Wednesday, February 08, 2012

သေကမ္ဘာဦးခင်ရွှေ လယ်မြေများမတရားသိမ်းယူမှု(ရုပ်သံ)


ဇကမ္ဘာဦးခင်ရွှေ ပိုင် ဇေကမ္ဘာကုမ္ပဏီက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စှမှာရှိတဲ့ လယ်မြေတွေကို
သိမ်းယူနေပြီး မြေတူးစက်ကြီးတွေနဲ့ လယ်ကန်သင်းရိုးတွေကို ဖျက်ဆီးနေပါတယ်။
လယ်ယာမြေ (၈၁၅) ဧက ကို စက်မှုဇုန်အပိုင်း (၄) အကောင်အထည်ဖော်ဖို့ ဆိုပြီး အခုလို့ လယ်ကန်သင်းရိုးတွေကို ဖျက်ဆီး တူးဖော်နေတာပါ၊
ဇေကမ္ဘာကုမ္ပဏီက ဆယ်မြောင်းကြီး(ဂ)ခုနဲ့မြောင်းငယ်တွေကိုလည်း ပိတ်လိုက်တာကြောင့် လယ်ယာမြေတွေထဲကို ရေမေ၇ာက်တော့ပဲ လယ်သမားတွေ
အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်
လာမယ့်(မတ်လ)မှာ ပိတ်ထားတဲ့ ဆယ်မြောင်းတွေကို ဖွင့်မပေးရင် မိုးစပါးစိုက်ပျိုးဖို့ အခက်တွေ့နိုင်မှာဖြစ်ပြီး
ချောင်းကိုပိတ်ထားတဲ့အတွက် နွေရာသီမှာ ရေမရရှိပဲ မိုးတွင်းမှာဆိုရင် ရေထွက်ပေါက်မရှိလို့ ရွာတွေ ရေမြုပ်ကုန်တယ်လို့ သိရပါတယ်
လယ်သမားတွေက အခုလို လယ်ကန်သင်းရိုးတွေကို ဖျက်ဆီးနေတာကို ရပ်တန့်စေချင်ပြီး အရင်ကလိုပဲမိမိတို့လယ်မြေတွေကို
ဆက်လက်လုပ်ကိုင်ချင်တယ်လို့ ပြောဆိုနေကြောင်း သိရှိရပါတယ်။ 

သတင်းရုပ်သံ။ ။BurmaVJ.

0 comments: