Tuesday, February 07, 2012

ဒေါ်အောင်ဆန်းစုကြည် တောင်ပိုင်းခရိုင်သံလျှင် ကော်မရှင်ရုံးသို့ အဆိုပြုလွှာ စီစစ်ရန် သွားရောက်ခဲ့ (ရုပ်သံ/ဓါတ်ပုံ)


T
 ၆-၂-၂၀၁၂
ယနေ့နံက် (ဖေဖော်ဝါရီ ၆ ရက်) ၁၀ နာရီက သန်လျင်မြို့ရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားမှုကို ကော်မရှင်ရုံးမှ တာဝန်ရှိသူများက မိနစ် ၄၀ ခန့်အကြာ တွေ့ဆုံမေးမြန်း စိစစ်မှု
အပြီး ခရိုင်ကော်မရှင်ရုံးက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်အောင်ဆန်း စုကြည် အမည်
တင်သွင်း မှုကို အတည်ပြုလိုက်ပြီဖြစ်သည်။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သန်လျင်
မြို့ အနီးနားရှိ ရွာများမှ အလုပ်သမား လယ်သမား လူငယ်များက  လွတ်လပ်ရေး၏ ဖခင်ကြီး ဗိုလ်ချုပ်
အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၏ ဓါတ်ပုံများကိုင်ဆောင်ကာ လူထုကြီးက ကြိုဆိုခဲ့ကြ
သည်။
 
ရုပ်သံ။။ BUrma VJ
သတင်းဓါတ်ပုံ။ ။လူထုအော်သံ
.

0 comments: