Wednesday, February 13, 2013

ရခိုင်အား နိုင်ငံရေးကစားဖို့ ဒေသအဖြစ် ကြံဖွတ်အစိုးရ အသုံးချခဲ့ကြ

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

Myo Set

မြန်မာပြည်က နယ်စပ်ပြဿနာအနက် ရခိုင်ပြည်နယ်ဟာ အားအနည်းဆုံးဖြစ်တယ်။ တရုတ်နယ်စပ်မှာ ကချင်တပ်နဲ့ ထိုင်းနယ်စပ်မှာ ကရင်တပ်ရှိပြီး နယ်စပ်တောင့်တင်းရေးကို သူတို့ဂရုစိုက်နိုင်ကြတယ်။

နယ်စပ်လုံခြုံရေးအားအနည်းဆုံးမောင်တောဒေသဟာလူဦးရေကိုအသုံးချပြီး နိုင်ငံရေးကစားဖို့ ဒေသအဖြစ်ဦးနုလက်ထက်ကတည်းက အသုံးချခဲ့ကြတယ်။

ဘာသာရေးအစွန်းရောက်ဝါဒကို အမေရိကန်လိုနိုင်ငံတွေတောင်ခေါင်းခဲနေတဲ့အချိန်မှာ ငါးမျှားချိတ် ကိုမမြင်ဘဲ ငါးစာကိုသာမြင်တဲ့လုပ်ရပ်တွေဟာ တော်တော်ကိုပဲ ပြဿနာရှုပ်ထွေးစေဦးမယ်။

မောင်တောဟာ လူဦးရေအရကို အသိမ်းပိုက်ခံလိုက်ရပြီး ဖြစ်တယ်။ ဦးသိန်းစိန်ကို ဆွဖို့ ဖွဖို့ နောက်ကွယ်က ကစားချင်တဲ့လူတွေဟာလဲ တော်တော်ကို ဦးနှောက်နည်းတဲ့သူတွေဖြစ်မယ်။ ဘာကြောင့်လဲဆိုရင် မောင်တောအရေးအခင်းတွေအားလုံးဟာ သီးခြားဖြစ်လာတာမဟုတ်ဘဲ ဒါတွေနဲ့အပြိုင် ဖြစ်လာတဲ့ကိစ္စတွေရှိနေတယ်။ ဒေါ်စုခရီးစဉ်နဲ့တိုက်ဆိုင်လွန်းနေတာမျိုး၊ ကချင်ငြိမ်းချမ်းရေးစကားပြောတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာမျိုးတွေဖြစ်တယ်။

ဒါတွေဟာ ကြံစည်ပြီးလုပ်တာဆိုတာ ထင်ရှားပါတယ်။ အလိုလိုဖြစ်ပေါ်တတ်တဲ့ Riot မျိုးမဟုတ်တော့ဘူး။ ဒါတွေကို ကိုင်တွယ်ဖို့လိုအပ်တယ်။ ကော်မရှင်ကဆိုတာကြီးကလဲ အစီရင်ခံစာမထွက်တဲ့အပြင် ပြဿနာတောင်ထပ်တက်နေသေးတယ်။ ရခိုင်တွေမယ် အားကိုးစရာလူကိုမရှိတော့ဘူး။