Monday, October 08, 2012

မရမ်းကုန်းရဲစခန်းမှ ကားတိုက်တဲ့သူက ဦးတေဇရဲ့ဒရိုင် ဘာပါ။ ဦးတေဇရဲ့ဝန်ထမ်းပါ ဆိုပြီး ကာကွယ် ပြောဆိုပေး

ထူးကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ ဦးတေဇရဲ့တူက ဆေးကျောင်းသားတစ်ဦးကို ကားနဲ့ သေစေရန် ရည်ရွယ်၍ တိုက်မှုမှာ ရဲစခန်းက ကားနဲ့တိုက်သူကို ဦးတေဇရဲ့တူဆိုတာ ဖျောက်ဖျက်ထားပြီး သတင်းသမားတွေ သတင်း သွားယူတဲ့အခါမှာ ဦးတေဇရဲ့ဝန်ထမ်းက တိုက်တာပါဆိုပြီး ကာကွယ် ပေးပြောဆိုခဲ့ပါတယ်။

“ဦးတေဇရဲ့တူက ၈၈မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့တူကို ကားနဲ့တိုက်တယ်ဆိုတဲ့ သတင်းကို မရမ်းကုန်းရဲစခန်းမှာ သွားယူတယ်။ ရဲစခန်းက ကားတိုက်တဲ့သူက ဦးတေဇရဲ့ဒရိုင် ဘာပါ။ ဦးတေဇရဲ့ဝန်ထမ်းပါ ဆိုပြီးပြောတယ်။ ဘာမဟုတ်တဲ့ အမှုလေးကိုတောင် မရိုးသားဘူး။တဖက် ကလည်း သားသမီးချင်းစာနာပြီး ကြေအေးလိုက်တာပါ။ အဲ့ဒီအပေါ် မှာတော့ရိုးသားဖို့လိုပါတယ်။” လို့ အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်ခုမှ သတင်းထောက် တစ်ဦးကဆိုပါတယ်။


ဒီကားတိုက်မှုနဲ့ပတ်သက်ပြီး ကားဖြင့်တိုက်ခံရသူဆေး ကျောင်းသားရဲ့ ဦးလေးတော်သူ NLD လွတ်တော်အမတ် ကိုဖြိုးမင်းသိန်းကလည်း ....

“ကားနဲ့ တိုက်ခံရတဲ့ ဆေးကျောင်းသား မောင်ဝေအောင်က ကျွန်တော့်ရဲ့တူပါ။ တိုက်တဲ့ သူကလည်း ထူးကုမ္ပဏီက ဦးတေဇရဲ့တူဆိုတာ ဟုတ်ပါတယ်။ ဦးတေဇရဲ့ အစ်မ ကိုယ်တိုင်က ကျွန်တော်တို့ ဆီမှာ လာပြီး တောင်းပန်လို့ကျွန်တော်တို့ဘက်က
အမှုကို ကြေအေး လိုက်တာပါ။ ဘာနစ်နာကြေး တစ်စုံတစ်ရာကိုမှ လက်မခံဘဲ ဒီကလေးရဲ့ရေရှည်အနာဂတ် အတွက် ကြည့်ပြီး ကြေအေးဖို့သဘောတူခဲ့တာပါ။ ဒီတစ်ပတ်ထွက်တဲ့ ဂျာနယ်ကြီးတစ်စောင်မှာ သုံးထားတာ ကတော့ ဦးတေဇရဲ့ဝန်ထမ်းဆိုပြီး သုံးထားတာ တွေ့တယ်။ ဒါက ဘယ်လိုဖြစ်ပြီး ဒီလို သုံးထားလဲ ဆိုတာတော့ ကျွန်တော် နားမလည်ဘူး။” ကိုဌေးကြွယ်က ပြောပြခဲ့တာပါ။
DVB (ယုဇန)
.