skip to main |
skip to sidebar

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက
အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။
ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ
ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင်
လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ
အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း
ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့
အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့်
ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို
Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို
Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့
အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း
အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ
မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က
၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ
ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့
သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။
၂ ရက် (၄၈ နာရီ)
ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet
Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google
Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ
Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ
သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင်
Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer
မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။
ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer
ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့
မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်
ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In
ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification
step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင်
ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ
ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။
ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။
မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ
Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ
မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက်
နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit
လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး
နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။
သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့
မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။
သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ
ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး
မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။
သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။
တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ်
ဖြေခွင့် ပေးတတ်ပါတယ်။
ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့
Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ
အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့်
သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message
လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning
တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ
တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ
လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့
လူငါးယောက်ကို မှန်အောင်
ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင်
မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။
အားလုံး အဆင်ပြေကြပါစေဗျား !!!
ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ
Villager Myanmar.
အောက်မှာမြန်မာလိုရေးသာထားပါတယ်။
his coming 11pm,all facebook account will be CUT. This is according
from the creator of facebook. All the activities that was being done
this time will be delay, SORRY FOR THE INCONVENIENCE. To save you're
facebook accounts,
please forward this message to 25 FB users for us to
make sure that you are active user of FB. If can't pass this to 25 users
you're account will be cut without any hesitancy
"911"
Chat Conversation End
FB က . . .
Communication Rule အသစ်တစ်ခုချမှတ်လိုက်ပြီ .....ဖွင့်ပြီး မသုံးတဲ့ Account တွေဆို . . .
ဖျက်ပစ်မယ် . . .
အဲ့အတွက်ကို လက်ရှိ သုံးကြောင်း . . .
Activate User 25 ယောက်ကို . . .
ပို့ပေးရမယ် . . .
ဒါကို ကူးပြီးတော့ . . .
မဟုတ်ရင် မသုံးဘူးလို့ ယူဆပြီးတော့ . . .
ဖျက်တဲ့ထဲမှာ ပါသွားနိုင်တယ် . . .
အကောင့်ပေါင်း 1 သန်းကျော်ကို ဖျက်ပစ်မှာတဲ့ ဒီစာကိုFB Chatbox ကနေ . . .
လိုက်ပို့ရမှာ . . .. မြန်မြန်လုပ်ထားနော် . . .
ဒီနေ့ ည ဘက်က Last Date . . .
ကဲ.............. အထက်ပါ စာမျိုးတွေ ကိုယ့် ဆီရောက်လာပါပြီဆိုပါတော့  သင့် အနေနဲ့  အနည်းငယ်တော့ လန့် သွားမယ်ထင်တယ်
သေချာပါတယ်လန့် ကိုလန့် သွားမှာပါ ပြီးရင် ဘာလုပ်မလဲ သူပြောထားတဲ့ အတိုင်းပဲပေါ့  ဒီစာကိုပြန် Share တော့ မှာပေါ့ ဟုတ်တယ်မလား
ဘာကြောင့် လဲဆိုတော့ ကိုယ့် ရဲ့  Facebook Account လေး
အဖျက်ခံရမှာကြောက်လို့ ပေါ့  ဟဲ ဟဲ Facebook သုံးစွဲသူ 100 ရှိရင် 99
ယောက်ကတော့ သေချာပေါက် ကို
ခုပြောထားတဲ့ အတိုင်းပဲလုပ်ကြမယ်ထင်ပါတယ် ကျန်တဲ့ တစ်ယောက်ကတော
့မလုပ်ဘူး ( ကျွန်တော်ပဲ :P ) ဘာကြောင့် လဲဆိုတော့ ကျွန်တော့် မလုပ်လဲ
ကျွန်တော့် အကောင့် အဖျက်ခံရမှာမဟုတ်လို့ ပါ အဲ့ ဒါကြောင့်  ကိုယ့် ရဲ့ 
Facebook Account လေးပျက်သွားမှာကိုသိပ်ပြီးတော့ ကြောက်မနေပါနဲ့ 
အိုကေဗျာ
ကြောက်နေတယ်ဆိုရင်တော့  အားပေးစကားလေးပြောချင်တယ် ဒါပေမယ့် အရင်မေးခွန်းလေးနည်းနည်းလောက်ဖြေကြည့် ပေးပေါ့ 
နံပါတ် ( 1 )သူငယ်ချင်းအနေနဲ့  Facebook ကို
တနေ့ တခါသုံးဖြစ်လား ? မသုံးဖြစ်ဘူးလား ?
ဟုတ်ပြီ နံပါတ် ( 2 ) တပတ်တခါရောသုံးဖြစ်လား ? မသုံးဖြစ်ဘူးလား ?
နံပါတ် ( 3 ) တလတခါရော သုံးဖြစ်ရဲ့ လား ? မသုံးဖြစ်ဘူးလား ?
နံပါတ် ( 4 ) တနှစ် နေလို့ တောင်မှတခါလောက်တောင် သုံးဖြစ်ရဲ့ လား မသုံးဖြစ်ဘူးလား ?
ဟုတ်ပီ ကျွန်တော် ဘာကြောင့် ဒါတွေမေးလဲဆိုတာပြောပြမယ် ဒီမေးခွန်းတွေရဲ
့အဖြေတွေမှာ နံပါတ်စဉ် 1 ကနေ 3 အထိကို မသုံးဖြစ်ဘူးလို့ ဖြေခဲ့ ရင်တောင်
သင့် ရဲ့ အကောင့် အဖျက်ခံရမှာမဟုတ်ပါဘူး နံပါတ်စဉ် 4 ထိသာ
မသုံးဖြစ်ဘူးဆိုတဲ့ အဖြေကို ဖြေခဲ့ မိရင်တော့  သေချာပါပြီ သင့် ရဲ့ အကောင်
့ကို အဖျက်ခံရဖို့  99 % ရာခိုင်နှုန်းသေချာသွားပါပြီ ကျွန်တော်သေချာပြောရဲ
တာကတော့ လလောက်ထိမသုံးဖြစ်တဲ့ အကောင့် ဥပမာပေါ့  တလတခါ နှစ်လ တခါပေါ့  အဲ
့လောက်မှအသုံးမပြုဖြစ်တဲ့ အကောင့် တွေကတော့ သိပ်ပြီးတော့ ကြောက်ဖို
့
မလိုသေးပါဘူး ဒီထက် လပိုသွားတာမျိုး 5 လကနေ တနှစ်လောက်ထိ
မသုံးပဲနေလိုက်မိတဲ့ အကောင့် ဆိုရင်တော့  အဖျက်ခံရဖို့ နီးစပ်သွားပါပြီ
အိုကေဗျာ.... ဒီနေရာမှာ ဥပမာတခုလောက်ပြောပြမယ် ဗျာ သင့် အနေဲ
့အကြောင်းအမျိုးမျိုးကြောင့် 
ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ ဘူး ( လများစွာကြာသွားတယ် ...နှစ်နဲ
့တောင်ချီသွားတယ် ) ဆိုပါလျှင် သင့် အကောင့် အဖျက်ခံရပြီပေါ့  ဒီနေရာမှာ
သင်ဟာ နိုင်ငံတခု သို့ မဟုတ် စီးပွားရေး လုပ်ငန်းတခုခုမှာ
အရေးပါအရာရောက်နေသူ တစ်ဦးတစ်ယောက်ဖြစ်နေခဲ့ မယ် ဆိုပါလျှင် (
ဒါကဥပမာပေးတာပါ ရိုးရိုးသာမန် User တစ်ယောက်အနေဲ့ လဲ ဒီအခွင်
့အရေးမျိုးရနိုင်ပါတယ် ) မတတ်သာလို့ ဖေ့ ဘွတ်ကို မသုံးဖြစ်ခဲ့ တာပါဆိုလျှင်
သင် သုံးစဉ်က သိမ်းဆည်းထားခဲ့ တဲ့  Data တွေ ကိုပြန်လိုချင်ရင်
နှမြောတသဖြစ်ပီးတော့ ဒီတိုင်းပဲထိုင်ပြီးနေမလား ပြန်ရဖို့ ကြိုးစားမလား
ဟုတ်ပီဗျာ
အဲ့ ဒီအချက်အလက်လေးတွေပြန်လို့ ချင်လို့  သင့် ရဲ
့အဖျက်ခံလိုက်ရတဲ့  Facebook Account လေးကို
နှစ်တွေကြာမှပြန်လိုချင်တယ်ဆိုရင် ဒီလိပ်စာ https://www.facebook.com/help
ကိုသာမှတ်ထားလိုက်ပါ အဲ့ ဒီနေရာမှာ သင့် ရဲ့ အကောင်
့ကိုပြန်လိုချင်ပါတယ်ဆိုပြီးတော့ အထောက်အထားခိုင်ခိုင်လုံလုံပြ
သနိုင်တယ်
သင့် အတွက် ဒီအကောင့် က အချက်အလက်တွေက အရမ်းကိုအရေးကြီးလို
့ပါဆိုပါလျှင်သူတို့ ဆီမှာပြန်လည်တောင်းဆိုပြီး သင့် ရဲ့ ကိုယ်ပိုင် Data (
အချက်အလက် ) တွေကို ပြန်လည်ရယူနိုင်ပါတယ် ဒါပေမယ့် အရေးကြီးတာက အဲ
့ဒီအကောင့် ကိုသုံးတဲ့ E- Mail လေးရှိနေဖို့ တော့ လိုတယ်ဗျနော် ;) သင့် ရဲ
့အကောင့် ဟာ
ပြစ်မှုတွေကျူးလွန်ထားမျိုး အဓိကရုဏ်တွေဖြစ်ပွားအောင်ဖန်တီးခဲ့ တာမျိုး
နောက်ဆုံး ကုန်ကုန်ပြောရရင် လုပ်ကြံဖန်တီးထားတဲ့ အကောင်
့မဟုတ်ဘူးဆိုရင်ပြန်လည်ရယူဖို့ အဆင်ပြေပါလိမ့် 
မယ်
ဘာလို့ လဲဆိုတော့ 
Facebook Community ကသင့် ရဲ့ အချက်အလက်တွေကို ဒီတိုင်း
ပြီးစလွယ်ဖျက်ပစ်သွားမှာမဟုတ်လို့ ပါ သူ့ တို့ က သင့် ရဲ့ 
Profile,Page, Group တွေက Data တွေကို ဖျက်မပစ်ပဲနဲ့ 
တကယ်အသုံးမပြုတောတာတို့  ( လုပ်ကြံဖန်တီးထား တာ ) တို့  မှန်ရင်တော့ 
အသုံးပြုလို့ မရတော့ အောင် ပိတ်ပဲပိတ်ပစ်ပြီး အချက်အလက်တွေကိုတော့ သူတို
့ရဲ့ှဆာဗာထဲမှာ သိမ်းဆည်းထားမှာပါ အဲ့ ဒါကြောင့် သူငယ်ချင်းတို့ အနေနဲ
့ ကိုယ့် အကောင့် လေးပျက်မှာပူမနေကြပါနဲ့  ဗျာ ကျွန်တော်သိပါတယ် ဖေ့ ဘွတ်
သုံးနေကျလူတွေ တနေ့ ကို အနည်းဆုံး တခါလောက်
Notifications လေးတွေမဖတ်ရရင်
Comment လေးတွေ မပေးရရင် Photo လေးတွေများမတင်ရရင် မနေနိုင်ကြဘူးဆိုတာကို
သိထားပါတယ် :Pေိခိ အဲ့ ဒီတော့ အနော် ပြောတဲ့  တလတခါ တနှစ် တခါလောက်တောင်
မသုံးဖြစ်လို့ အကောင့် အဖျက်ခံရမယ်
့သူစာရင်းထဲမှာမပါဘူးဆိုတာသေချာနေပါ
တယ်ဗျာ ဒါကြောင်
့ပူပန်တွေးတောပြီးကြောက်မနေကြပါနဲ့  အားတိုင်းလိုက်ပီးတော့  Share
မနေကြပါနဲ့  အမြင်ကတ်စရာဖြစ်နေပါဦးမယ် Share ချင်ရင်တော့ ဒီပို့ စ်လေးကို
သာရှဲပေးဗျာ ဒါကအကောင်းဆုံးပါ အိုကေ .............. ;)
သင့် ရဲ့  Facebook Account နဲ့ ပါတ်သက်လို့ လေ့လာချင်တယ်ဆိုရင်တော့  https://www.facebook.com/help/search/?q=how+do+i+delete+my+account နေရာလေးမှာသွားရောက်လေ့ လာလို့ 
ရပါတယ်ဗျာ
FutureDreamz
မှကူးယူဖော်ပြသည်။
မူရင့်လင့် ဒီမှာ.
မြန်မာနိုင်ငံရှိ
ကားများတွင် စာတန်းထိုးစနစ်နှင့် အသံပေးအချက်ပြ စနစ်ပါဝင်သော GPS ကို
မကြာမီ ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း မြေပုံနှင့်ပတ်သက်သော
မြို့ပြလမ်းညွှန် မြေပုံအနေဖြင့် ပြည်တွင်းမှ ပထမဦးဆုံး Software
ရေးဆွဲထုတ်လုပ်ခြင်း ဖြစ်ကြောင်း Techonomotion Studios မှ အမှုဆောင်
အရာရှိချုပ်ဦး ထွန်းမြင့်နောင်က ပြောကြားသည်။
မြန်မာဘာသာဖြင့်
အသုံးပြုနိုင်မည့်အဆိုပါ Polerstar စနစ် GPS သည် တစ်နိုင်ငံလုံးကို
သွားနိုင်သည့် လမ်းညွှန်မြေပုံပါသည့် GPS ဖြစ်ပြီး ပေ (၃၀) အကွာအဝေး
အတွင်းတိကျသော လမ်းညွှန်မှုကို ပေးနိုင်ကြောင်း၊ မြေပုံစောင်းသွားခြင်း၊
ကားလမ်းဘေး ရောက်သွားခြင်းများ မဖြစ်စေရန် စီစဉ်ထားသလို မိမိသွားလိုသော
လမ်းကိုသိရုံဖြင့် သွားလိုသော လမ်းကိုတွက်ချက်ကာ အတိအကျ ဖော်ပြပေးပြီး၊
အနီးဆုံးနှင့် အတိုဆုံး၊ လမ်းကိုမောင်းနှင်ပေးရန် အချက်ပေးသည်။
ကားမောင်းနေစဉ်အတွင်း
အန္တရာယ်ရှိနိုင်သော အမြန်နှုန်းကို ရောက်ရှိလာပါက အသံဖြင့် အချက်ပေးသည်။
ထို့အပြင် ကားသွားရာ တစ်လျှောက်အနီးစပ်ဆုံး ရှိသည့်ဆေးရုံ၊ စားသောက်ဆိုင်၊
ဓာတ်ဆီဆိုင်များကိုလည်း ဖော်ပြပေးသလို ကော်ဖီနှင့် စားသောက်ဆိုင်များ
ကိုလည်း ထည့်သွင်းထားသည်၊ သွားခဲ့ဖူးသော နေရာများကိုလည်း မှတ်တမ်းထားလိုပါက
Save လုပ်ထားနိုင်ပြီး လမ်းနာမည် အက္ခရာများကို ရိုက်ထည့်လိုက်ပါက
လျင်မြန်စွာ ဖော်ပြပေးကြောင်း ဦးထွန်းမြင့်နောင်က ပြောသည်။
Polarstar စနစ်သုံး GPS သည်
ရွေးချယ်ထားသော လမ်းကြောင်းကို မသွားဘဲ ဆက်လက်သွားချင်ပါက GO ဟု
အမိန့်ပေးလိုက်လျှင် သွားနေသည့် လမ်းကြောင်းအတိုင်း ဆက်လက်တွက်ချက်ကာ
လမ်းညွှန်ပေးသည်။ Screen ကို ကြည့်စရာမလိုဘဲ အသံဖြင့် အချက်ပေးခြင်း
ဖြစ်သောကြောင့် ကားမောင်းသူကို အာရုံရှုပ်ထွေးမှု မရှိစေဘဲ
ပုံမှန်မောင်းနေနိုင်သည်။ အဆိုပါ GPS တွင် Touch Screen ဖြင့်
အသုံးပြုရပြီး Game များကို ထည့်သွင်းထားသလို Blue Tooth ဖြင့် တွဲဖက်
Audio စနစ်သုံးနိုင်ကြောင်း၊ ထို့အပြင် MP4 တစ်လုံးကဲ့သို့ FM
လိုင်းများနားထောင်နိုင်ခြင်း၊ ဖုန်းဖြင့် ချိတ်ဆက် စကားပြောနိုင်ခြင်း၊
ဗီဒီယိုဓာတ်ပုံနှင့် e-book များပါ ဖတ်ရှုနိုင်သလို ကားနှောက်ကြည့်
ကင်မရာနှင့် တွဲဆက်ထားပါက ကားနောက်ဆုတ် နေစဉ်အတွင်းနောက်မှာရှိသည့်အရာ
အရာဝတ္ထု၏ တစ်ပေအကွာအထိ အချက်ပြပေးသည့်အပြင် ဖုန်းခေါ်ဆိုခြင်းကို
အသုံးပြုနိုင်သော Polarstar Microphone ဖြင့်လည်း စကားပြောဆိုနိုင်ကြောင်း
သိရသည်။ Polarstar GPS နှင့်ပတ်သက်ပြီး အမှုဆောင် အရာရှိချုပ်
ဦးထွန်းမြင့်နောင် က “ဒီဆော့ဖ်ဝဲကို ရေးဆွဲဖို့ တစ်နှစ်ခွဲလောက် အချိန်ယူ
ရေးဆွဲခဲ့ရပါတယ်။
၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ
တစ်နိုင်ငံလုံးရဲ့ Digital Map ကို ရေးဆွဲနိုင်ဖို့ အတွက်ကြိုးစား
ခဲ့ပါတယ်။ ကုမ္ပဏီတွေကနေ လုပ်ပိုင်ခွင့်တွေဝယ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး
မြေပုံရဖို့အတွက် လိုချင်တဲ့အချက် အလက်တွေရဖို့တော်တော် အခက်အခဲရှိခဲ့တယ်။
နောက်ဆုံးကိုယ်တိုင် ဆာဗေးဆင်းပြီး မြေပုံကိုရေးခဲ့ရတယ်။ လမ်းတွေမှတ်ရတယ်။
ကွန်ပျူတာ အကူအညီကိုယူခဲ့ရတယ်။ ကောင်းကင်မြေပုံကို တစ်ပတ်စီယူခဲ့ပြီး
ပြောင်းလဲမှုတွေကို ယူခဲ့ရာကနေ ပြောင်းတာဆိုလို့ လမ်းတွေပဲဖြစ်နေတာကို
တွေ့ခဲ့ရတယ်။ ဒီဆော့ဖ်ဝဲမှာသုံးထားတဲ့ GPS MP4 နဲ့ အခြားသုံးရထားတာတွေဟာ
ပုံမှန်အားဖြင့် တပ်ဆင်မယ် ဆိုရင် ကျပ်ခုနှစ်သိန်းသုံးသောင်း
လောက်ကုန်ပြီးကား Deskbook တစ်ခုလုံးပြည့်သွားနိုင်ပါတယ်။
Polarstar ကတော့ ကျပ်တစ်သိန်း
ခုနှစ်သောင်းနဲ့ ရောင်းချသွားမှာပါ။ စပြီးရောင်းချမယ့် ရက်ကတော့ မန္တလေး ICT
ပွဲကျင်းပမယ့် ဖေဖော်ဝါရီ (၂၅) ရက်နေ့ကစပြီး တစ်နိုင်ငံလုံး မှာရှိတဲ့
မိုဘိုင်းဖုန်းဆိုင်တွေနဲ့ ကားပစ္စည်း အရောင်းဆိုင်တွေမှာ
ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်-မန္တလေး
နှစ်မြို့ထဲထည့်ထားတယ်။ နောက်ဆက်ပြီးတော့လည်း အခြားမြို့တွေနဲ့
ဟိုင်းဝေးလမ်းတွေ ဆက်ထည့်လို့ရပါတယ်။ မြို့တစ်မြို့ဆို ကျပ်ရှစ်ထောင်
ကိုးထောင်လောက်ကျပြီး ဟိုင်းဝေးလမ်းတွေကတော့ ကျပ်တစ်သောင်းကျပါတယ် အာမခံ
တစ်နှစ်ပေးထားတယ်”ဟု it-weekly ဂျာနယ်သို့ပြောသွားခဲ့သည်။
.