Wednesday, April 06, 2011

NLD လွတ်မြောက်နယ်မြေ ဌာနခွဲများအားလုံး စုပေါင်း၍ ဂျပန်ငလျင်နှင့် စုနာမီဘေးအတွက် ငွေလှူဒါန်းသည့်အခမ်းအနား

မတ်လ ၁၁ ရက်နေ့က  လှုပ်ခတ်ခဲ့တဲ့ ဂျပန်ငလျင်ဘေးရဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် NLD (လွတ်မြောက် နယ်မြေ-ဗဟို) နဲ့ နိုင်ငံတကာမှာ ရှိတဲ့ NLD (လွတ်မြောက်နယ်မြေ) ဌာနခွဲတွေ စုပေါင်းပြီး အာဏာရ ဂျပန်ဒီမိုကရက်ပါတီ (DPJ) ကို အမေရိကန် ဒေါ်လာ ၁၂၀၀၀ ကျော်နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ သောင်း ၁၀၀(ယန်း၁၀သိန်း) ကို ဒီကနေ့သွားရောက် လှူဒါန်းခဲ့ပါတယ်။
ယခုအကူညီအတွက် NLD (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ) က ဦးစီးလှုံ့ဆော်ခဲ့တာ ဖြစ်ပြီး  ဂျပန်ဒီမိုကရက်ပါတီ ဌာနချုပ်မှာ ဖွင့်လှစ်ထားတဲ့ ကူညီကယ်ဆယ်ရေး လက်ခံဌာနမှ အောက်လွတ်တော်အမတ် Mr.Fujimura Osamu မှ အလှူငွေများကို လက်ခံရယူခဲ့ကြောင်း သိရပါတယ်။
 NLD (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ) မှ တာဝန်ရှိသူများမှ ငလျင်ဘေးဒဏ် ခံစားရသော ဂျပန် ပြည်သူ၊ ပြည်သားများအတွက် NLD (လွတ်မြောက် နယ်မြေ-ဗဟို)မှ ပေးပို့သော ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာချက်ကို ရှင်းလင်းပြောကြားခဲ့ရာ အောက်လွတ်တော်အမတ် Mr.Fujimura Osamu မှ
 ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အလှူငွေများပေးပို့ပေးသော NLD (လွတ်မြောက် နယ်မြေ-ဗဟို)နှင့် နိုင်ငံတကာရှိဌာနခွဲများအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဂျပန်နိုင်ငံတွင် ယခုကြုံတွေ့နေရသော ဒုက္ခအခက်အခဲများကို  အတတ်နိုင်ဆုံး အောင်မြင်အောင် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။
.

0 comments: