Thursday, April 07, 2011

2011 ခုနှစ်မင်္ဂလာဒိုး အနုပညာအင်အားစု ဂျပန် မှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့် ချီ

2011 ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ
နှစ်စဉ် ကျင်းပနေကျ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ
မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန် နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက် တနှစ်တခေါက်
မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ။
ယခုနှစ်တွင်လည်း စင်တက်တေး မဟာလူသား နွေကလာကာအဖွင့် 2011 ရုပ်သေးလွှတ်တော် အားကစား
စောင်မကြည့် ရှု့ ခြင်း နိုင်ငံတော် လုပ်ကြံမှု အပြောကတော ရွှေမန်း အထူးသတင်းကြေငြာချက် ဆူနာမီ စသည့်
တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။
မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ယခုနှစ်ဂျပန်နိုင်ငံတွင် ဆူနာမီငလျင်ကြီးလှုပ်ခပ်ခဲ့သေြာေ
ကာင့်
မေလ 15 ရက်(15.5.2011)တွင်ကျင်းပရန်မည်ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။
မင်္ဂလာဒိုး အနုပညာအင်အားစု ဂျပန် မှ ရဲရဲတောက်တေးသံချပ်များ ကို အဖွဲ့ ခေါင်းဆောင်ဦးမျိုးသန့် မှ တာဝန်ယူဦးဆောင်ပြီး သံချပ်များကို ဦးမျိုးသန့် ၊ ကိုသောင်းထွန်းဦး၊ကိုထွန်းဝေ တို့ မှ ရေးသားကြပြီး မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်
ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ တိုကျို သင်္ကြန်ပွဲတော်တွင် လည်း အဖွဲ့ ဝင် ၃၀ ကျော်ဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး
ဦးမျိုး သန့်  090 9241 4960 နှင့် ကိုထွန်းဝေ 080 3099 1503 kotunwai@gmail တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း
သိရှိရပါတယ်။
သီချင်းများနားထောင်လိုပါက

ကိုထွန်းဝေအားကျေးဇူးတင်ပါတယ်။ .

0 comments: