Showing posts with label အထူးသတင်း. Show all posts
Showing posts with label အထူးသတင်း. Show all posts

Saturday, January 12, 2013

ကွာလာလမ်ပူ သို့မြန်မာများ မလာကြရန် ( မလေးရှားအထူးသတိပေးချက် )


ဦး ယဉ်ကျေး shared Soe Min's photo.
***မလေးရှားရောက်ရွှေမြန်မာများအားလုံးသို့...
မနက်ဖြန် 12.1.2013 ကွာလာလမ်ပူ သို့မြန်မာများ မလာကြရန် ( မလေးရှားအထူးသတိပေးချက် )
မင်္ဂလာပါ 
 
ကျွန်တော်တို့မလေးရှားရောက် မြန်မာညီအကိုမောင်နှမအားလုံး မနက်ဖြန် 12.1.2013 ရက် စနေနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လုံးဝမလာရန် အထူးတာမြစ်သတိပေးကြောင်း ဧဒင်ဥယျာဉ်အနေဖြင့် ထုတ်ပြန်ကြော်ငြာပါသည် ။
 
ရဲချုပ်များ ၊ ထိန်းသိမ်းမည့်သူများအားလုံး က မနက်ဖြန်ကျင်းပမည့် Rally ဆန္ဒပြပွဲအတွက် မြို့ပြင် Bukit Jalil တွင်ပြုလုပ်ရန် အတိုက်အခံခေါင်းဆောင် Mat Sabu ဦးစီးသည့်အဖွဲ့အား မေတ္တာရပ်ခံပေမယ့် သူတို့ Dan Wangi ရဲစခန်းရဲ့ ခွင့်ပြုမိန့်ရရှိပြီးဖြစ်တာကြောင့် Bukit Jalil သို့ လုံးဝမရွေ့ပဲ ယခင်ပြုလုပ်နေကျ မြန်မာဆိုင်တန်းများတစ်ဝိုက်ဖြစ်သော Stadium Merdeka တွင်သာ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်တာကြောင့် ကွာလာလမ်ပူရှိရဲများ ယခု အသည်းအသန် လမ်းများပိတ်ဆို့နေရပြီဖြစ်ပါတယ် ။

Rally တို့ကြော်ငြာထားသော Meeting ပွိုင့်များအဖြစ်  Amcorp Mall, Masjid Arrahman UM, Brickfields, KLCC, Sultan Sulaiman Club, Pasar Seni, Masjid Negara and Jalan Sultan. တို့ဖြစ်ကြောင်း ယနေ့ထုတ် the star သတင်းဌာနမှာဖော်ပြသွားခဲ့ပါတယ် .။
 
အကြောင်းမှာ ယခင် Bersih ဆန္ဒပြပွဲကြီးထက်မနည်းတဲ့ လူသိန်းဂဏန်းကျော် တက်ရောက်မည်ဖြစ်တာကြောင့် နိုင်ငံခြားသာများအတွက် အလွန် အန္တရယ်များမည်ဖြစ်ကြောင်း ကျွန်တော်တို့ ခန့်မှန်းပါတယ် ။ ယခင် Bersih 1.0 ၊ 2.0 နှင့် 3.0 ဆန္ဒပြပွဲများက ဆန္ဒပြပွဲကို ထိမ်းသိမ်းသော ရဲများ နှင့် Rally (ဆန္ဒပြသူ) များကြား အပြန်အလှန် အကြမ်းဖက်မှု့ များစွာမဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ Bersih 4.0 မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နေရာအနှံ့မှာ ဆူပူအကြမ်းဖက်မှု့များစွာဖြစ်ခဲ့တာကို တွေ့ခဲ့ရပြီးဖြစ်ပါတယ် ။
သို့ကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မြန်မာများ အနေဖြင့် မနက်ဖြန် ကွာလာလမ်ပူသို့ လုံးဝလုံးဝ မလာသင့်ကြောင်း ဧဒင်ဥယျာဉ်မှ အထူးသတိပေးချက်အနေဖြင့် မလေးရှားရောက် မြန်မာများအားလုံးကို အချိန်မှီ အကြောင်းကြားအသိပေးရပါတယ်ခင်ဗျာ ။
 
အကြောင်းအမျိုးမျိုးကြောင့် ကွာလာလမ်ပူသို့ရောက်နေပါကလည်း လူအုပ်များတွင်သာရောနှောမနေပဲ အဆောက်အဦးများပေါ်တွင် ကြိုးစားနေရန်  ၊ အဝါရောင်နှင့် အနီရောင် အကျီပြောင်များ မဝတ်ဆင်ရန် ၊ မီးရထားဘူတာများသို့လုံးဝမသွားရန် နှင့် ထိခိုက်နိုင်သော နေရာများအဖြစ်အောက်ပါ နေရာများအားရှောင်ကျဉ်ရန် အထူးအသိပေးအကြောင်းကြားရပါတယ်ခင်ဗျာ ။
1.Stadium Merdeka Area 
2.Masjid Jamek Station Area
3. Brickfield Area
4. Sogo Area
5. Bukit Bintang Area
6. KLCC area
7. Pudu Raya Area
များအားရှောင်ရန်လိုပြီး
အချိန်ပိုင်းပိတ်ထားမည့်ဘူတာများအဖြစ်
1. Plaza Rayak LRT
2. Masjid Jamek LRT 
3. Pasa Sini LRT
4. Dan Wangi LRT 
5. Bandaya LRT
တို့ဖြစ်ကြောင်းလည်း ထပ်မံအသိပေးရပါတယ်ခင်ဗျာ ။

ဆက်လက်ပြီး ယခုသတင်းဖတ်ပြီးသူများ မလေးရှားရောက် သူငယ်ချင်းများကိုလက်ဆင့်ကမ်းပေးပါရန် 
ဧဒင်ဥယျာဉ်မှ ကူးယူဖော်ပြပါသည်။
‎***မလေးရှားရောက်ရွှေမြန်မာများ
အားလုံးသို့...
မနက်ဖြန် 12.1.2013 ကွာလာလမ်ပူ သို့မြန်မာများ မလာကြရန် ( မလေးရှားအထူးသတိပေးချက် )
မင်္ဂလာပါ

ကျွန်တော်တို့မလေးရှားရောက် မြန်မာညီအကိုမောင်နှမအားလုံး မနက်ဖြန် 12.1.2013 ရက် စနေနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ လုံးဝမလာရန် အထူးတာမြစ်သတိပေးကြောင်း ဧဒင်ဥယျာဉ်အနေဖြင့် ထုတ်ပြန်ကြော်ငြာပါသည် ။

ရဲချုပ်များ ၊ ထိန်းသိမ်းမည့်သူများအားလုံး က မနက်ဖြန်ကျင်းပမည့် Rally ဆန္ဒပြပွဲအတွက် မြို့ပြင် Bukit Jalil တွင်ပြုလုပ်ရန် အတိုက်အခံခေါင်းဆောင် Mat Sabu ဦးစီးသည့်အဖွဲ့အား မေတ္တာရပ်ခံပေမယ့် သူတို့ Dan Wangi ရဲစခန်းရဲ့ ခွင့်ပြုမိန့်ရရှိပြီးဖြစ်တာကြောင့် Bukit Jalil သို့ လုံးဝမရွေ့ပဲ ယခင်ပြုလုပ်နေကျ မြန်မာဆိုင်တန်းများတစ်ဝိုက်ဖြစ်သော Stadium Merdeka တွင်သာ ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်လိုက်တာကြောင့် ကွာလာလမ်ပူရှိရဲများ ယခု အသည်းအသန် လမ်းများပိတ်ဆို့နေရပြီဖြစ်ပါတယ် ။

Rally တို့ကြော်ငြာထားသော Meeting ပွိုင့်များအဖြစ် Amcorp Mall, Masjid Arrahman UM, Brickfields, KLCC, Sultan Sulaiman Club, Pasar Seni, Masjid Negara and Jalan Sultan. တို့ဖြစ်ကြောင်း ယနေ့ထုတ် the star သတင်းဌာနမှာဖော်ပြသွားခဲ့ပါတယ် .။

အကြောင်းမှာ ယခင် Bersih ဆန္ဒပြပွဲကြီးထက်မနည်းတဲ့ လူသိန်းဂဏန်းကျော် တက်ရောက်မည်ဖြစ်တာကြောင့် နိုင်ငံခြားသာများအတွက် အလွန် အန္တရယ်များမည်ဖြစ်ကြောင်း ကျွန်တော်တို့ ခန့်မှန်းပါတယ် ။ ယခင် Bersih 1.0 ၊ 2.0 နှင့် 3.0 ဆန္ဒပြပွဲများက ဆန္ဒပြပွဲကို ထိမ်းသိမ်းသော ရဲများ နှင့် Rally (ဆန္ဒပြသူ) များကြား အပြန်အလှန် အကြမ်းဖက်မှု့ များစွာမဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ Bersih 4.0 မှာတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နေရာအနှံ့မှာ ဆူပူအကြမ်းဖက်မှု့များစွာဖြစ်ခဲ့တာကို တွေ့ခဲ့ရပြီးဖြစ်ပါတယ် ။
သို့ကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူရောက် မြန်မာများ အနေဖြင့် မနက်ဖြန် ကွာလာလမ်ပူသို့ လုံးဝလုံးဝ မလာသင့်ကြောင်း ဧဒင်ဥယျာဉ်မှ အထူးသတိပေးချက်အနေဖြင့် မလေးရှားရောက် မြန်မာများအားလုံးကို အချိန်မှီ အကြောင်းကြားအသိပေးရပါတယ်ခင်ဗျာ

အကြောင်းအမျိုးမျိုးကြောင့် ကွာလာလမ်ပူသို့ရောက်နေပါကလည်း လူအုပ်များတွင်သာရောနှောမနေပဲ အဆောက်အဦးများပေါ်တွင် ကြိုးစားနေရန် ၊ အဝါရောင်နှင့် အနီရောင် အကျီပြောင်များ မဝတ်ဆင်ရန် ၊ မီးရထားဘူတာများသို့လုံးဝမသွားရန် နှင့် ထိခိုက်နိုင်သော နေရာများအဖြစ်အောက်ပါ နေရာများအားရှောင်ကျဉ်ရန် အထူးအသိပေးအကြောင်းကြားရပါတယ်ခင်ဗျာ ။
1.Stadium Merdeka Area
2.Masjid Jamek Station Area
3. Brickfield Area
4. Sogo Area
5. Bukit Bintang Area
6. KLCC area
7. Pudu Raya Area
များအားရှောင်ရန်လိုပြီး
အချိန်ပိုင်းပိတ်ထားမည့်ဘူတာများအဖြစ်
1. Plaza Rayak LRT
2. Masjid Jamek LRT
3. Pasa Sini LRT
4. Dan Wangi LRT
5. Bandaya LRT
တို့ဖြစ်ကြောင်းလည်း ထပ်မံအသိပေးရပါတယ်ခင်ဗျာ ။

ဆက်လက်ပြီး ယခုသတင်းဖတ်ပြီးသူများ မလေးရှားရောက် သူငယ်ချင်းများကိုလက်ဆင့်ကမ်းပေးပါရန်
ဧဒင်ဥယျာဉ်မှ ကူးယူဖော်ပြပါသည်။

Tuesday, November 13, 2012

မိတ်ဆွေများအားလုံးကျေးဇူးပြုပြီး အများသိရှိနိုင်အောင်ကူညီပေးကြပါ


စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူ ခုတင်(၁၀၀)ဆေးရုံတွင် ၉.၁၁.၂၀၁၂ နေ့ ချပ်ကြီးကျေးရွာအနီး ရထာဓါတ်ဆီတွဲမှောက် ပြီးမီးလောင်မှုဖြစ်ပွားရာမှ ပြင်းထန်မီးလောင်ဒါဏ်ရာရ လူနာ(၈၀)ဦးကျော်အတွက် ဆေးဝါးများလိုအပ်နေပါသဖြင့် ဆေးလှူဒါန်းကူညီပေးကြပါရန်နှင့်လှူဒါန်းလိုသူများ ဆေးရုံဖုန်း ၀၇၅-၂၇၀၁၃ သို့ဆက်သွယ်လှူဒါန်းနှိုင်ကြောင်းအသိပေးအပ်ပါသည်။

Credit:Min Kyi Oo

အေးချမ်းမွန်မှ ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ThanLarWaddy Times
မိတ်ဆွေများအားလုံးကျေးဇူးပြုပြီး အများသိရှိနိုင်အောင်ကူညီပေးကြပါ
********************************************


စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူ ခုတင်(၁၀၀)ဆေးရုံတွင် ၉.၁၁.၂၀၁၂ နေ့ ချပ်ကြီးကျေးရွာအနီး ရထာဓါတ်ဆီတွဲမှောက် ပြီးမီးလောင်မှုဖြစ်ပွားရာမှ ပြင်းထန်မီးလောင်ဒါဏ်ရာရ လူနာ(၈၀)ဦးကျော်အတွက် ဆေးဝါးများလိုအပ်နေပါသဖြင့် ဆေးလှူဒါန်းကူညီပေးကြပါရန်နှင့်လှူဒါန်းလိုသူများ ဆေးရုံဖုန်း ၀၇၅-၂၇၀၁၃ သို့ဆက်သွယ်လှူဒါန်းနှိုင်ကြောင်းအသိပေးအပ်ပါသည်။

Credit:Min Kyi Oo

အေးချမ်းမွန်မှ  ThanLarWaddy Times တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ThanLarWaddy Times
.

Monday, June 04, 2012

တိုင်ဖွန်းမုန်တိုင်း MAWAR နှင့် မြန်မာ့ ကမ်းရိုးတန်းမှ တိမ်တိုက်များ အခြေအနေ


By mmweather.ygn, on June 3rd, 2012

ဇွန်လ ၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃၀ နာရီတွင်တွေ့မြင်ရသည့် မုန်တိုင်း မျက်စေ့ထင်ရှားစွာ ဖြစ်ပေါ်လာသော အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း MAWAR(04W – ဖိလစ်ပိုင်အမည် AMBO)နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းမှ စတင်ကာ မြန်မာ့ ကမ်းရိုးတန်း တစ်ခုလုံးဖုံးလွှမ်းနေသည့် တိမ်တိုက်ကြီးကို တွေ့မြင်ရပါသည်။ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိနေသည့် MAWAR(AMBO) သည် လာမည့် ၁၂ နာရီအတွင်း ပိုမိုအားကောင်းလာပြီး အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းကြီးအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း TSR မှ ခန့်မှန်းထားပါသည်။
Typhoon MAWAR (AMBO) maintains its intensification trend and is likely to become a Category 3 storm later tonight. Currently moving NE-ward in the direction of the Southern Islands of Japan.

Maximum Sustained Winds (1-min. avg) have increased to near 165 km/hr (90 knots) with higher gusts. MAWAR is expected to reach Category 3 status later tonight or early Monday, before losing strength sometime Tuesday. It will start to transition into an Extratropical Cyclone by Wednesday. (T2K)
မုန်တိုင်း ဖြစ်ပေါ်နေချိန်တွင် တောင်တရုတ်ပင်လယ်၊ ထိုင်းပင်လယ်ကွေ့တို့မှ တစ်ဆင့် မြန်မာ့ပင်လယ်ပြင်သို့ တိမ်တိုက်များ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်မှ ရွေ့လျားဝင်ရောက်လျှက်ရှိပါသည်။ ဤသို့ရွေ့လျားဝင်ရောက်လျှက်ရှိသည့် တိမ်တိုက်များသည် မြန်မာ့ကမ်းရိုးတမ်းတစ်ခုလုံးနီးပါးကို ဖုံးအုပ်လျှက်ရှိပါသည်။
Typhoon MAWAR: Current Data
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
3 Jun, 6:00 0 hrs 19.4 N 125.5 E 95 kts 2 Click Here Click Here Click Here
  FORECAST DATA
Time Position Strength Wind Probabilities Wind Model
GMT Lead Lat Long Peak Wind Cat TS Cat 1 or Above Wind Field
3 Jun, 18:00 12 hrs 20.8 N 126.1 E 105 kts 3 To 12 hrs To 12 hrs Click Here
4 Jun, 6:00 24 hrs 22.7 N 127.1 E 105 kts 3 To 24 hrs To 24 hrs Click Here
4 Jun, 18:00 36 hrs 24.6 N 128.9 E 95 kts 2 To 36 hrs To 36 hrs Click Here
5 Jun, 6:00 48 hrs 26.7 N 131.4 E 80 kts 1 To 48 hrs To 48 hrs Click Here
6 Jun, 6:00 72 hrs 30.7 N 138.7 E 55 kts TS To 72 hrs To 72 hrs N/A
7 Jun, 6:00 96 hrs 36.3 N 149.1 E 45 kts TS To 96 hrs To 96 hrs N/A
04W MAWAR – NRL data at 1230 MMTime
03 Jun 2012 0600Z
Location: 19.4 125.5
Winds: 95 knots (Category 2)
Central Pressure: 952 hPa


.

Sunday, November 27, 2011

FACEBOOK ပေါ်မှ ကြံ့ဖွတ်စစ်ခွေးများ

ကြံ့ဖွတ်လက်ပါးစေ စစ်ခွေးများက facebook ပေါ်တွင် နာမည်အမျိုးမျိုး ID အမျိုးမျိုး account အမျိုးမျိုးဖြင့် သံဃာတော်များကို စော်ကားနေခြင်း၊ ၈၈ မျိုးဆက်ကျောင်းသားများကိုစော်ကားနေခြင်း၊ တိုင်းရင်းသားများကိုရန်စပြီး ပြည်တွင်းစစ်ကို အဓွန့်ရှည်အောင် လုပ်ဆောင်နေခြင်း၊ ရိုဟင်ဂျာဆန့်ကျင်ရေး အရေခြုံပြီး လူမျိုးရေးဘာသာရေး ရန်တိုက်သွေးခွဲနေခြင်း၊ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်နေသူများကို နှောင့်ယှက်နေခြင်း၊ ဓာတ်ပုံများ ကော်ပီကူးယူ၍ မဟုတ်မမှန်ဇာတ်လမ်းများဖန်တီးကာ ပုဂ္ဂိုလ်ရေး စော်ကားတိုက်ခိုက်နေခြင်းများကို မကြာခဏ

တွေ့မြင်နေရပါသောကြောင့် ….. အဆိုပါ ကြံ့ဖွတ်လက်ပါးစေများ၏ facebook …  
ID များကို လက်လှမ်းမီသလောက် စုဆောင်းတင်ပြလိုက်ပါသည်။
 
Facebook ပေါ်တွင် account တခု ရရှိရန် အချိန် ၁၀ မိနစ်ခန့် ပေးရပါသည်။ လိုအပ်သည့် fake ဓာတ်ပုံများ profile အချက်အလက်များ နှင့် friend list ရှာဖွေခြင်းများပါ ပြည့်ပြည့်စုံစုံထည့်သွင်းလုပ်ဆောင်မည်ဆိုပါက
၁၀ မိနစ်မက နာရီနဲ့ချီကာ အချိန်ပေးလုပ်ဆောင်ရပါသည်။ ကြံ့ဖွတ်လက်ပါးစေများက ရည်ရွယ်ချက်ရှိရှိ အချိန်ပေးလုပ်ဆောင်ထားရသည့် ကိစ္စများကို မိတ်ဆွေတို့အနေဖြင့် စက္ကန့်ပိုင်းအတွင်း ချေမှုန်းတိုက်ဖျက်နိုင်ပါသည်။
 
ချေမှုန်းတိုက်ဖျက်နိုင်သည့်နည်းလမ်းမှာ Block လုပ်ခြင်းပင်ဖြစ်ပါသည်။
 
ကြံ့ဖွတ်လက်ပါးစေများကို Block လုပ်ထားခြင်းသည် သင်၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကာကွယ်ရာရောက်သလို.... ၄င်းတို့၏ ဆိုးညစ်ယုတ်မာသည့် မဟာဗျူဟာမြောက်အကြံအစည်ကိုလည်း တိုက်ဖျက်ရိုက်ချိုးရာရောက်ပါသည်။
 
 
အောက်ဖော်ပြပါ ID များကို Block လုပ်ထားခြင်းဖြင့် ကြံ့ဖွတ်လက်ပါးစေများ၏ မဟာအကြံအစည်ကို တိုက်ဖျက်နိုင်ပါသည်။
 
 
Mg Lulatt                       http://www.facebook.com/profile.php?id=100001887532264
သမာဓိ လူသား                  http://www.facebook.com/profile.php?id=100001040877492&sk=wall
ဆန်း သစ်                        http://www.facebook.com/Mg.SunThit
ဦး စစ်မင်း                         http://www.facebook.com/sitmin?sk=wall
Paing Soe Oo (ပိုင်စိုး)        http://www.facebook.com/jfivezerotwo?sk=info
Nay Htun                       http://www.facebook.com/profile.php?id=100002726076561
A Lin Young (အလင်း)       http://www.facebook.com/profile.php?id=100002422424816
မင်းကို နိင် (နိင်ငံရေးခွေးထိန်း) http://www.facebook.com/necromancybaby
Link Ing                         http://www.facebook.com/profile.php?id=100003056807139
Set Myo Oo                    http://www.facebook.com/setmyo.oo
Lin Thu Zaw (ကိုဇော်)       http://www.facebook.com/profile.php?id=100003109197826                      
Lighter Man                    http://www.facebook.com/profile.php?id=100001869438180&sk=wall
Ньейн Чан Аунг            http://www.facebook.com/profile.php?id=100000180864035&sk=wall


ကျနော်ကိုယ်တိုင် အထက်ပါစာရင်းတွင်ဖော်ပြထားသောသူများနှင့် အပြန်အလှန် comment များ ရေးသားရင်း ၄င်းတို့၏ လုပ်ရပ်များ၊
လှုပ်ရှားမှုများ၊ ရည်ရွယ်ချက်များ၊ ကွင်းဆက်အဆက်အစပ်များ၊ စိတ်နေစိတ်ထားများအား ဘက်ပေါင်းစုံ လေ့လာပြီးမှ
စာရင်းပြုစုထားခြင်းဖြစ်သည့်အတွက် ၁၀၀ %  စစ်ခွေးများဖြစ်ကြောင်း အာမခံပါသည်။
(သားဆွေ)
.

Saturday, May 07, 2011

ရောင်းမယ်ရောင်းမယ်....ရှိတာ..အကုန်ရောင်းမယ်..၀ယ်ကြပါ အားလုံးပြောင်အေးရော

သတင်း - နိရဉ္စရာ သတင်းဌာန
မြန်မာနိုင်ငံမှ ဂတ်စ်ကို ဘင်္ဂလာဒေခ်ျ့ တင်ပို့ရေး အတွက် ယခုအခါ နှစ်ဘက် နိုင်ငံတာဝန်ရှိသူများ အကြား စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် သတင်းစာများက ဖေါ်ပြသည်။
shweသတင်းစာများက အစိုးရ အကြံပေး အရာရှိ Dr Tawfiq-e-Elahi Chowdhury ပြောစကားကို ကိုးကားပြီး ထိုသို့ ရေးသား ဖေါ်ပြ ကြခြင်း ဖြစ်သည်။

Dr Tawfiq-e-Elahi Chowdhury က မြန်မာမှ ဂတ်စ်ကို ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့နိုင်ရန်အတွက် တွန်းအားပေး လုပ်ဆောင် လျှက်ရှိပြီး ဆွေးနွေးမူများကို စတင် နေပြီ ဖြစ်ကြောင်း ပြောသည်။

၎င်းပြင်သူက Tri-nation ဘင်္ဂလာ၊ မြန်မာနှင့် အိန္ဒိယ သုံးနိုင်ငံ ဂတ်စ် ပိုက်လိုင်းစီမံကိန်းကို လွန်ခဲ့သည့်နှစ်များက သဘောတူညီမှု ပျက်ပြားခဲ့သော်လည်း ယခုအခါတွင် ဘင်္ဂလာဒေခ်ျ့ဘက်မှ ပြန်လည် လုပ်ဆောင်ရန်သဘောတူ လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

ကီလိုမီတာ ၁၀၀၀ ရှည်လျှားသည့် မြန်မာနိုင်ငံက အိန္ဒိယသို့ တင်ပို့မည့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံကို ဖြတ်ပြီး အိန္ဒိယ နိုင်ငံသို့တင်ပို့နိုင်ရန် ၂၀၀၄ခုနှစ်က အဆိုပြု တင်သွင်း ခဲ့သော်လည်း မြန်မာနိုင်ငံအပေါ် အမေရိကန်ဘက် ကစီးပွားရေး ပိတ်ဆို့မှုနှင့် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွင် နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် ရပ်ဆိုင်းခဲ့ရသည်ဟု သိရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ဂတ်စ်ကို လျှပ်စစ်မီး အတွက်သာမက ပြည်သူများ အခြေခံ လိုအပ်ချက် ဖြစ်သော ထမင်း ချက်ပြုတ်ရာ တွင်လည်း လောင်စာ အဖြစ် အသုံးပြုနေပြီ ဖြစ်သဖြင့် ဂတ်စ်ကို သူ့နိုင်ငံ အတွက် အထူး လိုအပ် နေရာ ယခုအခါ မြန်မာနိုင်ငံမှ တင်သွင်း လိုနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ပြင်တွင် ဂတ်စ်သိုက်များ အများအပြား တွေ့ရှိထားရာ အဆိုပါ ဂတ်စ်သိုက်များမှ ဂတ်စ်များကို မြန်မာ အစိုးရမှ ဒေသဖွံ့ဖြိုးရေး အတွက် တစုံတရာ အသုံးမပြုခြင်း မရှိဘဲ တရုတ် အပါအ၀င် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့နိုင်ငံများသို့သာ တင်ပို့ ရောင်းချရန် လိုလားနေသည်ဟု သိရသည်။
.

Wednesday, December 08, 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေးအဖိုးမှ မန်ယူအသင်းအား ဒေါ်လာသန်းတထောင်ဖြင့်ဝယ်ယူရန်စဉ်းစားခဲ့ကြောင်း ၀ိကီလိခ်မှ ဖွင့်ချ

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေသည်  မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် ၀ယ်ယူဖို့ ၂၀၀၉ ဇန်န၀ါရီလတွင် စဉ်းစားခဲ့ကြောင်း ၀ိကီလိခ်မှ ဖွင့်ချသော
အမေရိကန်သံတမန် လျှို့ဝှက်သတင်းများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း လျှို့ဝှက်သတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ၀ါရှင်တန်သို့ ပေးပို့ခဲ့သည်။
ဆိုင်ကလုန်း နာဂစ် ကို နှေးကွေးစွာ ဖြေရှင်းခြင်းအပေါ် ကုလသမဂ္ဂမှ စိတ်ဆိုး ဒေါ်သထွက်မှုများ ရှိနေချိန်တွင် မန်ချက်စတာ ဘောလုံး အသင်းအား ဒေါ်လာ သန်းတစ်ထောင်ဖြင့် ၀ယ်ယူဖို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖိုးလပြည့်မှ အတင်း အကျပ် ပူဆာနေခဲ့သည်။ ဗိုလ်ချုပ် မှုးကြီးက ဘောလုံး အသင်း ၀ယ်ယူလိုက်လျှင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို စဉ်းစားခဲ့ကြောင်း အသေးစိတ် သတင်း ပေးပို့မှုတွင်  ဖော်ပြထားသည်။
နာဂစ်ဆိုင်ကလုံးမှာ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ခဲ့ပြီး လူ ၁၄၀၀၀၀ အသက်ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ်ကြီး မြေးအဖိုး မန်ချက်စတာ ၀ယ်ဖို့ စဉ်း စားခဲ့သည်မှာ ၂၀၀၉ ဇန်န၀ါရီလ အစောပိုင်းတွင် ဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီးက မန်ယူကို ၀င်ယူလိုက်လျှင် အစိုးရကို ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်း များစွာ အကုန်ကျခံပြီး မြန်မာ့ အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ ထိုအချိန် နာဂစ်မုန်းတိုင်းးဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်ဖြစ်သည်။
မြန်မာအမေရိကန်သံရုံး အတည်ပြုချက်အရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေဖြင့် ရေနံ သဘာဝဓါတ်ငွေ့များမှ ရရှိသော ငွေကြေးဖြင့် မန်ချာစတာ ဘောလုံးအသင်းကို ၀ယ်ယူဖို့ ငွေအလုံအလောက်ရှိနိုင်ကြောင်း၊ ဒေါ်လာ တစ်ဘီလီယံဖြင့် ၀ယ်ယူလိုက်လျှင် မန်ချက်စတာ အသင်းပိုင် စတော့ရှယ်ယာ ၅၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပေးပို့ချက်တွင် ပါရှိသည်။
ဖိုးလပြည့်ရဲ့ ပူဆာမှုကို အစားထိုးပေးဖို့ ဗိုလ်ချုပ်မှုးကြီးက မြန်မာဘောလုံးအသင်းများ ထူထောင်ရန်၊ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန်၊ နိုင်ငံခြားကစားသမားများ ခေါ်ယူရန်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီး ရှစ်ဦးကို ငွေအလုံအလောက် ချပေးခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းရှင်များမှာ တကယ့် ဘောလုံးကလပ်အသင်း ပိုင်ရှင်များ မဟုတ်ကြောင်း၊ ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင်ခစတဲ့ ကုန်ကျမှုကို မိမိတို့ဖာသာ အကုန်ကျ ခံရမည်ဖြစ်ကြောင်း အမိန့်ပေးပြောဆိုခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ထိုစီးပွားရေးလုပ်ငန်းရှင် ရှစ်ဦးက မိမိတို့ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဒေါ်လာတစ်သန်းတန် ဘောလုံးကွင်းများ တည်ဆောက်ဖို့ သတင်းပေးပို့ချက်တွင် ပါရှိသည်။
ဖိုးလပြည့် (အင်္ကျီအနီဝတ်ထားသူ)ရဲ့ ၁၆နှစ်မြောက် မွေးနေ့
မကွေးအသင်းမှာ တစ်လလျှင် လစာငွေ ဒေါ်လာ ၁၅၅၀၀၀ ကုန်ကျသည်။ ဘဏ်လုပ်ငန်းနှင် ဆက်စပ်နေသော ကမ္ဘောဇ အသင်းမှာ ၂၀၀၉ ဘောလုံးရာသီအတွက် ဒေါ်လာ ၂သန်း ကုန်ကျခဲ့သည်။ ရန်ကုန်ယူနိုက်တက် ဘောလုံး အသင်းမှာ အာဖရိကမှ ကြေးစား ဘောလုံးသမား ၅ဦး၊ ဒယ်လ်တာ ယူနိုက်တက်မှာ အာဂျင်တီးနားမှ ဘောလုံးသမားများစွာ ခေါ်ယူ ခဲ့သည်။
အမေရိကန်သံရုံး ဖော်ပြချက်တွင် ‘ဒီလောက် ငွေကုန်ကြေးကျများတဲ့လုပ်ငန်းကို အကျိုးအမြတ်မရှိဘဲ ဘာကြောင့်လုပ်နေကြတာလဲ ဟုမေးသောအခါ၊ အားလုံးမှာ ရွေးချယ်စရာမရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီးက ခိုင်းရင် အားလုံး  စောဒက ပြန်တက်ခွင့်မရှိပါဘူး’ ဟု ဖြေကြားကြောင်း ပါရှိသည်။
ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ဆောက်လုပ်ရေးကန်ထရိုက်များ၊ ကျောက်မျက်ရတနာနှင့် မိုင်းတွင်းများ၊ သွင်းကုန်လိုင်စင်များ ကို အစိုးရထံမှ ရရှိနေသူများဖြစ်သည်။ ၂၀၀၉ မေလတွင် စတင်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ ကလပ်များပိုင်ရှင်များတွင် ဖိုးလပြည့်အား ကလပ်ဘောလုံးလုပ်ငန်း အသေးစိတ်အစီစဉ်ဆွဲပေးသူ ခေတ်ပျက်သူဌေး ဇော်ဇော် လည်းပါရှိသည်။  ဇော်ဇော်မှ ဖိုးလပြည့်အား သူတည်ထောင်ထားသော ကလပ်အသင်းတွင် လာရောက် ဆော့ကစားဖို့ ပြောဆိုသည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများနှင့် စီးပွားရေး လူမှုရေးပြဿနာများကို လမ်းကြောင်းလွှဲဖို့လည်း ရည်ရွယ် ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြောင်း ဖော်ပြသည်။
မန်ယူအသင်း ၀ဘ်ဆိုဒ် ချက်ချင်းတုန့်ပြန်ချက်မှာ မြန်မာအာဏာပိုင်များက ၀ယ်ယူခဲ့လျှင်ပင် ရောင်းချမည်မဟုတ်ကြာင်း၊ ပရိတ်သတ်များက အပြင်းအထန် ဆန့်ကျင်သွားကြမည်ဖြစ်ကြောင်း၊ မန်စီးတီးအသင်းလိုမျိုးမဟုတ်ဘဲ မန်ယူ အသင်းကို အကျင့်ပျက်အာဏာရှင်များအား လုံးဝ ရှယ်ယာများခွဲဝေရောင်းချမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ပြန်ဖော်ပြခဲ့သည်။
သတင်း Guardian
မူရင်းသတင်း Source : http://www.guardian.co.uk/world/us-embassy-cables-documents/212931
.

Saturday, November 27, 2010

အမျိုးသားသင့်မြတ်ရေးဓာတ်ပုံဆု (အကောင်းဆုံး)



သွေးက စကားပြောပါတယ်..

၂၀၁၀-ခုနှစ်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဓာတ်ပုံဆုအား ဓာတ်ပုံသတင်းထောက် မန်းမျိုးမြင့် (ခေတ်ပြိုင်) အား ချီးမြှင့်သည်။

ကိုဖုန်းကျော်မျှဝေသည်။။.

Sunday, November 21, 2010

အိမ်တော်ရာဘုရား - ဗုံးပေါက်ကွဲခြင်း (အထူးသတင်း)

အိမ်တော်ရာဘုရား (၈၇လမ်း - ၂၇x၂၈ လမ်းကြား) တွင်
၂၀.၁၁.၂၀၁၀ - စနေနေ့ နံနံ ၇း၃၀ ခန့် တွက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

လောလောဆယ် မှတ်တမ်းပုံများ မဖော်ပြနိုင်သေးပေမယ့် ဖြစ်ပွားတဲ့နေရာကတော့...
အင်္ဂါ နံထောင့် ရှိဇရပ် ကြီး အနီး အနားမှာ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
ကျွန်တော်တို့ တွေလည်း သန်းရှင်းရေး ပြုလုပ်ဖူးတဲ့ နေရာပါ..။



ဘုရား အဟောင်းတွေ... အင်မတန်... ဟောင်းနွမ်းပြီး လူသွားလူ လာသိပ်မရှိတဲ့နေရာမှာ
ဖောက်ခွဲခဲ့တာဖြစ်ပါတယ်။

ထိ ခိုက်ဒဏ်ရာ ရရှိသူ ... သေဆုံးသူ ဦးရေ စာရင်းကို အတိအကျ မသိရသေးပေမယ့်
တံမြက်စည်း လှည်း နေသူ ဂေါပက အဖွဲ့ ဝင် တစ်ဦး နှစ်ဦးခန့်ကတော့.. ထိခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း။။မြန်မာသူငယ်ချင်းများအဖွဲ့ 
---------------------------------------------------------------------------------------------
တန်ဆောင်တိုင်အကြိုဗုံး မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်း ပေါက်ကွဲ


ယနေ့ (၂၀၊ နိုဝင်ဘာ၊ ၂၀၁၀) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မန္တလေး အိမ်တော်ရာ ဘုရားဝင်း အင်္ဂါထောင့်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူတစ်ဦး၏ မျက်နှာနှင့် လက်တို့ ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

ဗုံးပေါက်ကွဲချိန်တွင် ဗုံးအနီးတွင် ဘုရားသန့်ရှင်းရေး ကုသိုလ်လာယူနေကျ ပြင်ဦးလွင်မြို့နယ်၊ ရေသယောက်ကျေးရွာဘက်မှ လင်မယားနှစ်ဦးရှိနေကြောင်း၊ ထိုလင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ အထက်ပါ လင်မယားက အ၀တ်စ တစ်စကို ဆွဲလိုက်ရာက ဗုံးထကွဲသည် (သို့) သေတ္တာငယ်တစ်ခုကို ဆွဲလှပ်လိုက်ရာမှ ဗုံးထကွဲသည် စသဖြင့်လည်း အမျိုးမျိုး ပြောဆိုနေကြသည်။

ဗုံးပေါက်ကွဲပြီး မကြာမီ မန္တလေးတိုင်းမှူးကိုယ်တိုင် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။ ဗုံးပေါက်ကွဲပြီးနောက် အိမ်တော်ရာဘုရားရင်ပြင်တော်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားလိုက်ပြီး နေ့လည်ပိုင်းတွင်မူ လုံခြုံရေးလျှော့ချကာ ရဲသားအနည်းငယ်ခန့်ကိုသာ ဆက်လက်ထားရှိတော့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဟု သတင်းများလည်း ကြားနေရပြီး အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည် မန္တလေး မလာမီ အိမ်တော်ရာဘုရား အင်္ဂါထောင့်တွင် ဗုံးခွဲခဲ့ရာ အင်္ဂါသမီးကို အင်္ဂါဗုံးဖြင့် ယတြာချေ ကြိုဆိုလိုက်ခြင်းလော၊ အင်္ဂါသမီးကို အင်္ဂါဗုံးဖြင့် ခြောက်လှန့်လိုက်ခြင်းလော၊ ဘုရားပေါ် ဗုံးခွဲကာ ဘာသာ၊ သာသနာကို စော်ကားလိုက်ခြင်းလော၊ မတော်တဆ ဗုံးထကွဲခြင်းလော ဆိုသည့် အချက်များမှာမူ ဗုံးကွဲစေသူကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။

အချို့သော မန္တလေးသားများကမူ စစ်အာဏာရှင်များက လူထုအင်အားပရိသတ် တစ်စတစ်စ တိုးသထက်တိုးလာနေသော ဒေါ်အောင်ဆန်းစုကြည် မန္တလေးမလာမီ ခြောက်လှန့်စေသည့်သဘောဖြင့် တန်ဆောင်တိုင်အကြိုဗုံးကို ခွဲခြင်းဖြစ်သည်ဟု ပြောဆိုနေကြပေသတည်း။ ။

Nyo Gyi
20. 11. 2010

(အထက်က ပုံမှာ ဗုံးပေါက်ကွဲပြီးနောက် ဖူးမြင်ရသော မန္တလေး အိမ်တော်ရာ ဘုရားပုံ ဖြစ်ပါသည်)
သတင်း။။ Nyo Gyi
.

