Wednesday, February 27, 2013

ငါတို့တတွေ သောက်ချဉ်တွေမဟုတ်ဘူး

ဒေါ်စုကို ဟာဂျီစုလို့ပြောနေတာ ဘယ်သူတွေလဲ

By Moe Zay Nyein
ဘာသာရေးကိုခုတုံးလုပ်ပြီး အမျိုးကိုချစ်ဖို့ တဖွဖွပြောသလိုလိုနဲ့ တခြားလူတွေကို ၈၈ မျိုးဆက်၊ NLD နဲ့ ဒေါ်စုကို ထိုးနှက်တိုက်ခိုက်နေနတဲ့သူတွေက ဘယ်သူတွေများဖြစ်နိုင်မလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်-

(၁) ကျောင်းသားသမဂ္ဂမှာ ကုလားတွေဝင်စီးနေပါပြီလို့ သူတို့ကပြောကြတယ်။ ကျောင်းသားသမဂ္ဂကို ကောင်းစေချင်လို့ ပြောသလိုလိုနဲ့ ကျောင်းသားသမဂ္ဂကို အပုတ်ချကြတယ်။ အဲဒီလူတွေက ကျောင်းသားသမဂ္ဂကို မုန်းကြတယ်။ ဒီတော့ ခေတ်အဆက်ဆက်မှာ ကျောင်းသားသမဂ္ဂကို မုန်းတီးခဲ့တာ ဘယ်သူတွေလဲ ? ကျောင်းသားသမဂ္ဂကို သမိုင်းကနေ ဖျောက်ပစ်ချင်နေခဲ့တာဘယ်သူတွေလဲ ?

(၂) "၈၈'' ကျောင်းသားခေါင်းဆောင်တွေဟာ မွတ်စလင်ကုလားဘက်ခေါ်ရင် မွတ်စလင် ကုလားကောင်းကြောင့်းတိုင်းရင်းသားများဘက်မှ အရိုးခံသက်သက်ခေါ်ပြောခိုင်းရင် တိုင်းရင်းသားများ ကောင်းကြောင့်း့ လေယူရာတိမ်းပြီး ပြောဆိုနေခြင်းဟာ
အမိတိုင်းရင်းသားတို့အတွက် အမျိုးသားရေးမှာ စိုးရိမ်စရာအန္တရာယ်ကြီးဖြစ်နေပါတယ်” လို့ သူတို့က ရေးကြတယ်။ ၈၈ အုပ်စု ကျောင်းသားတွေကို ရန်သူသဖွယ်သဘောထားပြီး တိုက်ခိုက်ခဲ့တာ ဘယ်သူတွေလဲ ? ၈၈ မျိုးဆက်ကျောင်းသားတွေကို မုန်းတီးလွန်းအားကြီးလို့ ထောင်ထဲမှာ နှစ်ရှည်လများထည့်ထားခဲ့တာ ဘယ်သူတွေလဲ ?

(၃) NLD မှာ မွတ်စလင်တွေကြီးစိုးနေပါပြီ။ ဒေါ်စုကို ဟာဂျီစုလို့တောင် ပြောင်းခေါ်သင့်ပါပြီ။ NLD ဟာ ကုလားအားပေးပါတီပါလို့ သူတို့က ပြောကြတယ်။ သူတို့က NLD နဲ့ ဒေါ်စုကို မုန်းတီးကြတယ်။ ခေတ်အဆက်ဆက်မှာ NLD ကို နေ့စဉ်ရက်ဆက် သတင်းစာတွေ၊ တီဗီတွေထဲကနေ သိက္ခာချလာကြတာ ဘယ်သူတွေလဲ ? ဆယ်စုနှစ် နှစ်ခုတာကာလအတွင်းမှာ NLD ပါတီချည့်နဲ့ရေးနဲ့ ပျက်သုဉ်းရေးအတွက် နည်းဗျူဟာ ပေါင်းစုံခင်းပြီး ချေမှုန်းရေးလုပ်လာကြတာ ဘယ်သူတွေလဲ ?

ဒီလောက်ဆိုရင် ဘယ်သူတွေလဲ ဆိုတာ စဉ်းစားမိကြမယ်ထင်ပါတယ်။ အဲဒီ့ အကွက်တွေက သိပ်ဟောင်းလွန်းနေတော့ အကွက်သစ်လေးဘာလေး တီထွင်ကြံဆဖို့ အကြံပြုပါရစေ။