Tuesday, February 07, 2012

ဦးတင်ဦး ရဲ့ ဧရာဝတီတိုင်း ခရီးစဉ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဧရာဝတီတိုင်းမှာရှိတဲ့ ဖျာပုံမြို့နယ် နဲ့ ဒေးဒရဲ မြို့နယ် တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဆိုင်းဘုတ်ဖွင့်ပွဲနဲ့အတူ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းအဖွဲ့တွေနဲ့လည်း ဆွေးနွေး ခဲ့ကြပါတယ်။ ဖျာပုံမြို့နယ် နဲ့ ဒေးဒရဲမြို့နယ်တွေက ဆိုင်းဘုတ်တင်ပွဲမှာ ဒေသခံတွေကို ဦးတင်ဦးက မိန့်ခွန်းပြောကြာခဲ့ပါတယ်။ဒါ့အပြင် ဒေးဒရဲမြို့နယ်က အုန်းပင်ကျေးရွာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်တဲ့ အလင်းရောင် စာကြည့်တိုက်ဖွင့်ပွဲကိုလည်း သွားရောက်ခဲ့သလို အိုးဘိုကျောင်းတိုက်က သံဃာတော် ၉ ပါးကိုလည်း သင်္ကန်းကပ်လှူခဲ့ပါတယ်။ 
ရုပ်သံသတင်း။ ။Burma VJ.

0 comments: