Wednesday, February 08, 2012

ကိုမင်းကိုနိုင် သန်လျှင် ဂရုဏာလက်နဲ့တွေ့(ရုပ်သံ)



 ပညာဒါန သင်တန်းကျောင်း အတွက် ဂရုဏာလက် လူမှုအကျိုးပြု လူငယ်တွေက ရန်ကုန်တိုင်း သံလျှင်မြို့နယ် ကျိုက်ခေါက် ဘုရားပွဲတော် ရက်အတွင်း ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲကို ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေ သွားရောက် ပြီး ပညာရေး သင်တန်းကျောင်း အတွက် အလှူငွေ ထည့်ဝင်ခဲ့သလို ဂရုဏာလက် လူမှုအကျိုးပြုလူငယ်တွေ ရောင်းချနေတဲ့ ပိုစတာတွေမှာ အမှတ်တရ လက်မှတ် ထိုးတာတွေ ပြုလုပ်ပေးခဲ့တာပါ။ဒီရန်ပုံငွေ ရှာပွဲမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ရုပ်ပုံပါ အင်္ကျီတွေ ပိုစတာတွေ အခြား လူသုံးကုန်ပစ္စည်း တွေနဲ့ အစားအသောက်တွေကို ရောင်းချနေကြတာဖြစ်ပါတယ်။ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ဆံတော်ရှင် ကျိုက်ခေါက် စေတီတော် မြတ်ကြီးကို သွားရောက် ဖူးမျှော်ခဲ့ကြသလို အလှူငွေ များလည်း ထည့်ဝင် ခဲ့ကြပါတယ်။

သတင်းရုပ်သံ ။ ။BurmaVJ.

0 comments: