Thursday, June 10, 2010

မကြာမှီမျှော်

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး ICC တွင် စစ်ရာဇ၀တ်မှု တရားစွဲဆိုစစ်ဆေးမှုများကို ပိုမိုထောက်ပံ့ကူညီပေးရန် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မေ ၃၁ ရက်တွင် နိုင်ငံတကာထံ အကူအညီတောင်းခံခဲ့သည်။ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အချိန်များတွင် စစ်ရာဇ၀တ်မှုကျူးလွန်မှုများကို ဟန့်တားအရေးယူမည့် အဖွဲ့အစည်းတစ်ခုအဖြစ် အိုင်စီစီက ဆောင်ရွက်ခဲ့သည်။ သည်ဟိဂ်တွင် အခြေစိုက်သော အိုင်စီစီသည် ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လေးနှစ်အကြာတွင် အာဏာစတင်တည်ခဲ့သည်။လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုများကို အပြစ်ပေးနိုင်ရန် အိုင်စီစီက ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် စစ်ရာဇ၀တ်မှုနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ထားသူ ငါးဦးရှိသည်။ဒါဖာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိသည် ဆိုသော ဆူဒန်လက်ရှိသမ္မတ အိုမာအယ်လ်ဘာရှာသည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ သို့သော် သံသယရှိသူများကို ဖမ်းဆီးရန်ကြိုးပမ်းရာတွင် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ အမေရိကန်နိုင်ငံက အိုင်စီစီတွင် ပါဝင်ရန် ငြင်းဆန်ခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်။

0 comments: