Friday, September 10, 2010

ပြည်သူ့ပိုင်ဘဏ္ဍာငွေအလွဲသုံးစားလုပ်ထားတဲ့ ပါတီငွေနဲ့ တောင်သူဦးကြီးများကို မဲရရှိရေးအတွက် မဲဆွယ်နေတဲ့ USDP(ပြည်ခိုင်ဖြိုး)ပါတီ

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်သမားများကို USDP(ပြည်ခိုင်ဖြိုး)ပါတီက ငွေကျပ် သိန်းပေါင်းရှစ်သောင်း ကျော် ထုတ်ချေးပေးကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိသည့် အနက် မြို့နယ် ၁၆ မြို့နယ်မှ လယ်သမားများကို အတိုးနှုန်း တစ်ကျပ်ခွဲနှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်သည်။ “စပါးပေါ်တဲ့ အချိန်မှာ ရောင်းချပြီးမှ ပြန်ပြီးဆပ်ခွင့် ပြုထားပါတယ်။ သက်သာတဲ့ အတိုးနဲ့ အဆင်ပြေအောင် ချေးပေးတဲ့ သဘောပါ”ဟု USDP ပါတီမှ အလုပ်အမှုဆောင် တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

တချိန်တုန်းကတော့ လူမှုရေးအသင်းကြီး ဆိုတဲ့ ပုံရိပ်ရဲ.အကာအကွယ် နောက်မှ တစ်နိုင်ငံလုံးဝန်ထမ်းတွေ ဆရာဆရာမ ကျောင်းသူ ကျောင်းသားတွေပါ မ၀င်မနေရဆိုပြီး အဖွဲ.၀င်ကြေးကောက် ၀တ်စုံကြေးတွေကောက်ပြီး ရံပုံငွေ နည်းမျိုးစုံနဲ့ရှာခဲ့တဲ့ အသင်းကြီးပါ ခုတော့နေ့ခြင်း ညခြင်း နိုင်ငံရေးပါတီကြီးဖြစ်သွားပြီ ။ ဥပဒေ ဘောင်အတွင်းကနေ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့
(နိုင်ငံပိုင်)ငွေကြေး ....
(နိုင်ငံပိုင်)မော်တော်ယဉ် ....
(နိုင်ငံတော်ပိုင်)အဆောက်အအုံ...(နိုင်ငံ့ဝန်ထမ်းလခစါး)လူအင်အားတွေနဲ.... ခပ်တည်တည် ခပ်ထည်ထည် မဲဆွယ် စည်းရုံးနေတာ ရှက်တတ်ရင်လဲသေဖို့ကောင်းတယ် နအဖဗိုလ်တုတ်
ကြီးများရယ်.........

 

0 comments: