ဆက်သွယ်ရေး ၀န်ကြီး ကို
သနားတဲ့ အကြည့် နဲ့
ကြည့်နေတဲ့ အားကစားဝန်ကြီး ..
-----------------------------------------------------------------------------------------
(Via-ဆိတ်ပါးစပ် နတ်မျက်စိ)
နိုင်ငံတော်သမ္မကြီးခင်ဗျား ဒီတခါတကယ်ပဲလုပ်တော့ မှာလားလို့ မေးပါရစေ။ဆိုလိုတာက အခုလောလောဆယ်စုံစမ်းစစ်ဆေးနေတဲ့ ဆက်သွယ်ရေးဝန် ကြီးဌာန ရဲ့အရှုပ်တော်ပုံကြီး ကိုတကယ်ပဲအရေးယူတော့ မှာလားလို့ မေးခြင်းဖြစ်ပါတယ်။ပြောပေါင်းများနေပြီးဘာတခုမှ လက်တွေ့လုပ်ပြတာမရှိသေးလို့ မေးရခြင်းဖြစ်ပါတယ်။ဆိုလိုတာက Good Governance,
Clean Government လို့ အမြဲပြော၊လာဘ်ပေးလာဘ်ယူမှုတွေကိုအရေးယူမယ်လို့ ပြောပြောပြီး
ဘာမှလုပ်တာမတွေ့သေးလို့ မေးနေရခြင်းဖြစ်ပါတယ်။ ဟောအခုတခါတော့ 
တကယ်လုပ်တော့ မှာလားဟင်လို့ မေးနေရခြင်းဖြစ်ပါတယ်။သမ္မတကြီးမှာလက်အောက်က
ဝန်ကြီးတွေ၊ဝန်ကြီးဌာနတွေမှာလာဘ်စားမှုတွေ၊ခြစားမှုတွေ၊အကျင့် ပျက်နေတာတွေ ဖြစ်နေ ပြီလား
ဆိုတာမျိုး ကိုဘယ်ပုံဘယ်နည်းနဲ့သိအောင်လုပ်ထားပါသလဲ၊သမ္မတကြီးမှာ Check, Recheck,
Double Check n Counter Check တွေကောရှိပါသလား။
ကိုယ်တိုင်သိအောင်လုပ်တာမျိုးလား၊တိုင်စာရောက်မှစစ်ဆေးတာမျိုးလား။ပုံစံ ကြည့် ရတာ တော့  တိုင်စာတက်လာမှ စစ်ဆေးတာမျိုးလုပ်နေပုံရတာမျိုးတွေ့နေရလို့ ပါ။
တစ်ခုပြောပါရစေ။လာဘ်ပေးလာဘ်ယူမှုတွေ၊အကျင့် ပျက်ခြစားမှုတွေကိုအတွင်းကျကျသိနေကြတဲ့ အောက်ခြေဝန်ထမ်းအများစုကတော့ အမည်နာမဖေါ်ပြပြီးရေးရတဲ့တိုင်စာမျိုးကိုမရေးရဲကြပါဘူး။
ဘာကြောင့် လဲဆိုရင်ပြန်အတွယ်ခံနေရလို့ ပါပဲ။ အဲဒါကြောင့် အမည်နာမမဖေါ်ပြရဲတော့ပဲ၊ ဝန်ထမ်းတစ်စုဆိုပြီးတိုင်နေရတော့ တာပေါ့ ဗျာ။သမ္မတကြီးတို့ ကလည်း ဝန်ထမ်းတစ်စုဆိုပြီးတိုင်လာတဲ့တိုင်စာ ရောက်လာတာနဲ့၊ပြစ်စာပဲဆိုပြီး၊အမှိုက်ပုံးထဲပို့ 
လိုက်ကြတော့  အခုလိုမျိုးအကျင့် ပျက်မှုတွေ၊ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊
အစိုးရအဖွဲ့ထဲမှာ၊ဝန်ကြီးဌာနတိုင်းမှာဖြစ်နေတော့ တာပေါ့ ။
မယုံဘူးလားသမ္မတကြီး။
တခုလောက်အရင်ထုတ်ပြပေးပါမယ်။နောက်ထပ်ထုတ်ပြလို့  ရတာတွေလည်းရှိပါသေးကြောင်း ကြိုပြောထားပါရစေ။
အားကစားဝန်ကြီးဦးတင့်ဆန်းရဲ့အကျင့်ပျက်ခြစားမှု၊လာဘ်စားမှု၊လုပ်ထုံးလုပ်နည်းစည်းမျဉ်း
စည်းကမ်း ဥပဒေအတိုင်းမဆောင်ရွက်ပဲ၊နိုင်ငံတော်သမ္မတကြီး၊ ဒုသမ္မတနှစ်ယောက်စလုံး၊
ပြည်ထောင်စုစာရင်းစစ်ချုပ် ၊ ပြည်ထဲရေးဝန်ကြီးနဲ့ စသုံးလုံးညွှန်ချုပ်ကြီး၊ မှုခင်းတပ်ဖွဲ့မှုးကြီးတို့အားလုံးကို မင်းတို့ ကောင်တွေလောက်တော့ တင့်ဆန်းတို့ကသနားတယ်၊
ဟောဒီမှာပါဗျာတင့်ဆန်းရဲ့ရိုက်ချက်များ
တင့်ဆန်းအားကစားဝန်ကြီးဖြစ်လာတော့ ၂၀၁၃ မှာလုပ်မဲ့ (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲကြီးကိုမြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ်ကျင်းပသွားမယ်ဆိုတဲ့ဂွင်
အကြီးကြီးကစောင့် လို့ ကြိုနေတော့ ကျိတ်ပြီးပြုံးနေတာတဲ့၊ဘာလို့ လဲဆိုတော့ အိမ်ရှင်နိုင်ငံ
အနေနဲ့ လုပ်မယ်ဆိုတော့ နေပြည်တော်မှာတင် အားကစားရုံနဲ့ အားကစားကွင်းပေါင်း
( ၁၁ )ခုတိတိ၊ အသစ်ကနေစပြီးဆောက်ရတော့ မှာလေ။ ဘာကြောင့် ကျိတ်ပြီးပြုံး သလဲ
သိလား သူမှာ Ace ဆောက်လုပ်ရေးကုမ္မဏီကြီးကရှိနေပြီးသားလေ။
ကဲဒီတခါတော့ ...တကယ်ထုတ်ပြပါပြီ ..
အားကစားဝန်ကြီး၊ Ace ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်ကြီး မောင်တင့်ဆန်းရဲ့
အပြင်းစားရိုက်ချက်များ
( ၁ ) အားကစားရုံအားကစားကွင်း( ၁၁ )ခုအတွက်ဆောက်လုပ်ဖို့ ကိစ္စကို EC အဖွဲ့
အစည်းအဝေးမခေါ်ပဲ၊ EC အဖွဲ့ရဲ့အစည်းအဝေးဆုံး ဖြတ် ချက်မရှိပဲသူတယောက်ထဲ
လုပ်တော့ တာပါ။
( ၂ ) ပြီးတော့ ဆောက်လုပ်မဲ့ ကုမ္မဏီတွေကိုတင်ဒါခေါ်ယူခဲ့ခြင်းလုံးဝ( လုံးဝ ) မရှိပဲ၊သူပိုင်တဲ့ Ace ဆောက်လုပ်ရေးကုမ္မဏီက ပဲဆောက်လုပ်ခဲ့တာပါ။
( ၃ ) ပြီးတော့ အားကစားရုံ အားကစားကွင်း( ၁၁ ) ခုစလုံးမှာတစ်ခုချင်းစီအတွက်
အသေးစိပ်ကုန်ကျမှုတွက်ချက်မှုစာရင်း BQ လည်းမရှိပါဘူး။
( ၄ ) နောက်တစ်ခုရှိသေးတယ်ဗျာ၊ အားကစားဝန်ကြီးဌာနနဲ့ Ace ဆောက်လုပ်ရေးကုမ္မဏီတို့ 
အကြားမှာဒီ အားကစားရုံနဲ့အားကစားကွင်း( ၁၁ )ခုဆောက်လုပ်ဖို့ ချုပ်ဆိုထားတဲ့ စာချုပ်စာတမ်း
လုံးဝ( လုံးဝ ) မရှိပါပဲနဲ့သူတစ်ဦးတည်းသူ့ သဘောနဲ့ သူဆောက်ခဲ့တာပါ။
( ၅ ) ကျန်သေးတယ်ဗျာ QC လို့ ခေါ်တဲ့အဖွဲ့တွေဖွဲ့ပြီးစစ်ဆေးခဲ့တာမျိုးလည်းမရှိ၊
အဆင့် တိုင်းကို QC အဖွဲ့ကစစ်၊မှန်ကန်မှ တဆင့် ချင်းငွေထုတ်ပေး၊ငွေထုတ်ယူတဲ့
စနစ်မျိုးလည်းမရှိပဲ ဆောက်နေခဲ့တာပါ။ ( သူပိုင်ငွေမဲတွေနဲ့ပေါ့ဗျာ )
( ၆ ) ဟောအခုကြားရပြန်ပြီဗျို့၊ လုပ်ငန်းအားလုံးပြီးသွားပြီတဲ့၊ငွေထုတ်တော့ မှာတဲ့၊
ဘယ်လိုထုတ်မယ်ထင်သလဲ၊ Ace ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်သူဌေးတင့်ဆန်းက အားကစားဝန်ကြီးတင့်ဆန်းကိုတင်ပြတာတဲ့ ၊ပြီးပြီငွေထုတ်ပေးပေါ့ ။
အဲဒီမှာလည်းတစ်ချက်ငြိနေပြန်ရော၊လုပ်ငန်တစ်ခုပြီးပြီဆိုရင် Work Done ပြီးဆုံးချိန်စစ်ဆေးရေးအဖွဲ့နဲ့စစ်ထားတာမျိုးကောရှိသလားလို့ မေးကြည့် တော့ မရှိဘူးတဲ့၊
မလိုဘူးလို့ ဝန်ကြီးကပြောတယ်တဲ့ဗျာ။
( ၇ ) လာပါပြီ၊လာပါပြီအလှပဆုံးသောအကွက်လေးပြောပြပါအုံးမယ်။
Ace ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်သူဌေးတင့်ဆန်းက အားကစားဝန်ကြီးတင့်ဆန်းဆီကိုတင်ပြတောင်းခံ
လိုက်တဲ့ငွေစာရင်း အသက်ရှုမှားမေ့မြောသွားလောက်ပါရဲ့ဗျာ။
( က ). ဖူဆယ်အားကစားရုံအတွက် သိန်းပေါင်း ၄၀၀ ကျော်။
( ခ ). ဘတ်စကက်ဘောကွင်း သိန်းပေါင်း ၅၀၀၀ နီးပါး။
( ဂ ). လက်ဝှေ့အားကစားရုံ သိန်းပေါင်း ၂၀၀ နီးပါး။
( ဃ). တင်းနစ်လေ့ကျင့်ရေးကွင်းပွဲကြည့် စင် သိန်းပေါင်း ၅၀၀ ကျော်။
( င). နေပြည်တော်အားကစားလကရစခန်း သိန်းပေါင်း ၅၀၀၀ နီးပါး။
( စ ) လယ်ဝေးအားကစားကွင်း သိန်းပေါင်း ၄၀ ၀၀၀ နီးပါး။
( ဆ ). ငလိုက်ဆည်လှေလှော်ပြိုင်ပွဲ သိန်းပေါင်း ၉ ၀၀၀ နီးပါး။
(ဇ) Mountain Pleasent စက်ဘီးကွင်း သိန်းပေါင်း ၈ ၀၀၀ နီးပါး။
(ဈ) မြှားပစ်ကွင်း သိန်းပေါင်း ၃၀ ၀၀၀ နီးပါး။
(ည) တာဝေးအပြေးတာလွှတ်နေရာ သိန်းပေါင်း ၃ ၀၀၀ နီးပါး။
( ဋ္ဋ ) မြင်းစီးကွင်း သိန်းပေါင်း ၂၀ ၀၀၀ နီးပါး။
အားလုံးပေါင်းလိုက်ရင် ကျပ်သိန်းပေါင်း ၂၀၀၀,၀၀၀ နီးပါးတောင်ရှိတယိဗျာ။
ကိုင်းဘယ့်နဲ့ရှိစ အမောင်သမတမင်း၊မောင်ညာဏ်ထွန်း၊ဒေါက်တာစိုင်းမောက်ခမ်း၊ပြည်ထဲရေးဝန်ကြီး၊
စသုံးလုံးညွှနချုပ်ကြီးနဲ့၊မှုခင်းတပ်ဖွဲ့မှုးတို့ ရေ အကြံပိုင်သောငခွေး ၊ Ace ဆောက်လုပ်ရေးပိုင်ရှင်သူဌေး၊ အားကစားဝန်ကြီး၊ငွေရှာတာ လုပ်တတ်လိုက်တာ။ လွယ်လိုက်တာ၊ငွေမဲတွေကိုငွေဖြူ ဖေါ်တာကျွမ်းလိုက်တာ။မယုံမရှိနဲ့။
စစ်ပဲတိုက်တတ်ပြီး၊ကြားလားကြားလား၊ကြားရင်အကြောင်းပြန်၊ ရထားဖြစ်ပါတယ်၊ ၉၆ ပါ။ ၆၃ ပါပဲလုပ်တတ်ပြီး၊တင့်ဆန်းလိုငွေရှာတာမကျွမ်းပဲ ဆက်သွယ်ရေးဝန်ကြီးသွားလုပ်မိတဲ့ သိန်းထွန်းခမျာသနားစရာပါ။( စကားကြွင်း )
ကောင်းပါပြီ အမောင်သမ္မတမင်း နားတွေ၊မျက်စိတွေကိုနေရာအနှံ့မှာထားပြီးအားလုံးကိုအချိန်နဲ့  တပြေးညီသိအောင်သာလုပ်ထားပေတော့ ။အခုတင်ပြလိုက်တဲ့ သတင်းကို သေသေချာချာစုံစမ်းစစ်ဆေးဖေါ်ထုတ်ပြီးစံနမူနာပြ အရေးယူပြလိုက်ပါ။ ခင်ဗျားကြီးသိပ်ဖြစ်ချင်နေတဲ့ တိုင်းပြည်ရဲ့အစိုးရအဖွဲ့ကြီးကောင်းသွားမယ်။ Good Governance , Clean Government ဖြစ်သွားပါမယ်။
skip to main |
skip to sidebar
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
အမေ ဇမ္ဗူတိုင်းမှာ အဖြေညှိပြရင် အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့  လူတိုင်းဟာ အမေရှိကြတယ်။ မရေမရာ ပဟေဋ္ဌိတွေကြောင့် အ...
-
မြန်မာနိုင်ငံတွင် အကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်လာ ရုံမျမက ကမ္ဘာတွင် ဒုတိယ အကြီးဆုံး ဖြစ်လာမည့် ကြေးသွန်း ခေါင်းလောင်းကြီးကို ပဲခူးမြို့၌ ...
-
ပင်လုံကျောက်တိုင် ပင်လုံစာချုပ် 12-2-1947 Historic Pinlong Agreement signed by Bogyoke Aung San and Ethnic...
-
၂၀၁၂ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၀ နာရီ၊ မရမ်းကုန်းမြို့နယ် NLD ရုံးသစ်ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက် ရုပ်သံသတင်း။ ။DVB အမျိုးသားဒီ...
-
လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယက ဦးတင်ဦးနှ...
-
အွန်လိုင်းချက်တင်၌ ခင်မင်နေသူတစ်ဦး ခေါ်ရာ နောက်သို့ အယုံလွယ်၍ လိုက်မိခဲ့သော အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို လိမ်ခေါ်သွားသူ အ...
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
-
သတင်း - နိရဉ္စရာ သတင်းဌာန အရေအတွက် အားဖြင့် ပမာဏ အများဆုံး ဖြစ်သော...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988