Thursday, November 29, 2012

ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ပြဿနာအတွက် မိန့်ခွန်းမှာ ပြောဆို

ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်း ပြဿနာကို အေးအေးချမ်းချမ်းနဲ့ ပြေလည်စေချင်တယ်လို့ သူရဲ့ မိန့်ခွန်းမှာ ပြောဆိုပါတယ်။

"အခု ဒီဒေသမှာဖြစ်နေတဲ့ ကြေးနီစီမံကိန်းပြဿနာတွေကို ကျမ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ အေးအေးချမ်းချမ်းပြေလည်ရင် ကျမတို့ပြည်သူတွေလည်း သက်သာတယ်၊ နိုင်ငံလည်း သိက္ခာရှိတယ်။ ကျမတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်းဖြစ်တယ်။ ဒါကို ကျမကြိုးစားမယ်၊ ကြိုးစားပေမယ့် ကျမ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကတော့ ကျမက ဘယ်လိုမှ အာမခံချက်မပေးနိုင်ဘူး။ ဒါပေမယ့် ပြည်သူကသာ ကျမနဲ့ လက်တွဲပြီး ပြေလည်မှုရှာမယ်ဆိုရင် အောင်မြင်မယ်လို့ ကျမ ယုံပါတယ်။”

“ကျမပြည်သူကို တခုပဲ တောင်းခံချင်ပါတယ်၊ သေသေချာချာ စိတ်ရှည်ရှည်နဲ့ ကျမက ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်. ကျမဆုံးဖြတ်ချက်မချရသေးဘူး။ ကျမ လုပ်ငန်းရှင်နဲ့လည်းတွေ့ပြီးပြီ၊ သက်ဆိုင်ရာ ရွာသူရွာသားတွေ၊ လုပ်ငန်းကို ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ တွေ့ပြီး ဟိုဘက်ဒီဘက် အမြင် ၂ ခုကို ကြည့်ပြီးတော့ ကျမတတ်နိုင်သလောက် ပြေလည်အောင် ညှိပေးချင်တယ်။ ဒီလိုညှိပေးတာကို ပြည်သူတွေက သဘောတူရဲ့လား။”
(လူထု) “တူပါတယ်။”

အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။