Friday, June 11, 2010

“၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပက်သက်၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ”

နေ့စွဲ ။ ။ 16 . MAY . 2010
နအဖစစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲသည် ပြည်ထောင်စုမြန်မာနိုင်ငံအား စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးနှင့် ပြည်သူလူထုအတွက် အရေးတကြီးလိုအပ်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေနိုင်မည့်လုပ်ရပ်မဟုတ်ပါ။ နအဖစစ်အုပ်စု၏ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေပြီး မြန်မာပြည်သူလူထုအား စစ်ကျွန်အဖြစ် ထာဝရနွံနစ်စေမည့် လုပ်ရပ်သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရောက် နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားညီအကိုအဖွဲ့အစည်း များမှပူးပေါင်း၍ နအဖစစ်အုပ်စုမှကျင်းပပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပက်သက်၍ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံအတွက် တည်ကြည်လေးနက်သည့် ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားတရပ် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေလိုသည့် ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် အမြန်ဆုံးဖော်ဆောင်လိုသည့် ဂျပန်နိုင်ငံရောက် တိုင်းချစ်ပြည်ချစ် မျိုးချစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံး မပျက်မကွက်တက်ရောက်ကာ လွတ်လပ်၍ တရားမျှတသည့် နိုင်ငံနှင့်လူမျိုးအတွက်အရေးပါသည့် မိမိတို့၏ဆန္ဒမဲများကို ထုတ်ဖော်ပြသကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။ အခမ်းအနားအစီအစဉ် နေ့ရက် ။ ။ ၁၃. ၆ . ၂ဝ၁ဝ (တနင်္ဂင်္နွေနေ့) အချိန် ။ ။ နေ့လည် (၁) နာရီိတိတိမှ ညနေ (၅) နာရီထိ နေရာ ။ ။ Ikebukuro Kenko Plaza (7F) ဆက်သွယ်ရန်။ ။ Burma Office Japan 3F, Sohyo Kaikan, 3-2-11, Kanta- Surugadai, Chiyoda-ku Tokyo- Japan 03-5269-3010 ပေးပို့လာတဲ့ မနန္ဒာ(လမ်းပြကြယ် http://www.lanpyakye.org/ http://www.lanpyakye.com/)အားကျေးဇူးတင်ပါတယ်။

0 comments: