Friday, June 11, 2010

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင်ဩဂုတ်လအထိ မိုးနည်းပြီး ပူပြင်းသည့် အရှိန်ကို ခံစားရနိုင်




ရန်ကုန်၊ မေ ၃၊ ၂၀၁၀
အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တွင် ဩဂုတ်လအထိ မိုး နည်းပြီး ပူပြင်းသည့်ဒဏ်ကို ဆက်လက် ခံစားရနိုင် ကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
အယ်လ်နီညိုရာသီဥတု ကို ပစိဖိတ်သမုဒ္ဒရာအလယ် ပိုင်းရှိ ရေပြင်အပူချိန်ကို တိုင်းတာ၍ သတ်မှတ် ကြောင်း၊ ပစိဖိတ်သမုဒ္ဒရာ အလယ် ရေပြင်အပူချိန်သည် ၂၈ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေပါက အယ်လ် နီညိုရာသီဥတုဟု ခေါ်ဆို နိုင်ကြောင်း၊ ယခုနှစ် ဧပြီ တွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ ချုပ်၏ တိုင်းတာချက်အရ ၂၉ ဒီဂရီစင်တီဂရိတ်ရှိနေ သဖြင့် အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ် အနည်းငယ် ကျန်ရှိနေသေးကြောင်း သိ ရသည်။
ကမ္ဘာ့မိုးလေဝသ အ ဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ အယ်လ်နီညိုရာသီဥတုဖြစ် စဉ်က ဒီနှစ်မှာ ပြီးပြီလို့ သိ ရပါတယ်။ ဒါပေမဲ့ အယ်လ် နီညိုရဲ့နောက်ဆက်တွဲ ဆိုး ကျိုးကြောင့် မြန်မာနိုင်ငံ မှာ ဩဂုတ်လအထိ ပူပြင်း ပြီး မိုးနည်းနေဦးမှာ ဖြစ်ပါ တယ်ဟု ၄င်းက သုံးသပ် ပြောပြသည်။ထို့ပြင် ရန်ကုန်မြို့၌ အပူဒဏ်လွန်ကဲနေခြင်းမှာ အဓိကမိုးမရွာဘဲ နေပူချိန် များနေ၍ဖြစ်ပြီး၊ မိုးရွာသွန်း ချိန်မရှိဘဲ နေ့တစ်ချိန်လုံး ပူနေသည့်အတွက် ပူပြင်း သည့်ဒဏ်ကို ခံစားနေရ ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော် လတ်တလော ပူ နေသည့် နေအပူချိန်မှာ ယခင်နှစ်ကထက် ပိုမိုပူပြင်း နေသော်လည်း၊ စံချိန်ချိုး ပူခြင်းမျိုးမဟုတ်ဘဲ ယခု နှစ် အပူချိန်စံချိန်ချိုးသည့် နေရာများမှာ မုံရွာ၊ မကွေး၊ မြင်းမူနှင့် နေပြည်တော် (ရေဆင်း)ဒေသများ ဖြစ် သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် အပူ ချိန် စံချိန်ချိုးခဲ့သော နှစ် မှာ ၁၉၉၈ခုနှစ်ဖြစ်ပြီး၊ အပူ ချိန် ၄၄ .၅ ဒီဂရီစင်တီ ဂရိတ်ထိ ရှိခဲ့ကြောင်း သိရ သည်။ရန်ကုန်မြို့ရဲ့ အပူ ချိန်က လတ်တလောမှာ ၄၀ဒီဂရီစင်တီဂရိတ်ဝန်းကျင် ပဲရှိပါတယ်။အပူချိန်လျော့ဖို့ ဆိုတာကတော့ မိုးကိုပဲမျှော် ရမှာပါ။ မိုးရွာရင်တော့ အ ပူသက်သာလာမှာပါ။ မိုး ကလည်း မေလ ပထမပတ်၊ သို့မဟုတ် ဒုတိယပတ်ထဲ မှာ ရန်ကုန်ကို ဝင်လာနိုင် ခြေရှိပါတယ်။ အဓိက ရာ သီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ဖို့လည်း လိုပါတယ် ဟု ဆက်၍ ရှင်းပြသည်။
သတင်း။။Ecovision journal

0 comments: