Friday, January 25, 2013

ယနေ့အကြိုက်ဆုံး ကွန်မင့်

ငရဲ သား


#1 romanceboy13 2013-01-24 20:58
ကျတော်ဖြင့်ဒီသတင်းဖတ်ရတာ အံ့သြလွန်းလို့ နဲနဲပြောပါရစေ ..
1.(တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ရာ ) သဘောက ပြစ်မှုကျူးလွန်နေရင်တောင် ညွန်ကြားချက်မရရင်မဖမ်းဆီး ဘူးဆိုတဲ့ သဘောလား ...

2.( ပြိုင်ကား ၁၃ စီး စည်းကမ်းမဲ့ မောင်းနှင်နေ ) 13 စီးမှာ 5 စီးပဲ ဖမ်းတယ်ဆိုတော့ ကျန် 8 စီးက မြေလျှိုးပြီးမိုးပျံသွားတာလား ..

3. (ငါးစီးတွင် Drift မောင်း ယှဉ်ပြိုင်သည့် ယာဉ်နှစ်စီး မပါဝင်ဘဲ ) အဲနှစ်စီးက အင်မတန်အန္တာရယ်များစွာ မောင်းနှင်နေပေမဲ့ ဘာလို့မဖမ်းပဲ လွတ်ပေးလိုက်တာလဲ ဗိုလ်ချုပ်တွေ ဗိုလ်ပြုတ်တွေရဲ့အမျိုးတွေမို့လို့လား သတင်းသမားတွေတောင် နံပါတ်ကအစသိတယ်ဆိုတော့ မမိတာမဟုတ်နိုင်ဘူး တမင်လွတ်ပေးလိုက်တာလား ..

4. (ကျွန်တော်တို့ကို အထက်က မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားဖို့ ခွင့်မပြုထားပါဘူး) ကြုံရင် အဲရဲမှုး ၀င်းရွေကိုမေးပေးပါ အိမ်ကမိန်းမနှင့်အိပ်တာရော အထက်ကခွင့်ပြုမှအိပ်သလား တာဝန်ရှိတယ် အိပ်သင့်တယ်ထင်လို့ အိပ်သလားလို့ ..
5. အံ့သြဆုံးကတော့ နားလည်တဲ့သက်၇ှိ လူသားတွေကို အရေးမယူပဲ သက်မဲ့ကားတွေကို အရေးယူတယ်ဆိုတော့ မြန်မာပြည်က ဥပဒေကို ကျတော်ဖြင့်ဘယ်လိုနားလည်ရမလဲ တောင်မသိတော့ပါဘူးဗျာ ..
=====================================================
မူရင်းသတင်း
ပြည်သူ့ရင်ပြင် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက်မှ ငါးစီးကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူ

ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အတွင်း စည်းကမ်းမဲ့ မောင်းနှင်နေသည့် ပြိုင်ကားများအနက် ယာဉ်ငါးစီးကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့ ညပိုင်းတွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင် အတွင်း ပြိုင်ကား ၁၃ စီး စည်းကမ်းမဲ့ မောင်းနှင်နေသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ရာ ငါးစီးအား ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဖမ်းဆီးခဲ့သည့် ပြိုင်ကားငါးစီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး၌ ထိန်းသိမ်းထားပြီး ယာဉ်မောင်းများအား နောက်နောင် စည်းကမ်းမဲ့စွာ ပြိုင်ကားများ အုပ်စုဖွဲ့ မောင်းနှင်ခြင်း မပြုလုပ်ရန် ရှင်းလင်းဆွေးနွေးပြီး ခံဝန်ကတိ ပြုလုပ်၍ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
---------------------------------------------------------------------------------------------
ဖမ်းဆီးရမိခဲ့သည့် ငါးစီးတွင် Drift မောင်း ယှဉ်ပြိုင်သည့် ယာဉ်နှစ်စီး မပါဝင်ဘဲ ယင်းတို့မှာ ၄ဂ/၃၂-- နံပါတ်ပြား တပ်ဆင်ပြီး နံပါတ်ပြားကို စတစ်ကာဖြင့် ရေးသားထားသည့် အဖြူရောင်ကားနှင့် ၄င/၃၅--နံပါတ်ပြား တပ်ဆင်ထားပြီး နံပါတ်မှာ နောက်နံပါတ်ပြား တစ်ခုသာ ပါရှိပြီး ရှေ့နံပါတ်ပြား မပါရှိသည့် အနက်ရောင် ကားတို့ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းဖြစ်စဉ်အား အသေးစိတ် သိရှိရန် အတွက် ဒဂုံမြို့နယ် ရဲစခန်းမှ တပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူးဝင်းရွှေအား မေးမြန်းခဲ့ရာတွင်” ကျွန်တော်တို့ကို အထက်က မီဒီယာတွေနဲ့ တွေ့ဆုံပြောကြားဖို့ ခွင့်မပြုထားပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထိုသို့ စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့သည့် ယာဉ်မောင်းများမှာ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တို့အတွင်း နေထိုင်သူများ ဖြစ်ကြပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် နီးစပ်သူများ ပါဝင်ကြောင်း သိရှိရသည်။

http://news-eleven.com/index.php?option=com_content&view=article&id=17567%3A2013-01-25-08-16-40&catid=43%3A2009-11-10-07-39-09&Itemid=111