Sunday, November 14, 2010

သားကောင် ထောင်ဖမ်းတာမျိုး မဖြစ်စေလိုတဲ့ သာသနာ့ဥသျှောင်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုကြောင်း ပြည်ပအခြေစိုက် သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်က ကျေညာချက်တရပ် ထုတ်ပြန်ပြီး ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာဟာ သားကောင်ကို ထောင်ဖမ်းတာမျိုး မဟုတ်ဘဲ၊ အစစ်အမှန် လွတ်လွတ်ကျွတ်ကျွတ် လွှတ်ပေးတာမျိုး ဖြစ်စေလိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပြစ်မရှိဘဲ ထောင်ထဲမှာ မတရား ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁ဝဝ ကျော်ကိုလည်း အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။.

0 comments: