Sunday, June 13, 2010

“၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပက်သက်၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ”အောင်မြင်စွာကျင်းပခဲ့





၁၃-၆-၂၀၁၀
နအဖစစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲသည် ပြည်ထောင်စုမြန်မာနိုင်ငံအား စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးနှင့် ပြည်သူလူထုအတွက် အရေးတကြီးလိုအပ်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေနိုင်မည့်လုပ်ရပ်မဟုတ်ပါ။ နအဖစစ်အုပ်စု၏ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေပြီး မြန်မာပြည်သူလူထုအား စစ်ကျွန်အဖြစ် ထာဝရနွံနစ်စေမည့် လုပ်ရပ်သာဖြစ်ပါသည်။ ကမ္ဘာအနှံ့အပြားရှိ မြန်မာများ ပူးပေါင်းလှုပ်ရှားကြသည့် ဆန္ဒဖော်ထုတ်ပွဲကို ဂျပန်နိုင်ငံရောက် နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားညီအကိုအဖွဲ့အစည်း များမှပူးပေါင်း၍ နအဖစစ်အုပ်စုမှကျင်းပပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပက်သက်၍ တည်ကြည်လေးနက်သည့် ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားတရပ်ကို တိုကျို အိခဲဘုကုရို ခမ်းခိုးပလာဇာတွင် ဒီကနေ့ နေ့လည်၁နာရီမှ ကျင်းပပြုလုပ်ခဲ့ပါသည်။ဂျပန်ရောက် မြန်မာနိုင်ငံသားများက မိမိတို့ ဆန္ဒရှိသည့်အတိုင်း လွတ်လပ်စွာဖြင့် ဆန္ဒဖေါ်ထုတ်ကြရာတွင် မိမိတို့၏ဆန္ဒမဲ တွင် စိတ်ကြိုက် ရွေးချယ်ကာ မဲထည့်ရခြင်း ဖြစ်ပါသည်။ ဆန္ဒထုတ်ဖော်ပွဲကို မသမာမှု၊ မဲလိမ်လည်ခြင်းများ မရှိစေရန်အတွက် Japanese Association of Metal Machinery, and Manufacturing Workers(JAM) မှ တာဝန်ခံ Ms.NAOKO Otani ၊KOMAZAWA တက္ကသိုလ်မှ ပါမောက္ခ Mr.NAOYA Mitake ၊ Amnesty International-Japan တာဝန်ခံ Mr.KUMAZAWA နှင့် မြန်မာ့အရေး အားပေးကူညီသော Mr.KUMAKIRI Taku နှင့် Mr.Nagayama တို့က အသေးစိတ်ကြီးကြပ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေလိုသည့် ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် အမြန်ဆုံးဖော်ဆောင်လိုသည့် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံး မပျက်မကွက်တက်ရောက်ကာ မိမိတို့၏ဆန္ဒမဲများကို ထုတ်ဖော်ပြသကြရာ စုစုပေါင်းမဲထည့်သူ (၃၂၆)ဦး ၊ အစစ်အမှန် ရွေးကောက်ပွဲအား မဲထည့်သူ (၃၁၂)ဦး ၉၅.၇ ရာခိုင်နှုန်း၊ စစ်တပ်၏ရွေးကောက်ပွဲအားမဲထည့်သူ (၁)ဦး ၀.၃ ရာခိုင်နှုန်း၊ ပယ်မဲ(၁၃)မဲ ဖြင့် အပြတ်အသတ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အခမ်းအနားကို ညနေ ၄း၁၅နာရီထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။
ဓါတ်ပုံ။။ဒီမိုဝေယံ၊ကိုပွား ရုပ်သံ။။ကေသီသိန်း သတင်း။။အာလူးလေး

0 comments: