Wednesday, October 05, 2011

NLD လူငယ်တာဝန်ခံတစ်ဦးအသတ်ခံရ

၎ရက်၊ အောက်တိုဘာ၊ ၂၀၁၁ခုနှစ်

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူ
အဘဦးချစ်ဦး+အမိဒေါ်သန်းဦးတို့၏သားဖြစ်သူ ယခုသုံးခွမြို့နယ် NLD
လူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည် ယနေ့ မနက်(၃)နာရီခန့်တွင် နောက်စေ့ခေါင်းကွဲ
ဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီးတွင် သေဆုံးနေသည်ကို သိရှိရပါသည်။
ကိုမောင်မောင်(သေဆုံးသူယောက်ဖ)မှ
သုံးခွမြို့နယ်လူငယ်တာဝန်ခံ(၁)ကိုဝင်ဇော်(ခ)ကိုတွတ်ပီထ
ကိုနိုင်ဝင်းသေပြီဟုလာရောက် ပြောပါသည်။ ခေါင်းမှာလည်းဒဏ်ရာဒဏ်ချက်တွေနဲ့
သေဆုံးနေတယ်လို့ပြောပါတယ် လူငယ်တာဝန်ခံမှလိုက်ကြည်သည့်အခါ ကိုနိုင်ဝင်အား
မှောက်ရပ်အနေအထားဖြင့် မနက်(၅)နာရီခွဲလောက်တွင်သေဆုံးနေသည်ကို တွေ့ရပါသည်။
မျက်နှာမှာရွံ့ဗွက်ထဲတွင်မှောက်ရက်ဖြစ်နေပြီး
နောက်စေ့တွင်တုတ်နှင့်ရိုက်ထားသည့်ဒဏ်ရာရှိပါသည်။ မျက်နှာကိုလှန်ကြည့်သည့်အခ
မျက်နှာဖူးရောင်ကိုင်းနေပါသည်။နှာခေါင်းရိုးကျိုးပြီးသွေးတွေလည်းထွက်နေပါသည်။
ကိုဝင်းဇော်မှ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ကို မယုံကြည်နိုင်လောက်အောင်
ယူကြုံးမရဖြစ်ခဲ့ရပါသည်။ မနေ့က ၃ ရက်နေ့ တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးချုပ်တွင် ကျင်းပသည့် ရန်ကုန်တိုင်းအတွင်း
မြိုနယ်လူငယ်များစုံညီအစည်းအဝေးကို သေဆုံးသူနှင့်
ကိုဝင်းဇော်တို့တက်ခဲ့ပါသေးသည်။ ညဘက်မှလမ်းခွဲခဲ့ခြင်းဖြစ်ပါသည်။
ကိုနီုင်ဝင်းအားသတ်သွားသည့်တရားခံမှာ (၉)ရပ်ကွက်တွင်နေထိုင်သူ
အမှတ်(၈)မှော်ဘီရဲတပ်ရင်းတွင်တာဝန်ထမ်းဆောင်နေသူ ရဲတပ်သား
ဇင်မင်းထွန်း(ခ)ပြဿဒါး ဖြစ်သည်ဟု နောက်သိရှိရပါသည်။ တရားခံဖြစ်သူ
ဇင်မင်းထွန်းနှင့် ကိုနိုင်ဝင်းတို့မှာ နဂိုက ခင်မင်ရင်းနှီးကြပါသည်။
ရဲတပ်ရင်းဝင်ပြီးနောက်ပိုင်းမှာ ခွင့်နှင့်ပြန်လာပြီးနောက်ပိုင်း
တွေ့ရှိကြခြင်းဖြစ်ပါသည်။ ရဲတပ်သားဇင်မင်းထွန်းမှာ
အရက်အလွန်အကျွံသောက်ထားသည်ဟုသိရှိရပါသည်။ နောက်ပိုင်းတွင်
အဆိုပါရဲတပ်သားဇင်မင်းထွန်းမှ သုံးခွမြို့နယ် ရဲစခန်းတွင်
လာရောက်အဖမ်းခံသည်ဟုလည်းသိရပါသည်။ ညပိုင်းအဖြစ်အပျက်များကို အဆိုပါရဲတပ်သားမှ
ခံဝန်ချက်ပေးနေဆဲဖြစ်ပြီး အသေးစိတ်မည်သို့သေဆုံးသည်ကိုမသိရှိရသေးပါ။
.

0 comments: