အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ပြသချိန် မပြီးဆုံးမီ ပြင်ပသို့ ထွက်ခွာလိုပါက လုံခြုံရေး တိုးမြှင့်ရန်ဟူ၍ အမည်နှင့် နေရပ်လိပ်စာ တောင်းခံရုံသာမက ဓာတ်ပုံရိုက်ခံပြီးမှသာ ထွက်ခွာခွင့်ပြုဟု သိရ |
ရန်ကုန်မြို့ရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ပြသချိန် မပြီးဆုံးမီ
ပြင်ပသို့ ထွက်ခွာလိုပါက လုံခြုံရေး တိုးမြှင့်သည့် အနေဖြင့် အမည်နှင့်
လိပ်စာအပြင် ဓာတ်ပုံရိုက်ကူးခံပြီးမှသာ ထွက်ခွာခွင့်ပြုကြောင်း အဆင့်မြင့်
ရုပ်ရှင်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့သူ များ၏ ပြောပြချက်အရ သိရှိရသည်။
ယင်းကဲ့သို့ ဓာတ်ပုံရိုက်ယူသော လုံခြုံရေး တိုးမြှင့်မှုမှာ ယခုလပိုင်းမှ
စတင်ခဲ့ကာ နိုင်ငံတကာတွင် ယင်းကဲ့သို့ လုံခြုံရေးချထားခြင်းမျိုး
မရှိသေးကြောင်း နိုင်ငံတကာသို့ လှည့်လည်သွားလာဖူးသူ တစ်ဦးက
ပြောပြခဲ့ပါသည်။
''ကျွန်တော် ရောက်ဖူးတဲ့
နိုင်ငံတော်တော်များများမှာ အဲဒီလို လုံခြုံရေးမျိုး မရှိဘူး။ အလွန်ဆုံး
စီစီတီဗီနဲ့ မှတ်တမ်းတင်ထားတာမျိုးပဲ မြင်ဖူးတယ်။ သရီးဒီ
အဆင့်မြင့်ရုံတွေမှာတောင် ဒီလိုမျိုး မတွေ့ဖူးဘူး။ အိတ်ကိုပြပြီး
တန်းစီဝင်ရတာပဲ ရှိတယ်။ ရုပ်ရှင်မပြီးခင် အပြင်ထွက်ချင်ရင်လည်း
ကိုယ့်ပုဂ္ဂိုလ်ရေး ဖြစ်တဲ့အတွက် ဒီလိုပဲ ထွက်လို့ရတာပဲ''ဟု ဒေသတွင်း
နိုင်ငံများနှင့် ဥရောပသို့ မကြာခဏ သွားရောက်ခဲ့သူ အမျိုးသားတစ်ဦး က
ပြောပြခဲ့သည်။
လုံခြုံရေး
တိုးမြှင့်ချထားခြင်း ဖြစ်သော်လည်း ယင်းမှာ ပုဂ္ဂိုလ်ရေးအရ
စိတ်အနှောင့်အယှက် မဖြစ်စေရန်မှာ အရေးပါကြောင်းကို ရန်ကုန်မြို့ခံတစ်ဦးက
''ကျွန်တော်တို့ ရုပ်ရှင် လာကြည့်တယ်ဆိုတာ အပန်းဖြေချင်လို့ပါ။
ရုပ်ရှင်မပြီးခင် ထွက်တယ် ဆိုတာလည်း ကိုယ့်ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်
သွားစရာ အရေးပေါ်ကြုံလို့ ထွက်ကြတာပါပဲ။ ဒီလို လုံခြုံရေးမျိုးနဲ့
ကြုံရတော့ စိတ်တော့ အနှောင့်အယှက် ဖြစ်ရတာပေါ့''ဟု ၎င်းက သြဂုတ်လ ၂၄ ရက်နေ့က
ရန်ကုန်မြို့ရှိ အဆင့်မြင့် ရုပ်ရှင်ရုံတစ်ရုံတွင် ဖြစ်ခဲ့စဉ်အား
ပြန်လည်ပြောပြခဲ့သည်။
ပြသချိန်
မပြီးဆုံးမီဟု ဆိုရာတွင် ရုပ်ရှင်ပြီးဆုံးရန် မိနစ်ပိုင်းမျှ
လိုတော့ချိန်အထိ ပါဝင်ပြီး လုံခြုံရေးအရ ဓာတ်ပုံရိုက်ယူရာ၌လည်း
ကိုယ်လုံးပေါ် ပုံရိုက်ယူပြီး ကွန်ပျူတာဖြင့် မှတ်တမ်းတင်ထားခြင်း
ဖြစ်ကြောင်း သိရသည်။
|
0 comments:
Post a Comment