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့်ပတ်သက်၍ ပြောစကားများ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု အပေါ် ကမ္ဘာ့ခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်အချို့

"သူဟာ ကျွန်တော့်အတွက် သူရဲကောင်းတစ်ဦးပါ။ သူဟာ ဗမာ(မြန်မာ)ပြည်နဲ့ ကမ္ဘာတစ်ဝန်းမှာ လူ့အခွင့်အရေးရရှိဖို့ လှုပ်ရှားနေသူ အားလုံးအတွက်  စေ့ဆော်ပေးနိုင်တဲ့သူပါ။ အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအတွက် အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်"
- အမေရိကန်သမ္မတ အိုဘားမား

"သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲသစ်တစ်ခု စတင်သင့်ပါတယ်။ အောင်ဆန်းစုကြည် အပါအ၀င် အခြားဒီမိုကရက်နှင့် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များပါဝင်သော စေ့စပ်ဆွေးနွေးမှုစတင်ပြီး အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနည်းလမ်းကျသော အနာဂတ်အတွက် ပြုလုပ်သင့်ကြောင်း ကျွန်မတို့အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်"
- အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်

"တရားမမျှတမှုရင်ဆိုင်နေရချိန်တွင်ပင် သူမ၏ လေးစားစရာကောင်းသော စိတ်ထားတည်ငြိမ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုမှာ ကမ္ဘာတစ်ဝန်းမှ လူအများအတွက် စံနမူနာတစ်ခုဖြစ်စေခဲ့သည်။ သူမအပေါ် မည်သည့်ကန့်သတ်ချက်မျှ ထပ်မံမထားရှိရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မျှော်လင့်နေပါသည်။ ယခုလွှတ်ပေးမှုကို အကြောင်းပြု၍ တိုးတက်မှုတစ်ခုအဖြစ် မှတ်ယူကာ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံးကို မြန်မာအာဏာပိုင်များက ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့သည်။"
- (ကုလသမဂ္ဂပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)

"လွတ်လပ်စွာပြောဆိုခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စတွေအပေါ် ယုံကြည်မှုရှိတဲ့ ကျွန်တော်တို့လိုလူတွေအတွက် အောင်ဆန်းစုကြည်က စေ့ဆော်မှုပေး နိုင်ပါတယ်။  လွတ်လပ်ခွင့်ဟာ အောင်ဆန်းစုကြည်ရဲ့ အခွင့်အရေးပါ။ ဗမာ (မြန်မာ) အစိုးရအနေနဲ့ ဒီလိုကောင်းမွန်တဲ့လုပ်ရပ်ကို ထောက်ခံအားပေးရပါမယ်"
- ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း

"ပြင်သစ်နိုင်ငံက အောင်ဆန်းစုကြည်လွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့် နေပါတယ်။ သူမရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုနဲ့ သဘောထား ဖော်ထုတ်ခွင့်အပေါ် ဟန့်တားတဲ့ ဘယ်လုပ်ရပ်မဆို သူ့အခွင့်အရေးကိုငြင်းပယ်တဲ့၊ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ် မှတ်ယူသွားမှာပါ"
- ပြင်သစ်သမ္မတ နီကိုလပ်ဆာကော်ဇီ

"အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေးရရှိရေးအတွက် ကမ္ဘာတစ်ဝန်း တိုက်ပွဲဝင်နေသူများအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်သည်။ သူမ၏ အကြမ်းမဖက်လှုပ်ရှားမှုနှင့် အာဃာတမဲ့သော စိတ်ထားကြောင့် စံပြပုဂ္ဂိုလ်တစ်ဦး အဖြစ် တွန်းပို့ပေးခဲ့သည်။"
- (ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ် ပြောကြားချက်ကို အစိုးရက ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ်သည်။)

"နေအိမ်အကျယ်ချုပ်ကနေ အောင်ဆန်းစုကြည် ပြန်လွှတ်လာလို့ ကျွန်တော်ဝမ်းမြောက်မိပါတယ်။ သတ္တိနဲ့မျှော်လင့်ချက်အမှတ် သင်္ကေတ တစ်ခုအဖြစ်ရှိနေချိန်မှာ အောင်ဆန်းစုကြည်ဟာ အနှစ် ၂၀ ကျော် ထိန်းသိမ်းခံထားရတယ်။ အခုအချိန်မှာ အောင်ဆန်းစုကြည်ဟာ လွတ်လပ်စွာ သွားလာခွင့်နဲ့ ဖော်ထုတ်ပြောဆိုခွင့်၊ နိုင်ငံရေးလှုပ်ရှားမှုတိုင်းမှာ အပြည့်အ၀ပါဝင်နိုင်ခွင့်ရဖို့ အရေးကြီးပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အခြားပြည်သူတွေအားလုံးကိုလည်း ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း ကျွန်တော်တောင်းဆိုပါတယ်။"
- ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ နာဗီပီလ်လေး


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့်ပတ်သက်၍ ပြောစကားများ(မြန်မာပြည်မှ)
အခုဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်ဆိုတာ အင်မတန်ဝမ်းသာစရာကောင်းတဲ့ မင်္ဂလာရှိတဲ့ သတင်းဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံး တင်မကဘူး တစ်ကမ္ဘာလုံးကလည်းပဲ ၀မ်းမြောက်ဝမ်းသာကြိုဆိုကြမှာပါ။ သူအခု လွတ်လာတဲ့အချိန်ဟာ အင်မတန် အချိန်ကောင်းလို့ ဆရာတော့ ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတဲ့ သတင်းဟာ အခြေအနေတွေကို အဆိုးကနေအကောင်းဘက်ကို ပြောင်းသွားနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်။ အခွင့်အရေးကိုသာ ရယူတတ်မယ်ဆိုရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်နိုင်ပါတယ်။  ဘာကြောင့်လည်း ဆိုတော့အခုလို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  မခံချိမခံသာဖြစ်နေကြတဲ့၊ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ တစ်သီးပုဂ္ဂလတွေ၊ မဲဆန္ဒရှင်ပြည်သူတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံပြီးတော့ လာကြပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဒါဟာတိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ အမျိုးသားအင်အားစုကြီး တစ်ရပ်ပေါ်ထွန်းပြီးတော့ လာနိုင်တယ်။ ဒီအခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည် ရအောင်ယူစေချင်တယ်။ ဒီအခွင့်အရေးရအောင်ယူပြီးတော့ ခိုင်မာတဲ့ အမျိုးသားအင်အားစုကြီးတစ်ရပ်ကို စုစည်းနိုင်ခဲ့ရင် နောင်ဖြစ်လာမယ့် အစိုးရအနေနဲ့က လွှတ်တော်အတွင်းရော၊ လွှတ်တော်အပြင်ရော  အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေအပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုပြီးတော့ ၀န်းရံနေတဲ့ အမျိုးသားအင်အားစုကြီးနဲ့ စကားမပြောဘဲကိုပဲ နေလို့မရဘူးဆိုတဲ့ အခြေအနေမျိုးဖြစ်လာပါလိမ့်မယ်။ အဲလိုဆိုလို့ရှိရင် ဆရာတို့က ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ဆွေးနွေးပြီးတော့ အစိုးရကလည်းပဲ တကယ်အမျိုးသားအင်အားစုကြီးကို လစ်လျူရှုမထားဘဲ တိုင်းပြည်ကောင်းကျိုးအတွက် ဆွေးနွေးမယ်ဆိုလို့ရင် ဆရာတို့တိုင်းပြည်မှာ ဘယ်တုန်းကမှမရဘူးသေးတဲ့ အမျိုးသားညီညွတ်ရေးကြီး တစ်ရပ်ပေါ်ထွန်းနိုင်ပါလိမ့်မယ်။ တပ်မတော်အတွင်းကလည်း အမျိုးသားညီညွတ်ရေးရယူနိုင်မယ့် အင်အားစုတွေ၊ ငြိမ်းချမ်းပြီး တိုးတက်ချင်တဲ့ အင်အားစုတွေ တပ်မတော် အတွင်းမှာလည်း အများကြီးရှိပါလိမ့်မယ်။ တပ်မတော်အတွင်းက အင်အားစုတွေကလည်း အမျိုးသားညီညွတ်ရေးအတွက် တွန်းအားပေးလိမ့်မယ်လို့ ထင်တယ်။ အဲသလိုဆိုရင် အမျိုးသားညီညွတ်ရေး၊ ငြိမ်းချမ်းရေးဟာ မဖြစ်နိုင်စရာမရှိပါဘူး။ ငြိမ်းချမ်းတဲ့နည်းနဲ့ ပန်းတိုင်ကိုရောက်အောင်သွားနိုင်တဲ့ အခွင့်အရေးကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမိအရ ဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
လူထုစိန်ဝင်း
တစ်ကယ်ဝမ်းသာပါတယ်။ အများကြီးလုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ကာတွန်းအော်ပီကျယ်
အရမ်းဝမ်းသာတယ်ဗျာ ကျွန်တော်တို့ မျှော်လင့်ချက်ရှိလာပြီ။
ဦးမောင်မောင်နိုင် (ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူ)
အရင်တုန်းကတော့ ငယ်သေးလို့ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်ဆိုရင် သတိမထားမိဘူး။ အခုတော့ ကျွန်တော်အပါအ၀င် လူငယ်အတော်များများက မျှော်လင့်ချက် ထားနေကြပါတယ်။ ရွေးကောက်ပွဲဟာ အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တဲ့ နည်းလမ်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ လူငယ်တွေ ကိုယ်တွေ့ကြုံပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေဟာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်လို့ ယူဆနေကြပါတယ်"
လူငယ် အယ်ဒီတာတစ်ဦး
အခုလို ကြုံတွေ့ရတဲ့နေ့ဟာ မင်္ဂလာရှိသောနေ့ပါပဲ။ ကြိုဆိုပါတယ်။ တစ်မျိုးသားလုံးအတွက် လိုအပ်တဲ့ ပေါင်းကူးတံတားဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဦးမျိုးမင်း CEO - PS Business School
ဘယ်သူမဆို ကျဉ်းထဲကြပ်ထဲ ရောက်နေရာကနေ လွတ်မြောက်လာမယ်ဆိုရင် ၀မ်းသာရမှာပဲ။ မုဒိတာ ပွားရမှာပဲ။ လူတစ်ယောက် ချမ်းသာသုခ ရောက်လာရင် မုဒိတာပွားရမယ်။ ဒါလူသားဝါဒါပါ။ လူသားတွေကို ကောင်းတာတွေ့ရင် ၀မ်းသာစေဖို့၊ မကောင်းတာတွေ့ရင် ခွဲခြားနိုင်စေဖို့ ဦးနှောက်ပေးထားတယ်။ မုဒိတာပွားနိုင်ဖို့ နှလုံးသား ပေးထားတယ်။ ဒီလို ဦးနှောက်နဲ့ နှလုံးသားကို ယှဉ်တွဲ အသုံးချရင် ငြိမ်းချမ်းမှာပဲ။ မေတ္တာထားရင် ငြိမ်းချမ်းမယ်။ မေတ္တာမထားနိုင်ရင် သံသရာရှည်မယ်။
ဦးစိုးညွန့်ဥက္ကဋ္ဌ၊ တော်ဝင်နှင်းဆီဖောင်ဒေးရှင်း
ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်ဆိုတာ သောကြာနေ့ ညနေ ၄ နာရီလောက်ကတည်းက စကြားခဲ့ရပါတယ်။ လွယ်လွယ်ကူကူ ပြောရရင် ၀မ်းသာပါတယ်။ နိုင်ငံတော်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အခန်းကဏ္ဍမှာ ဒါဟာ ဘေးဖယ်ထားလို့ မရပါဘူး။ မပါမဖြစ် ပါရမယ့် သဘောပါ။ လောလောဆယ်မှာ ရွေးကောက်ပွဲလည်း ပြီးပြီ။ result လည်း ထွက်ပြီးပြီ။ အများစု မျှော်လင့်သလို ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတဲ့ တံခါးတစ်ချပ်က ဖွင့်ပြီးပါပြီ။ ပြဿနာတွေကို ကျွန်တော်တို့ မမျှော်လင့်ဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာ ကောင်းပါတယ်လို့ မျှော်လင့်ပါတယ်။
ဦးဇော်မင်းထွန်း - မန်နေဂျင်းဒါရိုက်တာ Tip-Top ပညာရေးဝန်ဆောင်မှု ကုမ္ပဏီ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ အသက်ဝင်လာပါပြီ။
အသက် (၂၅) နှစ်အရွယ် လူငယ်တစ်ဦး

အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ သမားရိုးကျကြည့်ရင်တော့ အရမ်းဝမ်းသာစရာကောင်းပါတယ်။ ဘာပဲပြောပြော မျှော်လင့်ချက်တစ်ခု ရှိလာတာပါ။ ဒါပေမယ့် တော်တော်များများစိုးရိမ်နေတဲ့ အချက်တစ်ခုလည်း ရှိပါသေးတယ်။ နားလည်လက်ခံထားတာက ဆွေးနွေး ညှိနှိုင်းတိုင်ပင်မှု Compromise တစ်ခုတော့လုပ်ရမယ်။ ဥပမာ- Negotiation တစ်ခုလုပ်တယ်ဆိုရင် Zeo Sum Game တစ်ခုတည်းကို ကြည့်လို့မရပါဘူး။ Win Win Situation ဖြစ်ဖို့အရေးကြီးပါတယ်။ ထွက်ပေါက်တစ်ခုတော့ ပေးဖို့လိုအပ်လိမ့်မယ်။ အထူးသဖြင့်တော့ Negotiation ကို ထိပ်တိုက်ရင်ဆိုင်ခြင်း Confrontation နဲ့မသွားမိဖို့လိုပါတယ်။ ဒါကြောင့် ပြောချင်တာက ဒေါ်စုလွတ်လာတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ နောက်တစ်ခုပြောချင်တာက သူဟာတကယ်လည်းတော်တဲ့ အမျိုးသမီးတစ်ဦးပါ။ ဒါပေမယ့် ဘေးနားက Influence တွေများနေလို့ Negotiation ဘက်မရောက်ဘဲ Confrontation  ဘက်ရောက်သွားမှာမျိုးဆိုရင်တော့ လူမျိုးအတွက်၊ နိုင်ငံအတွက်ပါအားလုံးပြီးဆုံးသွားပါလိမ့်မယ်။ ဒုံရင်းကဒုံရင်းဆိုတဲ့ အခြေအနေမျိုးပြန်ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် Negotiation Skill  မှာကိုယ်အသာစီးရဖို့ထက် သူများကို ဘယ်လိုထွက် ပေါက်ပေးမလဲဆိုတာ စဉ်းစားရပါတယ်။ ဒါနှစ်ဦးနှစ်ဖက်လက်ခံထားရမယ့် သဘောတရားပါ။ အဲဒါဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှုဟာ တိုင်းပြည်အတွက်ရော လူမျိုးအတွက်ပါပိုပြီး အကျိုးရှိပြီး ပျော်စရာကောင်းပါလိမ့်မယ်။
စီးပွားရေးပညာရှင်တစ်ဦး
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်တာကို လာစောင့်ကြည့်ကြတာ လူတော်တော်များတယ် ညနေပိုင်းမှာ ပိုများတယ် အတားအဆီးတွေ ဖယ်လိုက်လို့ ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်ထဲကို ပျော်ပြီးဝင်သွားကြတာ တက္ကသိုလ်ရိပ်သာလမ်း တစ်ခုလုံး လူသောင်းချီရှိတဲ့ လူပင်လယ်ကြီး ဖြစ်သွားတယ်။
ကိုယ်တိုင်သွားရောက်ခဲ့သူ ကိုဇော်လင်း

source/eleven media
.

