Saturday, November 24, 2012

‎''နိုင်ငံရေးအရ နာမည်ပျက်စာရင်း( Blacklist) ကိစ္စဆက်သွယ်လိုလျှင်''

နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့မှ
သတင်းထုတ်ပြန်ချက်(၂/၂၀၁၂) တွင် "ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရ နာမည်ပျက်စာရင်း” ဟုခေါ်ဆိုသော ပုဂ္ဂိုလ်များစာရင်းကိုလည်း ပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေး တာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။" ဟုဖေါ်ပြခဲ့ကြောင်း၊
အဆိုပါ တရားဝင်ကြေညာချက်တွင်ဖော်ပြထားသည့် နိုင်ငံတော် သမ္မတရုံးဆက်သွယ်ရေးတာဝန်ခံမှာ ဒုတိယ၀န်ကြီး ဦးသန့်ရှင်းဖြစ်ပြီး၊ ဖုန်း ၀၆၇-၄၀၉၂၅၁၊ ၀၆၇-၄၀၉၂၅၀ နှင့် Email- mmcontact@mptmail.net.mm တို့မှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်း၊
နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်မှတစ်ဆင့်ဆက်သွယ်လိုကလည်း ဆက်သွယ်နိုင်ပြီး ဒုတိယ၀န်ကြီး ဦးသန့်ရှင်းထံ ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ယနေ့ပြောကြားပါသည်။

(041)

အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။