရတဲ့အခြေအနေတွေကို အပြုသဘောနဲ့ ဖော်ထုတ်တာလည်း ဖြစ်ပါတယ်။ ကျနော် ရှေ့ဆက်ပြီး ဖွင့်ချဖို့ စဉ်းစားထားတာတွေ ရှိပါသေးတယ်။
မေး။     ။ ကိုမိုးဇေညိမ်းဆိုတာ တပ်မတော်သားဟောင်း တဦးဖြစ်ပြီး ကိစ္စတခုကြောင့် အရပ်ဘက် ဌာနတခုကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ရေးသားထားတာ တွေ့ရပါတယ် အဲဒီအပေါ်မှာကော ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။     ။ ကျနော်နဲ့ ပတ်သက်ပြီး မိုးဇေညိမ်း ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင်း ရေးနေ ပြောနေကြတာတွေ တွေ့ရပါတယ်။ အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး အမှား အမှန် တစုံတရာ မပြောလိုပါဘူး။ ကျနော် တချိန်က လက်နက်ကိုင် အဖွဲ့အစည်းတခုနဲ့ ပတ်သက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော် ဆက်လက် လုပ်ကိုင်မယ်ဆိုရင် လုပ်ကိုင်ခွင့်ရှိပေမယ့် ကျနော် သဘောဆန္ဒအလျောက် လုပ်ငန်းခွင်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ကျနော်နဲ့ပတ်သက်ခဲ့ဖူးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းမှာ ရှိနေစဉ် ကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာ စည်းကမ်းတွေမှာ ဖောက်ဖျက်ခဲ့ခြင်း၊ အရေးယူခံရတဲ့ ကိစ္စမျိုးတွေ မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့ စစ်ဗိုလ်ချုပ်တွေအပါအ၀င် အထက်လူကြီးတွေနဲ့ ပုဂ္ဂိုလ်ရေးအရ တစုံတရာ မကျေမနပ်ဖြစ်စရာတွေ မရှိခဲ့ပါဘူး။
ကျနော် အခုလို အတွင်းရေး သတင်းတွေကို ထုတ်ဖော်နေတာဟာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်မဟုတ်ပဲ ဥပဒေကို လိုသလိုအသုံးပြုခဲ့တဲ့ အာဏာရှင်တွေရဲ့အကြောင်း တစိတ်တဒေသကို ဖော်ထုတ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော့်ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်မပါပါဘူး။
မေး။     ။ ဒီဖိုင်တွေကို ဘယ်လို ရခဲ့တာလဲ။
ဖြေ။     ။ မိုးဇေညိမ်း ဆိုတာက လူတယောက်ပါပဲ။ သို့ပေမယ့် ဒီလိုကိစ္စတွေ၊ အတွင်းရေးတွေကို ဖော်ထုတ်တဲ့နေရာမှာ လုပ်ကိုင်ဆောင်ရွက်နေတာဟာ ကျနော် တယောက်တည်းတော့ မဟုတ်ပါဘူး။ ကျနော့်မှာ အဖွဲတခုရှိပါတယ်။ မိုးဇေညိမ်း ဟာ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အမည်နာမတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ ဒီလို အချက်အလက်တွေကိုလည်း ကျနော်တို့အဖွဲ့က စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုရခဲ့လဲဆိုတာကိုတော့ ကျနော် အသေးစိတ်ပြောနိုင်မှာမဟုတ်ပါဘူး။
မေး။     ။ ဒီပို့စ်မှာ ဖော်ပြခံခဲ့ရတဲ့ အနုပညာရှင်တွေ၊ တပ်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေက ကိုမိုးဇေညိမ်းကို ဆက်သွယ်ပြောဆိုတာမျိုးရှိလား။
ဖြေ။     ။ ရှိပါတယ်။ ဟိုအရင်က တင်ပြခဲ့တာတွေမှာရော ခု တင်ပြချက်တွေမှာပါ ကျနော့်ဆီ ဆက်သွယ်ပြီး ဆက်မဖော်ပြဖို့ မေတ္တာရပ်ခံလာသူတွေ ရှိပါတယ်။ (မိုးဇေညိမ်းက ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်လို့ ဖေ့ဘွတ်အကောင့်က ကြေညာထားပါတယ်။)
မေး။      ။ အခုလို ဖော်ပြခဲ့ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။
ဖြေ။     ။ ကျနော် ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကိုယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဥပဒေနဲ့ညိစွန်းတဲ့ကိစ္စတွေ ပြုလုပ်ခဲ့သူတွေကို ဆန္ဒကတိ၊ ဘယာကတိတွေလိုက်စားပြီး အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေကိုဖော်ထုတ်တာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အုပ်စိုးခဲ့တဲ့ မြန်မာပြည်မှာ ဒါမျိုးကိစ္စတွေ ရှိခဲ့တယ်ဆိုတာကို ရပ်ကွက်အတင်း မဟုတ်ပဲ သက်သေအထောက်အထားတွေနဲ့ ထုတ်ပြတာပါ။ ဒါတွေဟာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းမှာ အာဏာအလွဲသုံးစားပြုမှုတွေ အမျိုးမျိုးထဲက အနည်းအကျဉ်းလောက်ပဲ ရှိပါဦးမယ်။
မေး။     ။ ဒီလို ပို့စ်တွေတင်ခဲ့တဲ့အတွက် ဖေ့ဘုတ်စာမျက်နှာ၊ ဂျီမေးလ် စသည်ဖြင့် တိုက်ခိုက်ခံရတာမျိုး ရှိလား။
ဖြေ။     ။ ဂျီမေလ်းကိုတော့ အတိုက်မခံရဖူးပါဘူး။ ဒါပေမယ့် ကျနော်ရဲ့ဖေ့စ်ဘုတ်အကောင့်တွေနဲ့ ပေ့ခ်ျ(Page) တွေ ကတော့ မကြာခဏ အတိုက်ခံရပါတယ်။ တလောက လက်ရှိသုံးနေတဲ့ အကောင့်ကို လုံးဝ ၀င်မရတော့လို့ ဖေ့စ်ဘုတ်ဆီကို Request လုပ်ပြီး ပြန်ယူခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက အရန်အဖြစ် ဖွင့်ထားခဲ့တဲ့ Moe Zay Nyein နာမည်နဲ့ Account တစ်ခုလည်း မနေ့ကပဲ ၀င်မရတော့ပါဘူး။ Report တွေကြောင့် ထင်ပါတယ်။နည်းပညာနဲ့တိုက်ခိုက်တာတွေရှိနေသလို ကျနော့်ဆီကိုလည်း နည်းအမျိုးမျိုးသုံးပြီး ချဉ်းကပ်လာနေသူတွေ ရှိနေပါတယ်။
အရင်ကရော၊ အခုမှာပါ အာဏာကို အကာအကွယ်ယူပြီး ဥပဒေချိုးဖောက်တာတွေနဲ့ပတ်သတ်တဲ့ ဖြစ်စဉ်တွေ၊ လုပ်ဆောင်မှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ ရှိပါသေးတယ်။ ဒါပေမယ့် အဖွဲ့မှာ ပါဝင်နေသူတွေရဲ့ လုံခြုံရေးအခြေအနေကို ထိပါးလာနိုင်တာမို့ သတိကြီးကြီးထား လုပ်ကိုင်နေရပါတယ်။     ။
 ဧရာဝတီ| December 4, 2013 |
 ၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရန်ကုန်မူးယစ်အထူးရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တဲ့ စစ်ဆေးချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာကနေ ဖွင့်ထုတ်ဖော်ပြခဲ့တာကြောင့် လူအများ စိတ်ဝင်တစား ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး “ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်”တဲ့ မိုးဇေညိမ်း ဆိုတဲ့ အကောင့်ပိုင်ရှင်ကို ဧရာဝတီသတင်းထောက် မေစစ်ပိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။ “ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့”လို့ မိုးဇေညိမ်းက ဆိုပါတယ်။ မေး။ ။ ဘာကြောင့် ဒီသတင်းတွေကို ဖွင့်ချဖြစ်တာလဲ။ ဖြေ။ ။ ဒီဖိုင်တွေကို ကျနော်သိမ်းဆည်းထားခဲ့တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။ အရင်တုန်းကတည်းက ဘာလို့ မထုတ်ဖော်ရသလဲ ဆိုတာကို ပြောရရင် ဖိုင်တွေ လက်ဝယ်ရှိစဉ်ကတည်းက ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေကို ပေးပို့တင်ပြနိုင်တဲ့ အခွင့်အလမ်းတွေရှိခဲ့ပေမယ့် စာရွက်စာတမ်းနှင့် ပတ်သက်နေသူများရဲ့ လုံခြုံရေးအနေအထား စိတ်မချရမှုကြောင့် သိမ်းဆည်းထားခဲ့ရတာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီစာရွက်စာတမ်းနဲ့ ပတ်သက်နေသူတွေဟာ တစုံတရာ လုံခြုံမှုရှိနေပြီဖြစ်တဲ့အတွက် ထုတ်ဖော်တင်ပြရခြင်းဖြစ်ပါတယ်။ မေး။ ။ ဒီလိုမျိုး ဖွင့်ချဖော်ထုတ်မှုတွေ ထပ်ပြီး တင်ဖို့ ရှိမလား။ ဖြေ။ ။ အတွင်းရေး သတင်းတွေ၊ အချက်အလက်တွေနဲ့ပတ်သတ်ပြီး ကျနော်ဖော်ထုတ်ခဲ့တာ ခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး ကျနော့် ရဲ့ Facebook အကောင့်မှာ Post တွေ အပိုင်းလိုက် ခွဲတင်ခဲ့တာတွေရှိသလို သတင်းဝက်ဆိုက်တစ်ခုမှာလည်း ဆောင်းပါးရှည်တချို့ ရေးသားခဲ့ပါတယ်။ မြန်မာပြည်ကို မတရားအုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်တွေက သူတို့ရဲ့ဥပဒေမဲ့ လုပ်ရပ်တွေကို အများပြည်သူတွေမသိရအောင် ထိန်ချန်လျှို့ဝှက်ထားတဲ့ကိစ္စတွေကို ဦးစားပေးဖော်ထုတ်ပါတယ်။ နောက်ပြီးပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ယူဆရတဲ့အခြေအနေတွေကို အပြုသဘောနဲ့ ဖော်ထုတ်တာလည်း ဖြစ်ပါတယ်။ ကျနော် ရှေ့ဆက်ပြီး ဖွင့်ချဖို့ စဉ်းစားထားတာတွေ ရှိပါသေးတယ်။ မေး။ ။ ကိုမိုးဇေညိမ်းဆိုတာ တပ်မတော်သားဟောင်း တဦးဖြစ်ပြီး ကိစ္စတခုကြောင့် အရပ်ဘက် ဌာနတခုကို ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ရေးသားထားတာ တွေ့ရပါတယ် အဲဒီအပေါ်မှာကော ဘယ်လိုပြောချင်ပါသလဲ။ ဖြေ။ ။ ကျနော်နဲ့ ပတ်သက်ပြီး မိုးဇေညိမ်း ဘယ်သူ၊ ဘယ်ဝါဖြစ်ကြောင်း ရေးနေ ပြောနေကြတာတွေ တွေ့ရပါတယ်။ အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး အမှား အမှန် တစုံတရာ မပြောလိုပါဘူး။ ကျနော် တချိန်က လက်နက်ကိုင် အဖွဲ့အစည်းတခုနဲ့ ပတ်သက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော် ဆက်လက် လုပ်ကိုင်မယ်ဆိုရင် လုပ်ကိုင်ခွင့်ရှိပေမယ့် ကျနော် သဘောဆန္ဒအလျောက် လုပ်ငန်းခွင်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ကျနော်နဲ့ပတ်သက်ခဲ့ဖူးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းမှာ ရှိနေစဉ် ကာလအတွင်း ရုံးလုပ်ငန်းဆိုင်ရာ စည်းကမ်းတွေမှာ ဖောက်ဖျက်ခဲ့ခြင်း၊ အရေးယူခံရတဲ့ ကိစ္စမျိုးတွေ မရှိခဲ့ပါဘူး။ ဒါ့ကြောင့်မို့ စစ်ဗိုလ်ချုပ်တွေအပါအ၀င် အထက်လူကြီးတွေနဲ့ ပုဂ္ဂိုလ်ရေးအရ တစုံတရာ မကျေမနပ်ဖြစ်စရာတွေ မရှိခဲ့ပါဘူး။ ကျနော် အခုလို အတွင်းရေး သတင်းတွေကို ထုတ်ဖော်နေတာဟာ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်မဟုတ်ပဲ ဥပဒေကို လိုသလိုအသုံးပြုခဲ့တဲ့ အာဏာရှင်တွေရဲ့အကြောင်း တစိတ်တဒေသကို ဖော်ထုတ်တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော့်ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်မပါပါဘူး။ မေး။ ။ ဒီဖိုင်တွေကို ဘယ်လို ရခဲ့တာလဲ။ ဖြေ။ ။ မိုးဇေညိမ်း ဆိုတာက လူတယောက်ပါပဲ။ သို့ပေမယ့် ဒီလိုကိစ္စတွေ၊ အတွင်းရေးတွေကို ဖော်ထုတ်တဲ့နေရာမှာ လုပ်ကိုင်ဆောင်ရွက်နေတာဟာ ကျနော် တယောက်တည်းတော့ မဟုတ်ပါဘူး။ ကျနော့်မှာ အဖွဲတခုရှိပါတယ်။ မိုးဇေညိမ်း ဟာ အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အမည်နာမတစ်ခုလို့ ပြောလို့ရနိုင်ပါတယ်။ ဒီလို အချက်အလက်တွေကိုလည်း ကျနော်တို့အဖွဲ့က စုဆောင်းနေတာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုရခဲ့လဲဆိုတာကိုတော့ ကျနော် အသေးစိတ်ပြောနိုင်မှာမဟုတ်ပါဘူး။ မေး။ ။ ဒီပို့စ်မှာ ဖော်ပြခံခဲ့ရတဲ့ အနုပညာရှင်တွေ၊ တပ်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေက ကိုမိုးဇေညိမ်းကို ဆက်သွယ်ပြောဆိုတာမျိုးရှိလား။ ဖြေ။ ။ ရှိပါတယ်။ ဟိုအရင်က တင်ပြခဲ့တာတွေမှာရော ခု တင်ပြချက်တွေမှာပါ ကျနော့်ဆီ ဆက်သွယ်ပြီး ဆက်မဖော်ပြဖို့ မေတ္တာရပ်ခံလာသူတွေ ရှိပါတယ်။ (မိုးဇေညိမ်းက ပတ်သက်ရာပတ်သက်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်လို့ ဖေ့ဘွတ်အကောင့်က ကြေညာထားပါတယ်။) မေး။ ။ အခုလို ဖော်ပြခဲ့ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။ ဖြေ။ ။ ကျနော် ဖော်ထုတ်တင်ပြနေခဲ့တာတွေရဲ့ ရည်ရွယ်ချက်ကတော့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကိုယူပြီး တရားဥပဒေချိုးဖောက်တဲ့ လူတစ်စုအကြောင်းကို အများပြည်သူတွေ တိတိကျကျ သိရှိနိုင်ဖို့ ဖြစ်ပါတယ်။ ဥပဒေနဲ့ညိစွန်းတဲ့ကိစ္စတွေ ပြုလုပ်ခဲ့သူတွေကို ဆန္ဒကတိ၊ ဘယာကတိတွေလိုက်စားပြီး အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေကိုဖော်ထုတ်တာ ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ အုပ်စိုးခဲ့တဲ့ မြန်မာပြည်မှာ ဒါမျိုးကိစ္စတွေ ရှိခဲ့တယ်ဆိုတာကို ရပ်ကွက်အတင်း မဟုတ်ပဲ သက်သေအထောက်အထားတွေနဲ့ ထုတ်ပြတာပါ။ ဒါတွေဟာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းမှာ အာဏာအလွဲသုံးစားပြုမှုတွေ အမျိုးမျိုးထဲက အနည်းအကျဉ်းလောက်ပဲ ရှိပါဦးမယ်။ မေး။ ။ ဒီလို ပို့စ်တွေတင်ခဲ့တဲ့အတွက် ဖေ့ဘုတ်စာမျက်နှာ၊ ဂျီမေးလ် စသည်ဖြင့် တိုက်ခိုက်ခံရတာမျိုး ရှိလား။ ဖြေ။ ။ ဂျီမေလ်းကိုတော့ အတိုက်မခံရဖူးပါဘူး။ ဒါပေမယ့် ကျနော်ရဲ့ဖေ့စ်ဘုတ်အကောင့်တွေနဲ့ ပေ့ခ်ျ(Page) တွေ ကတော့ မကြာခဏ အတိုက်ခံရပါတယ်။ တလောက လက်ရှိသုံးနေတဲ့ အကောင့်ကို လုံးဝ ၀င်မရတော့လို့ ဖေ့စ်ဘုတ်ဆီကို Request လုပ်ပြီး ပြန်ယူခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက အရန်အဖြစ် ဖွင့်ထားခဲ့တဲ့ Moe Zay နာမည်နဲ့ Account တစ်ခုလည်း မနေ့ကပဲ ၀င်မရတော့ပါဘူး။ Report တွေကြောင့် ထင်ပါတယ်။နည်းပညာနဲ့တိုက်ခိုက်တာတွေရှိနေသလို ကျနော့်ဆီကိုလည်း နည်းအမျိုးမျိုးသုံးပြီး ချဉ်းကပ်လာနေသူတွေ ရှိနေပါတယ်။ အရင်ကရော၊ အခုမှာပါ အာဏာကို အကာအကွယ်ယူပြီး ဥပဒေချိုးဖောက်တာတွေနဲ့ပတ်သတ်တဲ့ ဖြစ်စဉ်တွေ၊ လုပ်ဆောင်မှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ ရှိပါသေးတယ်။ ဒါပေမယ့် အဖွဲ့မှာ ပါဝင်နေသူတွေရဲ့ လုံခြုံရေးအခြေအနေကို ထိပါးလာနိုင်တာမို့ သတိကြီးကြီးထား လုပ်ကိုင်နေရပါတယ်။ ။
Thursday, November 21, 2013
ယနေ့ အကြိုက်ဆုံး ဘာသာပြန်သတင်း
ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီ၏
ရိုဟင်ဂျာများကိုနိုင်ငံသားအခွင့်အရေးတန်းတူပေးရန်
ဆုံးဖြတ်ချက်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြောရေးဆိုခွင့်ရှိသူဦးဥာဏ်ဝင်းကပြည်တွင်းရေးကို
စွက်ဖက်မှုအဖြစ်စွတ်စွဲပြောဆိုလိုက်သည်။
ကုလသမဂ္ဂအနေဖြင့်ပြည်တွင်းရေးကို
စွက်ဖက်နေသော်လည်း မည်သူမဆို
နိုင်ငံသားဖြစ်ခွင့်ရသူမှန်လျှင်
နိုင်ငံသားဖြစ်လာမည်ဖြစ်သော်လည်း
ရိုဟင်ဂျာများအနေဖြင့်တိုင်းရင်းသားလူမျိုးစု
ဖြစ်လာမည်မဟုတ်ဟုပြောဆိုလိုက်သည်။
သမ္မတရုံးညွှန်ကြားရေးမှုးဗိုလ်မှုးဇော်ဌေးက
ရိုဟင်ဂျာကိစ္စကိုဖြေရှင်းဖို့အစိုးရက
စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း
သူတို့တွေဟာဘင်္ဂလားဒေရှ့်နိုင်ငံသားတွေဖြစ်ချင်ဖြစ်မယ်။
မြန်မာတွေဖြစ်ချင်ဖြစ်မယ်။သူတို့တွေရဲ့
နိုင်ငံသားဖြစ်မှုကိုငြင်းပယ်နေတာမဟုတ်ဘူး။
ဥပဒေအတိုင်းသူတို့ကိုနိုင်ငံသားအခွင့်အရေး
ပေးမယ်ဟုပြောသည်။သူကဆက်လက်၍
OIC နဲ့ နိုင်ငံတကာမိသားစုက
ဒီလုပ်ငန်းစဉ်တွေကိုကူညီဖို့ပြောဆိုလိုက်ပြီး
ပြည်တွင်းပြည်ပကနေပြဿနာတွေကို
ဖန်တီးနေသူတွေရှိတယ်လို့ပြောသည်။။
Credit စစ်ဗိုလ်နိုင် ရှစ်လုံး။
----------------------------------------------------------------------------------------------------
မူရင်းသတင်း link
http://abcnews.go.com/US/wireStory/myanmar-make-citizens-rohingyas-20937503
-------------------------------------------------------------------------------------------------------
ဒီစကားကို အမျိုးဘာသာ သာသနာ အတွက်ဆိုသော အခုပဲ သေနတ်ကိုင် စစ်ထွက်မည်ဆိုသော သူများကို လေ့လာစေချင်ပါတယ်။
ဘယ်သူက ပြတ်သားသလဲ ....။ 
ဘယ်သူက ဘယ်လို ရပ်တည်သလဲ ...။။
ဘယ်သူက OIC အကူ အညီကို မျှော်လင့်နေသလဲ ...။
===============================================
မျိုးချစ်စိတ် ဆိုတာ 
ပထွေးကိုထိရင် မချိအောင် နာတတ်တာ၊
အာဏာရှင်ကို ထိရင် မချိန် အောင်နာတတ်တာကို မျိုးချစ်စိတ် ခေါ်တာ မဟုတ်ဘူးဆိုတာကိုလည်း
သိထားစေချင်ပါတယ်။
============================================
သမ္မတ ဦးသိန်းစိန်ရဲ့ OIC နဲ့ ဘင်္ဂလီအရေးပေါ်လစီကို ထောက်ခံသူများ
ကြိုက်တဲ့ အထောက်အထားနဲ့ တုန့်ပြန်စေချင်ပါတယ်။
Thursday, November 07, 2013
ဇတ်လမ်းကစဘီ ခင်ညွှန့်ရုပ်လုံးတွေဖော်လာနေဘီသတိထား
ထိန်းသိမ်းခံထားရသော ထောက်လှမ်းရေးတပ်မှူး ၂၂ ဦးအား ပြန် လွှတ်ပေးရန် ဗိုလ်ချုပ်ကြီး ခင်ညွန့် (ငြိမ်း)က သမ္မတထံ တင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည် က ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေး (၁/၂ဝ၁၃) ဒုတိယ နေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်သွင်းသော နိုင် ငံတော် လုံခြုံရေးအတွက် အမျိုးသားထောက် လှမ်းရေးအဖွဲ့ကဲ့သို့ အဖွဲ့အစည်း တစ်ခုအမြန်ဆုံးဖွဲ့စည်းတာဝန်ပေးအပ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးရေး လွှတ်တော်က တိုက်တွန်းသည် ဆိုသည့် အဆိုနှင့် စပ်လျဉ်း ၍ ဆွေးနွေးရာတွင် ကိုယ်စားလှယ် ဦးမြင့်ကြည်က အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ”ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့ရဲ့တပ်မှူး ၂၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ သမ္မတကြီးထံ တင်ပြထားတာကို တွေ့ရပါတယ်။(NIB) လိုအဖွဲ့မျိုး ပေါ်ေ ပါက် လာရင် အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်ပါမယ်။ ငါးလောင်းပြိုင် လူသတ်မှု ကိုလည်း ဖော်ထုတ်နိုင်ပါမယ်”ဟု၎င်းက ဦးကျော်၏အဆို ကို ထောက်ခံဆွေးနွေးခဲ့သည်။ 
-- Yangon Times Daily
Tuesday, October 22, 2013
သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့်ချလိုက်ပြီ
    • ရဲရဲတောက် ဒီမိုများ'
      သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲမှုကိစ္စ ဦးခင်ညွန့် ဖွင့်ချလိုက်ပြီ
******************************************
သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ် ဆိုပြီး စွပ်စွဲခံရသူတချို့ ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရပြီး မကြာသေးခင် နှစ်တွေက ပြန်လွှတ်လာကြပါပြီ။
သူတို့က NLD အဖွဲ့ဝင်တချို့ပါပဲ။ သူတို့က မတရား စွပ်စွဲ ထောင်ချခံရတာပါလို့ တစိုက်မတ်မတ် ပြောလာကြသူတွေပါ။
သူတို့ကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးတွေများလား။
စစ်ထောက်လှမ်းရေး ထိပ်သီး ၂ ဦးကတော့ ဒီကိစ္စကို အတိအလင်း ငြင်းလိုက်ပါပြီ။
"သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတဲ့ကိစ္စကို အမှန်က ကျွန်တော်တို့ထောက်လှမ်းရေးက ကိုင်တာ မဟုတ်ဘူး။ သတင်းတပ်ဖွဲ့က ဖော်ထုတ်သွားတာ"
လို့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်က ပြောဆိုတယ်လို့ စက်တင်ဘာလ (၂၇) ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ်မှာ ရေးထားပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကလည်း အခုလို ပြောပါတယ်။
"အမှန်ပဲဗျ။ အက်စ်ဘီက လုပ်သွားတာပဲ။ အဲဒီအချိန်က အက်စ်ဘီတပ်ဖွဲ့မှူးက ဗိုလ်မှူးဖုန်းမြင့်၊ ကျွန်တော် ခေါ်ပြီးတော့ မေးတယ်။ 
မင်းက ဘယ်က အထောက်အထားတွေနဲ့ လာတာလဲ ဆိုတော့ သေချာပါတယ်ဗိုလ်ချုပ် တဲ့။ ငါတို့လူတော့ မသိဘူးနော်။ မင်းတို့လုပ်တာ လို့။ ငါတော့ မသိဘူးကွ လို့။ မင်းတို့ သွားတင်ပြကွာ ဆိုတော့ သူတို့ ပြည်ထဲရေးဝန်ကြီးကို သွားတင်ပြတယ်။ အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ဘုန်းမြင့်။ အဲဒီတော့ ကျွန်တော်တို့ မလုပ်တာတွေလည်း အများကြီးရှိတယ်ဗျ"
စစ်ထောက်လှမ်းရေးက လုပ်ခဲ့တာမဟုတ်ဘူး လို့ ထိပ်သီး ၂ ဦးက ဖွင့်ချလိုက်ပါပြီ။
အက်စ်ဘီ လို့ ခေါ်ကြတဲ့  သတင်းတပ်ဖွဲ့က လုပ်ခဲ့တာ ဖမ်းခဲ့တာ ထောင်ထဲ ထည့်ခဲ့တာပါ တဲ့။
နိုင်ငံရေးသမားတွေကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးချည်းပဲ မဟုတ်ဘူး၊ ဟိုကောင်တွေလည်း အများကြီး ပါပါတယ် လို့ သဘောပေါက်မိပါတယ်။
လွယ်လွယ် ဥပမာ ပေးရရင် သံလျင်က စွပ်စွဲခံရသူတွေ။
အက်စ်ဘီ လို့ ခေါ်ကြတဲ့  သတင်းတပ်ဖွဲ့က အခုချိန်ထိ ရှိနေသေးတယ် ဆိုတော့ ... ဒီလူတွေကို ထောင်ထဲထည့်ခဲ့တာ သက်သေ အထောက်အထား ခိုင်လုံတယ် ဆိုတာ ကြေညာနိုင်ပါတယ်။
အထောက်အထား မခိုင်လုံဘူး၊ အကွက်ဆင်ပြီး ပညာပေးခဲ့တာပါ ဆိုရင် အဲဒီအမှုကို ပြန်စစ်ဆေးဖော်ထုတ်သင့်ပါတယ်။
ဒါမှ ညစ်ခဲ့ ကလိမ်ကျခဲ့သူတွေကို အပြစ်ပေးနိုင်မယ်။
မတရားစွပ်စွဲခံရပြီး ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရသူတွေကို ပြန်လည် တောင်းပန်ဖို့ သို့မဟုတ် နစ်နာကြေး ပေးဖို့ လမ်းစ ပေါ်လာမှာ ဖြစ်ပါတယ်။
အက်စ်ဘီ/သတင်းတပ်ဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဌာနကြီးတခုပါ။
အမည်းစက်ရှိတယ်ဆိုရင် လုပ်သင့်တာတွေကို ရဲရဲ လုပ်ကိုင် ဖြေရှင်းပါမှ အများပြည်သူရဲ့ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိမှာဖြစ်ပါတယ်။
မတရားစွပ်စွဲခံရတဲ့ ကိုညီညီဦးက ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ... 
"စစ်ကြောရေးဝင်တယ်၊ တွေ့တွေ့ချင်း ထိုးကြိတ်တော့ တာပဲ၊ စစ်ခုံရုံးကို သက်သေအတုတွေ တင်ပြပြီး ဇူလိုင် ၂၇ရက်မှာ သေဒဏ်ချလိုက်ပါတယ်" လို့ ပြောပြပါတယ်။ http://burma.irrawaddy.org/interview/2011/10/13/1095.html မှာ အင်တာဗျူး အပြည့်အစုံကို ဖတ်နိုင်ပါတယ်။
ဗုံးကိစ္စနဲ့ မပတ်သက်ဘဲ ထောင်ထဲ ၂၃ နှစ် နေခဲ့ရသူ ကိုသန်းဇော်နဲ့ ဧရာဝတီ အင်တာဗျူးထားတာကိုတော့ http://blog.irrawaddy.org/2012/07/blog-post_8382.html မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
ဆက်စပ်ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ (၁)
http://blog.irrawaddy.org/2012/01/blog-post_2371.html
ဧရာဝတီ Facebook / ဧရာဝတီ Twitter
      သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ် ဆိုပြီး စွပ်စွဲခံရသူတချို့ ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရပြီး မကြာသေးခင် နှစ်တွေက ပြန်လွှတ်လာကြပါပြီ။
      သူတို့က NLD အဖွဲ့ဝင်တချို့ပါပဲ။ သူတို့က မတရား စွပ်စွဲ ထောင်ချခံရတာပါလို့ တစိုက်မတ်မတ် ပြောလာကြသူတွေပါ။
      သူတို့ကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးတွေများလား။
      စစ်ထောက်လှမ်းရေး ထိပ်သီး ၂ ဦးကတော့ ဒီကိစ္စကို အတိအလင်း ငြင်းလိုက်ပါပြီ။
      "သံလျင်ရေနံချက်စက်ရုံ ဗုံးခွဲတဲ့ကိစ္စကို အမှန်က ကျွန်တော်တို့ထောက်လှမ်းရေးက ကိုင်တာ မဟုတ်ဘူး။ သတင်းတပ်ဖွဲ့က ဖော်ထုတ်သွားတာ"
      လို့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်က ပြောဆိုတယ်လို့ စက်တင်ဘာလ (၂၇) ရက်နေ့ထုတ် မော်နီတာသတင်းဂျာနယ်မှာ ရေးထားပါတယ်။
      ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကလည်း အခုလို ပြောပါတယ်။
      "အမှန်ပဲဗျ။ အက်စ်ဘီက လုပ်သွားတာပဲ။ အဲဒီအချိန်က အက်စ်ဘီတပ်ဖွဲ့မှူးက ဗိုလ်မှူးဖုန်းမြင့်၊ ကျွန်တော် ခေါ်ပြီးတော့ မေးတယ်။ 
      မင်းက ဘယ်က အထောက်အထားတွေနဲ့ လာတာလဲ ဆိုတော့ သေချာပါတယ်ဗိုလ်ချုပ် တဲ့။ ငါတို့လူတော့ မသိဘူးနော်။ မင်းတို့လုပ်တာ လို့။ ငါတော့ မသိဘူးကွ လို့။ မင်းတို့ သွားတင်ပြကွာ ဆိုတော့ သူတို့ ပြည်ထဲရေးဝန်ကြီးကို သွားတင်ပြတယ်။ အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်ဘုန်းမြင့်။ အဲဒီတော့ ကျွန်တော်တို့ မလုပ်တာတွေလည်း အများကြီးရှိတယ်ဗျ"
      စစ်ထောက်လှမ်းရေးက လုပ်ခဲ့တာမဟုတ်ဘူး လို့ ထိပ်သီး ၂ ဦးက ဖွင့်ချလိုက်ပါပြီ။
      အက်စ်ဘီ လို့ ခေါ်ကြတဲ့ သတင်းတပ်ဖွဲ့က လုပ်ခဲ့တာ ဖမ်းခဲ့တာ ထောင်ထဲ ထည့်ခဲ့တာပါ တဲ့။
      နိုင်ငံရေးသမားတွေကို နှိပ်စက်ညှင်းပန်းပြီး ထောင်ထဲပို့ခဲ့တာ စစ်ထောက်လှမ်းရေးချည်းပဲ မဟုတ်ဘူး၊ ဟိုကောင်တွေလည်း အများကြီး ပါပါတယ် လို့ သဘောပေါက်မိပါတယ်။
      လွယ်လွယ် ဥပမာ ပေးရရင် သံလျင်က စွပ်စွဲခံရသူတွေ။
      အက်စ်ဘီ လို့ ခေါ်ကြတဲ့ သတင်းတပ်ဖွဲ့က အခုချိန်ထိ ရှိနေသေးတယ် ဆိုတော့ ... ဒီလူတွေကို ထောင်ထဲထည့်ခဲ့တာ သက်သေ အထောက်အထား ခိုင်လုံတယ် ဆိုတာ ကြေညာနိုင်ပါတယ်။
      အထောက်အထား မခိုင်လုံဘူး၊ အကွက်ဆင်ပြီး ပညာပေးခဲ့တာပါ ဆိုရင် အဲဒီအမှုကို ပြန်စစ်ဆေးဖော်ထုတ်သင့်ပါတယ်။
      ဒါမှ ညစ်ခဲ့ ကလိမ်ကျခဲ့သူတွေကို အပြစ်ပေးနိုင်မယ်။
      မတရားစွပ်စွဲခံရပြီး ထောင်ထဲ အနှစ် ၂ဝ ဝန်းကျင် သွားနေခဲ့ရသူတွေကို ပြန်လည် တောင်းပန်ဖို့ သို့မဟုတ် နစ်နာကြေး ပေးဖို့ လမ်းစ ပေါ်လာမှာ ဖြစ်ပါတယ်။
      အက်စ်ဘီ/သတင်းတပ်ဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဌာနကြီးတခုပါ။
      အမည်းစက်ရှိတယ်ဆိုရင် လုပ်သင့်တာတွေကို ရဲရဲ လုပ်ကိုင် ဖြေရှင်းပါမှ အများပြည်သူရဲ့ လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိမှာဖြစ်ပါတယ်။
      မတရားစွပ်စွဲခံရတဲ့ ကိုညီညီဦးက ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ... 
      "စစ်ကြောရေးဝင်တယ်၊ တွေ့တွေ့ချင်း ထိုးကြိတ်တော့ တာပဲ၊ စစ်ခုံရုံးကို သက်သေအတုတွေ တင်ပြပြီး ဇူလိုင် ၂၇ရက်မှာ သေဒဏ်ချလိုက်ပါတယ်" လို့ ပြောပြပါတယ်။http://burma.irrawaddy.org/interview/2011/10/13/1095.html မှာ အင်တာဗျူး အပြည့်အစုံကို ဖတ်နိုင်ပါတယ်။
      ဗုံးကိစ္စနဲ့ မပတ်သက်ဘဲ ထောင်ထဲ ၂၃ နှစ် နေခဲ့ရသူ ကိုသန်းဇော်နဲ့ ဧရာဝတီ အင်တာဗျူးထားတာကိုတော့http://blog.irrawaddy.org/2012/07/blog-post_8382.html မှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
      ဆက်စပ်ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ (၁)
      http://blog.irrawaddy.org/2012/01/blog-post_2371.html
      ဧရာဝတီ Facebook / ဧရာဝတီ Twitter
Friday, October 11, 2013
တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်အောင် ဦးသန်းရွှေ မှ တိတ်တဆိတ် ကြံစည်နေ
မိုးစက်ဝိုင် သတင်းကို အသုံးချ၍ တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများ ဖြစ်အောင် ဦးသန်းရွှေ မှ တိတ်တဆိတ် ကြံစည်နေ
မိုးစက်ဝိုင်သတင်းက ဦးသန်းရွှေ အတွက် ထွက်ပေါက် တစ်ခုလိုဖြစ်နေသည် ၊
၂၀၁၄ အတွင်းမှာ မြစ်ဆုံကိစ္စပြန်စရန် တရုတ်ကို မကြာမီ အာမခံချက်ပေးရတော့မည်ဖြစ်သည် ၊
ကျောက်ဖြူကူမင်းပိုက်လိုင်း နံဘေးတွင် ကားလမ်းရထားလမ်းဖောက်ခွင့် နှင့်ပတ်သတ်၍လည်း တရုတ်တို့အပေါ် ဦးသန်းရွှေ မှ ကတိကျွံထားပြီးဖြစ်နေသည် ၊
မြန်မာပြည်နေရာ အနှံ့အပြားမှာလည်း ရေအားလျှပ်စစ်စီမံကိန်းများအတွက် တရုတ် နှင့် စာချုပ်ချုပ် လက်မှတ်ထိုးထားပြီး ဖြစ်နေသည် ၊
တရုတ် နှင့် သီးခြား တိတ်တိတ်ပုန်း ချုပ်ဆိုထားသော စာချုပ်များလည်း အများအပြား ရှိနေသေးသည် ၊
မြန်မာတစ်နိုင်ငံလုံးကို ကိုရီယားကား တစ်လုံးနှစ်လုံးသုံးလုံး လောင်းကစား ဘီယာအရက် ဆေးပြား မာဇတ်ကေတီဗီ ဘိ စသည်တို့နှင့် ဒီလောက်တောင် အာရုံလွှဲထားသည့်ကြားက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လူအများ စိတ်ဝင်စားနေကြသည် ၊
ဒီကြားထဲ ကိုးကွယ်နေသော ဘိုးတော်မှ ဦးသန်းရွှေကို ရက် ၉၀ အတွင်း ကံဇာတာ နိမ့်နေသည် ဟု သတိပေးထားပြန်သေးသည် ၊
တပ်ထဲမှာလည်း ဦးသန်းရွှေ မကောင်းကြောင်း တဖြည်းဖြည်းနှင့် ပေါ်ပေါ်ထင်ထင်ပြောလာနေကြသည် ၊
ပြောရမည်ဆိုလျှင် ဦးသန်းရွှေ တစ်ယောက် ဘဝတွင် ဒီလောက်ခေါင်းကိုက်စရာကောင်းသည့် အချိန်မျိုး နှင့် တစ်ခါမျှမကြုံဘူးသေးပေ ၊
ဦးသန်းရွှေ ဆင်ကြံကြံရပေတော့သည် ၊
မိုးစက်ဝိုင် သတင်း . . . ဒီ နှစ်ရက် သုံးရက် အတွင်း ထူးထူးခြားခြား လူပြောအများဆုံးသတင်းဖြစ်လာသည့် သတင်း ၊
ဒီသတင်းလူပြောများလာသည့်အတွက် မြေးတော်လေး ရွှေသွေးအောင် ကို ဦးသန်းရွှေ ကြီးက ကြိတ်ကျေးဇူးတင်နေရသေးသည် ၊
နေရွှေသွေးအောင်၏ ရှေ့ဆုံး နေ ဆိုသည့်စာလုံးက ဦးနေဝင်းကို ဖားပြီး ပေးခဲ့တဲ့ နာမည်ဖြစ်နေသည် . . အခုမှ ပြန်ဖြုတ်လို့ မကောင်းသည့်အတွက် ကြိတ်မှိတ်ဆက်ထားနေရသည် ၊
ဦးသန်းရွှေ ကိုယ်တိုင် ကျတော့ သူ့မြေးကို ဖိုးလပြည့် လို့ ခေါ်ချင်ခေါ်သည် ဒါမှမဟုတ် ရွှေသွေးအောင် လို့ပဲခေါ်သည် ၊
အခု မြေးတော်လေးကို ကျေးဇူးတင်ရတော့မည် ၊
မိုးစက်ဝိုင် ကိစ္စကို အသုံးချပြီး တရုတ် ဗမာ လူမျိုးရေး အဓိကရုဏ်းများကို ဖန်တီးလိုက်လျှင် ဦးသန်းရွှေအတွက် တစ်ချက်ခုတ် လေးငါးချက်ပြတ် သော အကွက်ပင်ဖြစ်သည် ၊
ဒီ အကွက်ကို ပိုင်ပိုင်နိုင်နိုင် ရွှေ့ဖို့ ဦးသန်းရွှေ ဆုံးဖြတ်ချက်ချလိုက်ပုံရသည် ၊
မကြာခင် မြန်မာပြည် အနှံ့အပြားမှာ မိုးစက်ဝိုင်ကို အကြောင်းပြုပြီး တရုတ်တွေကို စောင်းမြောင်းဆဲဆို သော အသံများ ကြားရပေတော့မည် ၊ ထိုမှတဆင့် ရန်ပွဲများ ထိခိုက်ရှနာမှုများ .. . . ထိုမှတဆင့် . . .
ဦးသန်းရွှေကြီး အကွက်ရွှေ့ဖို့ လက်မည်းတွေကို ညွှန်ကြားနေလောက်ပါပြီ . . .
မကြာမီ သတင်းထူးများ ဆက်လက်ကြားရဖွယ်ရှိပါသည် . . .
 —
Wednesday, September 25, 2013
ကြံ့ဖွံတ် ဒုဥက္ကဌ ဦးထေးအူး အူသံ
ယခုအချိန်အထိ မိုက်တွင်းနက်တုန်း မိုက်တွင်းနက်ဆဲ ဦးသန်းရွှေ ရဲ့ သားတပည့် ကြံ့ဖွံတ် ဒုဥက္ကဌ 
ဦးထေးအူး
----------------------------------------------------------
၁။ ပြည်သူတွေ ၂၀၀၈ ဖွဲ့စည်းပုံကိ ပြင်ချင်တယ်ဆိုတာ ကျွန်တော်မယုံဘူး။ 
၂။ ရေတော် မိုးတော် နှစ်သီးစားစိုက်ရင် လယ်သမားတွေဆင်းရဲမှာမဟုတ်ဘူး။ 
၃။ အင်္ဂလန်နိုင်ငံ မင်းမျိုးမင်းနွယ်တွေမှာတောင် သာမန်အရပ်သား အရပ်သူနဲ့လက်ထပ်ရင် 
မင်းမျိုးမင်းနွယ်က ထွက်ရတယ်။ (စကားမစပ် ဦးထေးဦးကိုမေးရအုံးမယ်ဒိုင်ယာနာက မင်းမျိုးမင်းနွယ်လား။ ကိတ် မင်ဒယ်တန်( မင်းသားဝီလျံရဲ့ မိန်းမ) က မင်းမျိုးမင်းနွယ်လား။ အခု မင်းသားဟယ်ရီ စေ့စပ်လိုက်တဲ့ကလေးမက မင်းမျိုးမင်းနွယ်လား။ ဝေလမင်းသားရဲ့ နောက်မိန်းမက မင်းမျိုးမင်းနွယ်လား။)
၎။ ၁၉၄၇ ၊ ၇၄ ဖွဲ့စည်းပုံအရဆို ဒေါ်စု ကလွှတ်တော်အမတ်တောင်ဖြစ်ခွင့်မရဘူး။ ( ဖွဲ့စည်းပုံတွေကို ဘယ်လိုလေ့လာထားတယ်မသိ)( အေးလေ သူပြောတာဘဲ သူတောင်အခုမှလေ့လာရတယ်တဲ့)
၅။ လယ်သမားတွေ လမ်းမပေါ်ထွက် ဆန္ဒပြတာ သူမယုံဘူး။ တစုံတရာ လှုံ့ဆော်မှုကြောင့် လို့ထင်တယ်။
၆။ လယ်သမားတွေ ဆင်းရဲတယ်ဆိုတာ သူမယုံဘူး။ သူ့မဲဆန္ဒနယ် ဟင်္သာတ မှာ လယ်သမားတွေကို ပိုက်ဆံထုတ်ချေးတာတောင် မချေးလိုကြဘူး။ လယ်သမားတွေ အိမ်တွေမှာ သွပ်တပြောင်ပြောင်နဲ့ မိုးထားတယ်။
၇။ ဒေါ်စု ကိုလူထုက သမတဖြစ်စေချင်တယ်ဆိုတာ သူမယုံဘူး။ ဒေါ်စုလောက် နီးနီးနိုင်ငံရေးပေါ်ပြူလာ ဖြစ်တဲ့သူတွေ အင်တာနက်မှာတွေ့နိုင်တယ်။
၈။ ၁၁ ဘီလျံကိစ္စ သူမယုံဘူး။ အစိုးရက သေချာရှင်းပါလိမ့်မယ်။
---------------------------------------------------------------- 
ဦးထေးအူး( ၁၅.၉.၂၀၁၃ သတင်းစာရှင်းလင်းပွဲ ၊နေပြည်တော်လွှတ်တော်)
Credit Aung Tun fb
Friday, September 20, 2013
အာဏာရှင်စနစ် အမြစ်မပြတ်သေး
တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံး ချန်ပီယံလိဂ်ပြိုင်ပွဲ ဖလားဆုကို ပေးရမှာ အားကစား ၀န်ကြီးဌာနက ၀န်ကြီး ဒါမှမဟုတ် တာဝန်ရှိသူက ပေးရမှာကို နေရွှေသွေးအောင်က ပေးမှာဆိုတော့ .....
ကျောင်းသားတွေရဲ့ တက္ကသိုလ်ပေါင်းစုံအမျိုးသားဘောလုံးချန်ပီယံလိဂ်ပြိုင်ပွဲဖလားဆုကို သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်က ပေးရအောင် အခုထိ အာဏာရှင်သန်းရွှေရဲ့ မျိုးဆက်တွေက လွမ်မိုးနေဆဲလား။
အာဏာရှင် သန်းရွှေဆိုတာ ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  စ သိမ်းကတည်းက ကျောင်းသားကျောင်းသူတွေကို အကြမ်းဘက် ပစ်သတ်ခဲ့တာ။ ကျောင်းသားသမဂ္ဂအဆောက်အဦးကို မိုင်းခွဲ ဖျက်ဆီးခဲ့တာ။ သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်လည်း အာဏာရှင်စရိုက်ဘဲ၊ မူးရူးပြီး ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲကို ဥပဒေ မလိုက်နာ မလေးစားဘဲ လူမြင်ကွင်းမှာ ပါးရိုက်ခဲ့သေးတာ။ 
ဘောလုံးပြိုင်ပွဲဝင်တဲ့ ကျောင်းသားတွေလည်း အာဏာရှင် သန်းရွှေရဲ့ မြေးက ပေးမယ့် ဖလားကို ယူမယ်ဆိုရင် ချီးဖလား ယူရတယ်ဘဲ သတ်မှတ်လိုက်ပါတော့။
ကျောင်းသားတွေရဲ့  တက္ကသိုလ်ပေါင်းစုံအမျိုးသားဘောလုံးချန်ပီယံလိဂ်ပြိုင်ပွဲဖလားဆုကို သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်က ပေးရအောင် အခုထိ အာဏာရှင်သန်းရွှေရဲ့  မျိုးဆက်တွေက လွမ်မိုးနေဆဲလား။
အာဏာရှင် သန်းရွှေဆိုတာ ပြည်သူ့ အာဏာကို လက်နက်အားကိုးနဲ့  စ သိမ်းကတည်းက ကျောင်းသားကျောင်းသူတွေကို အကြမ်းဘက် ပစ်သတ်ခဲ့တာ။ ကျောင်းသားသမဂ္ဂအဆောက်အဦးကို မိုင်းခွဲ ဖျက်ဆီးခဲ့တာ။ သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်လည်း အာဏာရှင်စရိုက်ဘဲ၊ မူးရူးပြီး ပြည်သူ့ ဝန်ထမ်း ယာဉ်ထိန်းရဲကို ဥပဒေ မလိုက်နာ မလေးစားဘဲ လူမြင်ကွင်းမှာ ပါးရိုက်ခဲ့သေးတာ။ 
တက္ကသိုလ်ပေါင်းစုံအမျိုးသားဘောလုံးချန်ပီယံလိဂ်ပြိုင်ပွဲဖလားဆုကို ပေးရမှာ အားကစားဝန်ကြီးဌာနက ၀န်ကြီး ဒါမှမဟုတ် တာဝန်ရှိသူက ပေးရမှာကို သန်းရွှေရဲ့  မြေး နေရွှေသွေးအောင်က ပေးမှာဆိုတော့ သိန်းစိန်တို့ တစ်အုပ်စုလုံးဟာ သန်းရွှေကိုတင်မက သန်းရွှေရဲ့ တစ်မျိုးလုံးကိုပါ ကြောက်ပြီး နေရတယ်ဆိုတာ ပေါ်လွင်လွန်းလှတယ်။
ဘောလုံးပြိုင်ပွဲဝင်တဲ့ ကျောင်းသားတွေလည်း အာဏာရှင် သန်းရွှေရဲ့  မြေးက ပေးမယ့် ဖလားကို ယူမယ်ဆိုရင် ချီးဖလား ယူရတယ်ဘဲ သတ်မှတ်လိုက်ပါတော့။
Wednesday, August 21, 2013
***မိထ္ထီလာတွင် လူ့အခွင့်အရေးကိုယ်စားလှယ် ဆန္ဒပြ တားမြစ်ခံရ***
နော်နိုရင်း DVB ၂၀ သြဂုတ်လ ၂၀၁၃
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာအကဲဖြတ်ဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ မန္တလေးတိုင်း မိထ္တိလာမြို့ကို သွားရောက်စဉ် ဒေသခံတွေရဲ့ ဆန္ဒပြမှုနဲ့ တားမြစ်မှုကို ခံခဲ့ရပါတယ်။
မစ္စတာ ကင်တားနားဟာ သြဂုတ် ၁၉ ရက်နေ့က ရှမ်းပြည်နယ် နမ့်ဆန်၊ သီပေါနဲ့ မန္တလေးတိုင်း မေမြို့၊ မန္တလေးမြို့သွားရောက်ခဲ့ပြီး မိထ္ထီလာမြို့ကို ညဘက် ၁၀ နာရီကျော်မှာ ရောက်ရှိခဲ့တာပါ။
ဒေသခံတွေက ကင်တားနားကို အိတ်ဖွင့်ပေးစာပေးအပ်ခဲ့ရာမှာ လက်မခံခဲ့တဲ့အတွက် တားမြစ်ခဲ့တာလို့ အဲဒီနေရာကို ရောက်ရှိခဲ့တဲ့ ၈၈ မျိုးဆက်ဖွဲ့က ကိုထိန်မင်းခိုင်က ပြောပါတယ်။
“မိတ္ထီလာမြို့အလယ်က တံတားကြီးအပေါ်မှာ ရပ်ပြီး မစ္စတာ ကင်တားနား ၀င်အလာကို ဆန္ဒပြတယ်။ ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ပြီး ပြန်အထွက်မှာ အိတ်ဖွင့်ပေးစာ ပေးဖို့ ကျနော်တို့လုပ်ခဲ့တယ်။ အိတ်ဖွင့်ပေးစာ ပေးတာကို သူက လက်မခံတဲ့အတွက် ရှေ့ကနေပြီး ပိတ်ထားတာမျိုးရှိတယ်။ နောက်ပိုင်း သူလက်ခံသွားတယ်။ လက်မခံသေးတဲ့အချိန်လေးပဲ ခဏတဖြုတ် ပိတ်ထားတဲ့သဘောပါ၊ ပြန်အထွက်မခံဘူးပေါ့။”
မစ္စတာကင်တားနားဟာ မိတ္ထီလာကို ရောက်ရှိချိန် နောက်ကျတဲ့အတွက် ပဋိပက္ခကြောင့် ဖွင့်ထားခဲ့တဲ့ ဒုက္ခသည်စခန်းတွဆီ မသွားနိုင်တော့ဘဲ မြို့ခံအုပ်ချုပ်ရေးအဖွဲ့နဲ့တွေ့ဆုံပြီး နေပြည်တော်ကို ခရီးဆက်ခဲ့တယ်လို့ ဆိုပါတယ်။
ကင်တာနားဟာ မြန်မာပြည်ကနေ မထွက်ခင် သြဂုတ် ၂၁ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာပြည် ခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်တွေကို လာမယ့် အောက်တိုဘာ ကျင်းပမယ့် ကုလသမဂ္ဂအ ထွေထွေညီလာခံကြီးမှာ အစီရင်ခံစာ တင်မှာ ဖြစ်ပါတယ်။
Saturday, July 06, 2013
ဗြိတိန်သွားမည့်ဆရာတော်ကြီးများ ဗီဇာငြင်းပယ်ခံရ
ဇာတ်လမ်းကတော့စပြီဟေ့..
Tuesday, July 02, 2013
ဝန်ကြီး ဦးအောင်မင်း နှုတ်ထွက်တော့မည့် သတင်းနှင့်ပက်သက်၍ KNU အတွင်းရေးမှူး (၂) ဖြစ်သူ ပဒိုမန်းမန်းအား ဆက်သွယ် မေးမြန်းချက်
ဂတိတည်တယ် မတည်ဘူး ဆိုတာဘူးပေါ်သလိုပေါ်သွားတော့မယ်
မေး။ ။အခုအစိုးရ တွေကြားမှာ အလှည့်ပြောင်းတွေ ကြားနေရတယ်။ အဲဒါက အပစ်ခတ်ရပ်စဲရေး နဲ့ ပြီးငြိမ်းချမ်း ရေးအတွက် ဘယ်လိုဖြစ်လာနိုင်မလဲ။
အဖြေ။ ။အလှည့်ပြောင်းဟာ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရဘက် အပစ်အခတ် ရပ်စဲရေးနဲ့ငြိမ်းချမ်းရေး လုပ်ခဲ့တာတွေက ဂတိတည်တယ် မတည်ဘူး ဆိုတာဘူးပေါ်သလိုပေါ်သွားတော့မှာပေါ့။ တစ်ယောက်ပြောင်းပြီး တစ်ယောက် အသစ်တက်တိုင်း ဘာမှ မသိဘူးပြောရင် ဒါက မဖြစ်သင့်တော့ ဘူးလို့ ပြောရမှာပါ။
မေး ။ ။ အစိုးရဘက်က အလှည့်အပြောင်း တကယ်ဖြစ်သွားရင် ဆရာတို့ အပစ်အခတ် ရပ်စဲရေး အခြေအနေက ဘာလိုဖြစ် သွားနိုင်မလဲ။ သဘော တူထားတဲ့ အတိုင်း ဆက်ဖြစ်နိုင်ပါ့မလား။
ဖြေ ။ ။ ကျနော်တို့က သဘော တူညီချက် အတိုင်း အကောင်အထည် ဖော်သွားမယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်။ စစ်ပွဲ မဖြစ်ချင်တော့ဘူး အဲဒီပေါ်လစီနဲ့ပါ။ သူတို့ လူ အလှည့်အပြောင်း လုပ်တိုင်း အပစ်အခတ် ရပ်စဲရေးကို ပျက်ပြယ် ရမယ်ဆို ရင် ငါတို့လည်း ပြောင်းကို ပြန်လှည့် ရတော့မှာပေါ့။ ကျနော်တို့ ဘက်ကတော့ အကောင်းဘက် ဦးတည်ရင် ကျနော်တို့ ကြိုဆိုဖို့ အဆင်သင့် ဖြစ်သလို အဆိုးဘက်ကို ဦးတည်ရင်လည်း ကာကွယ်ဖို့ အဆင်သင့်ပါပဲ။
မေး ။` ။ ဇူလိုင်လမှာ KNU ဘက်က ဦးအောင်မင်းနဲ့တွေ့ဖို့ ရှိတယ်လို့ မီဒီယာတွေမှာ ပြောနေကြတယ်။ အဲဒါကို ဆရာတို့ဘက်က အဆင်သင့်ဖြစ်ပြီးလား။
အဖြေ။ ။ ဇူလိုင်လမှာ တွေ့ဖို့က ဘာတစ်ခုမှ အတိအကျ မဟုတ်ပါဘူး။ မိန့်ခွန်းပြောရင်နဲ့ ဦးအောင်မင်းနှုတ်ကနေ လွတ်ကနဲ ထွက်သွားတဲ့ စကားပါကနေ သတင်း မီဒီယာကို ပျံ့ သွားတဲ့ အနေအထားပါပဲ။ ဦးအောင်မင်း နှုတ်က ထွက်တဲ့ စကား ဆိုတော့ မှားတယ်လို့လည်း မပြောလိုပါဘူး။ ဒါပေမယ့် အဲဒါက အတိအကျလည်း မဟုတ်ပါဘူး။
မေး ။ ။ တကယ်လို့ ဇူလိုင်မှာ တွေ့ဖြစ်ခဲ့ရင်ကော KNUဘက်က အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ။ အခုက နှစ်ပိုင်း ဖြစ်နေတယ်။ ဦးအောင်မင်း ပြောတဲ့ စကားက အလုံးစုံ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ စကားလုံးကို သုံးတယ်။ ကျနော်တို့က တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို သုံးတယ်။ ဒီအမြင် နှစ်ခု ကလည်း ကွဲလွဲနေပါတယ်။ ကျနော်တို့က အလုံးစုံ အပစ်အခတ် ရပ်စဲရေးကို လက်မခံဘူး။ အဲဒါက တစ်ပြည်လုံးကို မဖော်ဆောင်နိုင် တဲ့အတွက် ဖြစ်တယ်။ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးက အစိုးရဘက်က တာဝန်ရှိတဲ့ အပေါ်မှာ တိုင်းရင်းသား ဒေသတွေဘက်မှ ထိုးစစ်တွေ မဆင်တော့ပါဘူး။ စစ်အင်အားတွေ မတိုးချဲ့ တော့ပါဘူး။ အခြေအနေကို အာမခံ ပေးနိုင်မယ့် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ထုတ်ပြန်ပေးမယ် ဆိုတဲ့ အချက်တွေ၊ နောက်တစ်ခုက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ကြေငြာပေးသည့် အပြင် နိုင်ငံရေးအရ ဆက်သွားမယ့် မူဘောင်ကို ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဒါကြောင့် အချိန်နဲ့ တပြေးညီ သတ်မှတ်ချက် သဘော တူညီချက်တွေ ထားရှိရမယ် အဲဒီ အချက်ရမှသာ ကျနော်တို့ တွေ့နိုင်မယ်။
မေး။ ။ မူဘောင်ကွာဟနေတယ် ဆိုတာက ဘာကို ဆိုလိုတာလဲ။
ဖြေ ။ ။ အစိုးရဘက် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ (၈) ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီးမှ လွတ်တော်ကို ၀င် ဖို့၊ နိုင်ငံရေး ပါတီ ထောင်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ရယ်၊ တပ်မတော် တစ်ရပ် ထားဖို့ရယ်။ ဒီအချက်တွေကို လက်မခံနိုင်ဘူး ဖြစ်ပါတယ်။
မေး ။ ။ ဆရာတို့ အနေနဲ့နိုင်ငံရေး ပါတီ ထောင်ဖို့ရှိလား။
ဖြေ ။ ။ တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဖက်ဒရယ်ဖွဲ့စည်းပုံမပေါ်သရွေ့တော့ နိုင်ငံရေး ပါတီထောင်မှာ မဟုတ်ပါဘူး။
Monday, 01 July 2013 (ရွှေဟင်္သာသတင်းဌာန)
Credit kondeyan