Thursday, November 29, 2012

သပိတ်စခန်းရှိ ဆန်အိတ်နှင့်ဆီပုံးများကို လုံခြုံ ရေးတာဝန်ကျ ရဲများက အရက်ဆိုင်တွင်အရက်နှင့် လဲသောက်

"လက်ပန်းတောင်းတောင် သပိတ်စခန်းရှိ ဆန်အိတ်နှင့်ဆီပုံးများကို လုံခြုံ ရေးတာဝန်ကျ ရဲများက အရက်ဆိုင်တွင်အရက်နှင့် လဲသောက်သည်ဟုဆို "
လက်ပန်းတောင်းတောင်စီမံကိန်းကြီးလုံးဝရပ်ဆိုင်းရေးအတွက် သပိတ်စ ခန်းများဖွင့်ကာ လက်ပန်းတောင်းတောင်ကြီးကို ကာကွယ်ပေးနေကြသော ဆရာတော်/သံဃာတော်အရှင်သူမြတ်များကို ဒေသခံလူထုက ကြည်ညိုလေး
စားသောကြောင့် လှူဒါန်းထားသော ဆန်အိတ်နှင့်ဆီပုံးများကို စီမံကိန်းလုံ ခြုံရေးတာဝန်ကျသူများက စီမံကိန်းအနီးရှိ အရက်ဆိုင်တစ်ဆိုင်တွင် အရက်လဲပြီးသောက်သုံးနေကြကြောင်း သတင်းများရရှိပါသည်။
"ကျွန်မတို့ဘေးက အရက်ဆိုင်မှာလာပြီး ဆန်အိတ်တွေ ဆီပုံးတွေနဲ့ လဲပြီး သောက်ကြတာ။အရက်ဆိုင်ကတော့ ဆန်အိတ်တွေက ရေနည်းနည်းစိုတယ် ဆိုပြီး အရက်ဆိုင်ပိုင်ရှင်ကပြောသေးတယ်။သိပ်မစိုဘာဘူး လို့ (၂)ရစ်နဲ့ရဲက ပြောသံကိုလည်းကြားရတယ်။နည်းနည်းမူးတဲ့အရှိန်လေးရလာတော့ စောင် တွေကို သူတို့အိမ်တွေကိုသယ်သွားဘို့ခွဲတမ်းချနေတဲ့ပြောသံကြားရတယ်။
သပိတ်စခန်းက ပစ္စည်းတွေခွဲတမ်းမညီမျှဖြစ်နေကြတယ်"လို့ စီမံကိန်းတာဝန်
ကျရဲများအရက်လာပြီးသောက်နေသည့်အရက်ဆိုင်အနီးရှိ ကွမ်းယာဆိုင်မှ အမျိုးသမီးက သလ္လာဝတီတိုင်မ်းသို့ပြောကြားခဲ့ပါသည်။

အေးချမ်းမွန်မှ ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။