Sunday, November 14, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲ.. (အသံဖိုင်)

T
ကြည်လင်တဲ့ အသံဖိုင်များ ရရှိပါက ထပ်မံတင်ပြပေးပါမည်..။
အပိုင်း(၁)
အသံဖိုင်(၂) မကြည်မလင်ဖြစ်တာ တောင်းပန်ပါတယ်..
မနက်ပိုင်း ၁၁ လောက် အမေစု ရုံးကိုရောက်လာတယ်..။ ၁၂း၁၀ လောက် စပြီး မိန့်ခွန်းပြောပါတယ် ....။ ကားလမ်းကို တော့အဲဒီအချိန်မှာ ပိတ်ထားလိုက်ပြီ (ယာဉ်ထိန်းရဲတွေက) ၁နာရီထိုးဖို့ ၁၀ မိနစ်လောက်ထိ စကားပြောတယ်..။ ရှေ့ဆက်သွားဖို့ ပြည်သူတွေဆီက အသံကြားချင်ပါတယ် လို့ပြောတယ်။ ပြည်သူတွေ သဘောထားကိုသိချင်တယ် ...။ စာရေးပါ စာပို့ပါ တစ်ယောက်ချင်းမတွေ့နိုင်တဲ့အတွက်အများ ဆန္ဒကို သိချင်တယ်။.. ဒေါ်စုဘက်ကလဲ ဘာလုပ်မယ်ဆိုတာ ပြည်သူတွေကိုချပြပါ့မယ် ...။ ပြည်သူတွေကလဲ လက်ခံသဘောတူမယ် ဆိုရင်ဆက်လုပ်မယ် လက်မခံရင်လဲ ဒေါ်စုဘက်က လက်ခံအောင်ရှင်းပြမယ်...။ အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်...။ ဒီမိုကရေစီ အင်အားစုတွေအားလုံးနဲ့ ပူးပေါင်းလုပ်ကိုင်သွားမယ်...။ ပြည်သူလူထုကြီး တစ်ရပ်လုံးက ကျမတို့ကို ၀န်းရံပေးဖို့လိုပါတယ်...။ တစ်ယောက်ထဲ လုပ်နေလို့မရဘူး အားလုံး ပူးပေါင်းပြီးလုပ်ကြမယ်...။ ကျမကိုယ်တိုင်လဲ ပြည်သူနဲ့အတူ ပါဝင်ပြီးလုပ်မယ်...။ ရှေ့ကို အလုပ်တွေ အများကြီးလုပ်ရအုံးမယ်..။ ကျမပြည်သူတွေအပေါ် တာဝန်မကျေ မှာစိုးတယ်..။ ပြည်သူတွေ နဲနဲတော့ အနာခံရမယ် တတ်နိုင်သလောက် ပြည်သူတွေအနာခံရတာ နည်းတဲ့နည်းလမ်းကို ရွေးချယ်သွားမယ်..။ လိုချင်တာကို ရအောင်လုပ်ရမယ် အလုပ်လုပ်ကြရမယ်..။ ကျမကိုယ်ကျမ ကိုယ့်လိပ်ပြာ ခုံရုံးမှာအစစ်ခံရဲတယ်..။ ပြည်သူလူထုကြီးလဲနေ့စဉ် ကိုယ့်လိပ်ပြာခုံရုံးမှာ အစစ်ခံရဲရမယ်...။ ပြည်သူတွေရဲ့အသံကို ကြားချင်ပါတယ်။ ပြည်သူတွေဘာဖြစ်ချင်လဲ ဆိုတာ သိချင်ပါတယ်..။ ဒီမိုကရေစီလမ်းကို အတူတူဖောက်ကြမယ်..။ အတူတူလျှောက်ကြမယ် ကျမတစ်ယောက်ထဲမလျှောက်ဘူး အားလုံးအတူသွားကြမယ်.... လူထုကတော့ အခုထိသွားတဲ့လူလည်း သွားနေတယ် ပြန်တဲ့ လူလည်းပြန်နေတယ်... ဟုပြောဆိုသွားပါတယ်..။ လမ်းကတော့ ပိတ်လိုက်ပွင့်လိုက်ပဲ သတင်းစာရှင်းလင်းပွဲလုပ်နေတယ် ပြီးရင်ဘဘဦးလွင်ဇနီး ဒေါ်တင်တင်မလေး နာရေးတစ်ခု သွားမယ်ပြောတယ်..။ အခုလောက်ဆို ပြန်ပြီထင်တယ် လူထုအင်အားများတယ် နယ်က ပါတီဝင်တွေ တော်တော်များများ တွေ့ရတယ် .. သံရုံးကလူတွေ တော်တော်များများလာတယ် သြစတေးလျ အမေရိကန် အစ္စရေး နောက်တစ်ခြားသံရုံးက လူတွေလဲ လာကြတယ်..။ ဂျာနယ်တွေ တော်တော်များများ လဲလာကြတယ်..။ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း ဂျာနယ်တွေကကော ပြည်ပ ကကော သံရုံးအဖွဲ့အစည်းတွကကော တက်ကြတယ်)
KSL ပေးပို့ပါတယ်..။
ယနေ့ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း
“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ” “ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။” “ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။” “ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ” “ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’ “ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’ “ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။” “ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။” “လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။ ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။” “ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’ “ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’ “မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’ “ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’
ကျမ လုပ်ဖော်ကိုင်ဘက်တွေ၊ ထောင်ထဲက ဒီမိုကရေစီ လုပ်ဖော်ကိုင်ဘက်တွေကို ဂုဏ်ပြုချင်တယ်။ မြန်မြန်လွတ်လာပါစေလို့။ “ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။" ပြည်သူ့လုပ်အားနဲ့ .. တွဲပြီးအလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။
သတင်း။။မြတ်လေးငုံ.

ဂျပန်နိုင်ငံTBS သတင်းဋ္ဌာန မှထုတ်လွှင့်သွားသော အမေစုရဲ့ သတင်း(ရုပ်သံ)

Type the rest of your post here.

Saturday, November 13, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သွားပြီ။။ (အမေရဲ့ဆုံးမစကားသံ ..နားစဉ်ရန်)

Image: Aung San Suu Kyi
PHOTO၊၊ Khin Maung Win  /  AP
                                                
အမေရဲ့ဆုံးမစကားသံနားစဉ်ရန်  
အသံမှတ်တမ်း။မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်က လွတ်လာပြီးနောက် ခြံရှေ့မှာ ပြည်သူလူထုရှေ့ ပြောသွားတဲ့ စကားကတော့ ''နောက်ကလူတွေ မကြားရရင် ရှေ့ကလူက ပြန်ပြောပြပေါ့နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတစွာ ယူသွားကြဖို့ ၊ တယောက်နဲ့ တယောက် စာနာစိတ်ထားပေးပါ/ အားလုံး မနက်ဖြန် တွေ့ချင်ရင် မနက် ၁၂ နာရီ ရုံးကို လာခဲ့ပါ'' လို့ ဖြစ်ပါတယ်။
.