Friday, July 01, 2011

ပြောချင်လာပြီ ။။။။။

by Ah Bayah on Friday, July 1, 2011 at 1:00am
ပြောချင်လာပြီ ၊xxx ၊၊၊၊၊၊ NLD နဲ့ အန်တီစု အပေါ် သတင်းစာတွေက စည်းမဲ့ကမ်းမဲ့ ရေးနေတာတွေကြောင့် မေးပြောကလေး ပြောချင်လာတယ် ။ အခုလက်ရှိ အစိုးရပါလို့ ပြောနေတာ ဘာအစိုးရလဲ ? သူတို့ပြောနေတာ အရပ်သားအစိုးရ ၊ ဒီမိုကရေစီအစိုးရ ...အဲဒီလိုပဲ သူတို့ ကိုယ်တိုင် ခဏခဏ ပြောနေတာပဲ ။ အရပ်သားအစိုးရ ဒီမိုကရေစီအစိုးရ ဆိုတဲ့ပုဂ္ဂိုလ်တွေကိုပဲ မေးချင်တယ် ။ အဲ့ဒီနိုင်ငံရဲ့ အမြင့်ဆုံးအာဏာ သုံးရပ်ဖြစ်တဲ့ (အုပ်ချုပ်ရေးအာဏာ ၊ တရားစီရင်ရေးအာဏာ ၊ ဥပဒေပြုအာဏာ) အဲ့ဒီအာဏာ သုံးရပ်ဟာ ဘယ်မှာတည်သလဲ သိပါသလား ? ပြည်သူ့လွှတ်တော်မှာသာတည်တယ်ဆိုတာ မသိလို့လား ? ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား ? ဒါမှမဟုတ် စာမတတ်လို့လား ? ဒါဆိုရင် လွှတ်တော်တရပ် မရှိသေးစဉ်ကာလတုန်းက ၊ ရွေ့းကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဆိုတဲ့လူက သူ့သဘောနဲ့ သင်းဖွဲ့စည်းမျဉ်းဥပဒေ ဆိုတဲ့ ဥပဒေကိုလွှတ်တော်မပါပဲ ဖျက်သိမ်းခွင့် ရှိသလား ? မသိလို့လား ? ရူးနေတာလား ? ဥပဒေပြုအာဏာ ဆိုတာ ဥပဒေတရပ်ကို ပြဋ္ဌာန်းချင်ရင်ပဲဖြစ်ဖြစ် ၊ ဖျက်သိမ်းချင်ရင်ပဲဖြစ်ဖြစ် လွှတ်တော်မှာသာ အာဏာ တည်တယ်ဆိုတာ ကော်မရှင်ဥက္ကဋ္ဌကြီး ရူးနေလို့ မသိဘူးထင်တယ် ။ အခု လွှတ်တော်ရှိနေပြီ ဆိုတော့လည်း ၊ ပြည်ထဲရေးဝန်ကြီး က သူ့သဘောတစ်ခုထည်းနဲ့ သင်းဖွဲ့စည်းမျဉ်းဥပဒေကို ဖျက်သိမ်းလို့မရတာကို မသိဘူးလား ? စစ်အစိုးရမဟုတ်တော့ဘူးလေ ။ အမိန့် အာဏာ နဲ့ အုပ်ချုပ်လို့ မရတော့တာ သတိမထားမိဘူးထင်ပါရဲ့ ။ ဥပဒေတရပ်နဲ့အညီ မှတ်ပုံတင်ခဲ့တဲ့ NLD ပါတီကို ဖျက်သိမ်းဖို့ဆိုတာ ။ အဲဒီ သင်းဖွဲ့စည်းမျဉ်းဥပဒေကို ၊ ဥပဒေနဲ့အညီ ပြည်သူ့လွှတ်တော်ကသာလျှင် ဖျက်သိမ်းပြီးမှ ... အဲ့ဒီဥပဒေနဲ့ မှတ်ပုံတင်ခဲ့တဲ့ ပါတီဟာလည်း ပျက်ပြယ်တယ်ဆိုတာ ရူးချင်ယောင်ဆောင်ပြီး အရူးကွက်ဖမ်းပြီး မသိကြတာလား? နောက်တစ်ခု ပြောဦးမယ် ... လွှတ်တော်တရပ်နဲ့အတူ တရားဥပဒေနဲ့အညီ တက်လာတဲ့ အစိုးရကြီးက ( ကချင်ပြည်နယ်) မှာစစ်ပွဲတွေ ဆင်နွှဲနေတာ ၊ လွှတ်တော်မှာ အတည်ပြုချက်ယူခဲ့သလား ? စစ်ပွဲအတွက် သမ္မတ ကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး ခွင့်ပြုခဲ့သလား? ( မင်းအောင်လှိုင် ) ဆိုတဲ့ ဗိုလ်ချုပ်တယောက်ရဲ့ အမိန့်နဲ့ စစ်ပွဲ လုပ်ခွင့်ရှိသလား ။ သမ္မတကြီး လက်မှတ်ထိုးပြီးတိုက်ခိုင်းရင် တရားဝင် ကြေငြာသလား ? မေးစရာတွေ များစွာ ကို ဖြေကောဖြေနိုင်သလား ? ပြည်သူလူထုကိုစာမတတ်တဲ့သူတွေလို သဘောထားနေသလား ? စစ်အာဏာရှင်လက်ထက်က တမျိုးလုပ်ခဲ့သေးတယ် ။။ (ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့်) တဲ့လေ ။ လွှတ်တော်မရှိပဲ ဥပဒေပြုခွင့်မရှိတဲ့ စစ်တပ်က လုပ်ချင်တာလုပ်ဖို့ ဥပဒေ မဟုတ်ပဲ ၊ အမိန့်ကို အရူးကွက်ဖမ်းပြီး ( ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်) တဲ့လေ ။ အမိန့်က အမိန့်ပဲ ။ဥပဒေမှ မဟုတ်တာ ။ ဒါကိုပဲ ဥပဒေကဲ့သို့ အာဏာတည် ရမယ်တဲ့ ။ ဥပမာ တစ်ခုပေးချင်တယ် ... သွေးသည် နီ၏ ။ ခွေးသွေးသည်နီ၏ ။ထို့အတူ လူ၏သွေးသည်နီ၏ ။ နီတာချင်းတူ၏ ...ဆိုတာမျိုးလိုဖြစ်နေပြီ ။ နီတာခြင်းတူတိုင်း ခွေးက လူမဖြစ်ဘူး ။ ခွေးကခွေးပဲ ။ လူကလူပဲ ။ ဥပဒေက ဥပဒေပဲ ။ အမိန့်က အမိန့်ပဲ ။ အမိန့်နဲ့ ဥပဒေပြုခွင့်မရှိသလို ဖျက်သိမ်းခွင့်လည်းမရှိဘူး ဆိုတာ မသိတာလား? လူတစ်ဦးတယောက် ။ ကော်မရှင်တစ်ခု ၊ အဖွဲ့တစ်ခု ။ မည်သူ့သဘောနဲ့မှ ဥပဒေပြုခွင့် မရှိပါဘူး ။ ဖျက်သိမ်းခွင့်မရှိပါဘူး ။ ဥပဒေပြုအာဏာသည် ပြည်သူ့လွှတ်တော်မှာ တည်တယ်ဆိုတာကို ၊ မသိတာလား ။ ရူးချင်ယောင်ဆောင်ပြီး နေတာလား ။ စာမတတ်လို့ လားလို့ မေးရင်နဲ့ မသိရင်မှတ်ထား ။ နိုင်ငံတော် အမြင့်ဆုံး အာဏာသုံးရပ်ဖြစ်တဲ့ ( အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ ဥပဒေပြုအာဏာ ) တွေဟာ ပြည်သူ့လွှတ်တော်မှာပဲတည်တယ်ဟေ့ ။
(အ.ဘ.ယ)
.

0 comments: