Thursday, November 15, 2012

သူခိုးပေါတဲ့ဝန်ချီးဌာနများ ဘယ်လိုအရေးယူမှာလဲ

ဝန်ကြီးဌာန (၁၅)ခုတွင် နိုင်ငံတော်မှ ချမှတ်ပေးသည့်ရသုံးငွေနှင့် ရမည့်ငွေများနှင့်ပတ်သတ်၍ အလွဲသုံးစားမှု ၊မရိုးဖြောင့် မသမာသော သဘောဖြင့်ဆောင်ရွက်မှုကြောင့် နိုင်ငံတော်မှ နစ်နာဆုံးရှုံးမှု မည်သည့်
ဥပဒေ အဖြစ်အရေးယူမည်လဲ စံနမူနာပြ အရေးယူဆောင်ရွတ်မှုကိုမည်
ကဲ့သို့ပြုလုပ်ပေးမည်လဲဆိုသည်ကို စောင့်ကြည့်ရပါအုံးမည်
**********************************

ဝန်ကြီးဌာန (၁၅)ခုတွင် နိုင်ငံတော်မှ ချမှတ်ပေးသည့်ရသုံးငွေနှင့် ရမည့်ငွေများနှင့်ပတ်သတ်၍ အလွဲသုံးစားမှု ၊မရိုးဖြောင့် မသမာသော သဘောဖြင့်ဆောင်ရွက်မှု
ကြောင့် နိုင်ငံတော်မှ နစ်နာဆုံးရှုံးမှု ၄၇ မှု ရှိပြီးဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစားမှုကြောင့် ပြန်လည်ပေးသွင်းရမည့်ငွေ ၁၄၃ ဒဿမ ၉၁၆ သန်းရှိကြောင်း
သိရသည်။
၂၀၁၁. ၂၀၁၂ ဘဏ္ဍာရေးနှစ်အရ အသုံးဘတ်ဂျတ်နှင့်ပတ်သတ်၍ (၁.၄.၂၀၁၁ မှ ၃၀.၉.၂၀၁၂ ရက် အထိ ) ၀န်ကြီးဌာန ၁၅ ခု၊ဌာနဆိုင်ရာနှင့် အစိုးရ
အဖွဲ့အစည်း ၄၇ ခုတို့၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ နိုင်ငံတော်သို့ပေးသွင်းရမည့် နစ်နာငွေ ကျပ်သန်း (၅၈၃၉၈ ဒဿမ ၈၁၀)နှင့် အမေရိကန်ဒေါ်
လာ ၂၃၂၉၇၇ ဒသမ ၃၁၀ အနက် ကျပ်သန်း ၁၇၄၂၆ ဒဿမ ၇၇၂ နှင့် အမေရိကန်ဒေါ်လာ ၁၆၂၃၂၂ ဒဿမ ၂၉၀ ပေးသွင်းပြီး ၊ပေးသွင်းရန်ကျန်ရှိငွေ ကျပ်သန်း
၄၀၉၇၂ ဒဿမ ၀၃၈ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ဒဿမ၀၂၀ ဖြစ်ကြောင်း၊ကျပ်သန်း ၄၀၉၇၂ ဒဿမ ၀၃၈ တွင် ပုဂ္ဂလိကထံမှ ရရန် ကြွေး ကျပ်သန်း ၄၀၈၂၈
ဒဿမ ၁၂၂ နှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅ ဒဿမ ၀၂၀ ဖြစ်ပြီး ၀န်ထမ်းများ၏ မှားယွင်းမှု နှင့် အလွဲသုံးစားမှုကြောင့် ပြန်လည်ပေးသွင်းရမည့်ငွေမှာ ကျပ်သန်း
(၁၄၃ ဒဿမ ၉၁၆) ဖြစ်ကြောင်း ယနေ့ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ထူးခြားသောစစ်ဆေးပေါ်ပေါက်မှုများနှင့် အရေး
ယူဆောင်ရွက်ချက်များပေးပို့သည့် တွေ့ရှိချက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးမှ ဦးသိန်းထိုက်က ဖတ်ကြားတင်ပြသွားသည်။

မြန်မာကျပ်ငွေ သန်းပေါင်းသောင်းချီ အလွဲသုံးစားလုပ်သည့် ဝန်ကြီးဌာန ၁၅ ခုမှာ -

- လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊
- သမဝါယမ ဝန်ကြီးဌာန၊
- လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊
- ကျန်းမာရေး ဝန်ကြီးဌာန၊
- သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊
- မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊
- ပြန်ကြားရေးဝန်ကြီးဌာန၊
- စက်မှုဝန်ကြီးဌာန၊
- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊
- ပညာရေးဝန်ကြီးဌာန၊
- ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊
- ဟိုတယ်နှုင့်ခရီးသွားလာရေးဝန်ကြီးဌာန၊
- ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့်
- ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန တို့ဖြစ်သည်။

ဒီမိုဖက်တီးနှင့် အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။