Thursday, June 21, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိသော honorary degree from Oxford University ဆုများ



T

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားအောက်စဖို့ဒ် တက္ကသိုလ် မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  ရရှိ

 ၂၀၁၂-၆-၂၀ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားအောက်စဖို့ဒ် တက္ကသိုလ် မှ ဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်ထူးဆောင်   ဒေါက်တာဘွဲ့ (Honorary Doctor of Civil Law)      ကိုလက်ခံရယူပုံ တွေ့ရစဉ်။ ဓါတ်ပုံ AP

အညတရသူရဲကောင်းဆုချီးမြှင့်ခြင်း အခမ်းအနား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့သော လူထုခေါင်းဆောင်     ဒေါ်အောင်ဆန်းစုကြည်၏ ၆၇ နှစ်မြောက် မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့)
အခမ်းအနားတွင် တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရရှိသူ ဆုရှင် (၅) ဦးအား ဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ဆုများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နာယကများဖြစ်ကြသော ဘဘဦးတင်ဦးနှင့် ဘဘဦးဝင်းတင်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ဆုအနေဖြင့် ကျပ်ငွေ (၁၀) သိန်းနှင့် အတူ အညတရသူရဲကောင်းဆုတံဆိပ် ကိုပါ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆုရှင်များကိုယ်စား  ယခုနှစ်အစောပိုင်းက ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော
ဇိုမီးအမျိုးသားကွန်ဂရက်မှ ပူအန်ထော်နီကပ်ခန်ခွာ က ကျေးဇူးတင်စကား ပြန်လည်ပြောကြား

ခဲ့ကြောင်း သိရှိရပါသည်။

ဆုများအား ကာယကံရှင် ကိုအန်ထော်နီ နှင့် မလှလှမော် တို့ နှစ်ဦးသာ ကိုယ်တိုင်လက်ခံရ     ယူနိုင်ခဲ့ပြီး ဆရာတော် ဦးခေမာစာရ ကတော့ အစောပိုင်းဆက်သွယ်မေးမြန်းထားမှုအရ     တရားရိပ်သာဝင်နေကြောင်း သိရှိခဲ့ရပြီး၊ဒေါက်တာကျော်ကျော်နှင့် ကိုလက်ျာထွန်းတို့

 နှစ်ဦးမှာတော့ လက်ရှိထောင်ကျခံနေရဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

ကျနော်တို့ ကော်မတီက လက်ခံရရှိထားသော အခမ်းအနားဓတ်ပုံများနှင့်အတူ Mizzima  

သတင်းဌါန၏ သတင်းဖော်ပြချက်ကိုပါ ပေးပို့အပ်ပါသည်။

ကော်မတီအနေဖြင့် သြဂုတ်လ(၅) ရက်နေ့တွင် တတိယအကြိမ်မြောက် အညတရသူရဲကောင်း
ဂုဏ်ပြုပွဲအခမ်းအနားတရပ် အား  ဂျပန်နိုင်ငံ၊ တိုကျို မြို့တွင် ကျင်းပသွားနိုင်ရန် စီစဉ်လျှက် ရှိပါကြောင်းနှင့် အဆိုပါအခမ်းအနားအတွက်သူရဲကောင်းဂုဏ်ပြု ကဗျာများ ပေးပို့ပေးနိုင်ပါရန်နှင့် အခြားဆောင်ရွက်စေလိုသော အကြောင်းအရာများအားအကြံပြုပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

ကော်မတီအနေဖြင့် ငွေစာရင်းရှင်းတမ်းနှင်အတူ နောက်ဆုံးရ အလှူရှင်စာရင်းအားမကြာမီအချိန်  အတွင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ဆုချီးမျြင့်နိုင်ရေးအတွက်
အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း အသိပေး အကြာင်းကြားအပ်ပါ

သည်။

အမျိုးသားရေး စိတ်ဓါတ်အပြည့်ဖြင့် ငွေကြေးထည့်ဝင်လှူဒါန်းခဲ့ကြသူများ၊ရန်ပုံငွေခရီးစဉ်များတွင် လိုက်ပါအားပေးခဲ့ကြသူများအားလုံး နှင့်တကွဤလုပ်ငန်းစဉ် အောင်မြင်ရေးအတွက်

 အသွင်သဏ္ဍန် အမျိုးမျိုးဖြင့် အဖက်ဖက်က ၀ိုင်းဝန်းပံ့ပိုး ကူညီခဲ့ကြသူများအားလုံးအား 
အထူးပင် ဂုဏ်ယူလေးစားရပါကြောင်းနှင့် ကျေးဇူးအထူးတင်ရှိရပါကြောင်း ကော်မတီကိုယ်စား 
ဂါရ၀ရှေ့ထား အသိပေး ပြောကြားအပ်ပါသည်။

လေးစားစွာဖြင့်
မင်းထက်ဇော်
အဖွဲ့ဝင်
အညတရသူရဲကောင်းဆုကော်မတီ
၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အော့စဖိုဒ် တက္ကသိုလ်သို့  သွားရောက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂-၆-၁၉ ရက်နေ့ က ဗြိတိန်နိုင်ငံ အော့စဖိုဒ် တက္ကသိုလ်ကို ရောက်ရှိလာပြီး ပါမောက္ခများ တာဝန်ရှိသူများ မိတ်ဆွေဟောင်းများနှင့် တွေ့ ဆုံခဲ့ပြီး
စာကြည့်တိုက်ကို သွားရောက်လေ့လာခဲ့ပါတယ်။
.
.