Friday, December 28, 2012

ဦးပြားမိသားစု ကို တာဝန်ယူဖို့

အဓိက တာဝန်ယူရမှာ ပါလာတဲ့ အမေရိကန်ခရီးသည်တွေကို အမေရိကန်အစိုးရ ရဲ့ တောင်းဆိုမှုကြောင့်ဆိုပြီး ဒေါ်လာထောင်သောင်းအကုန်ခံပြီး၊ ထိုင်းဆေးရုံကို စင်းလုံးငှားလေယာဉ်နဲ့ ချက်ခြင်းပို့ဆောင်ပေးခဲ့တဲ့ အဲယားပုဂံ လေကြောင်းကုမ္ပဏီ က တာဝန်ယူရမှာ။

နိုင်ငံခြားသာ ဆို အထူးအခွင့်အရေးပေး၊ ကိုယ့်တိုင်းသူပြည်သားကျတော့ အမျိုးမျိုး
ကျစ်တတ်တဲ့ စိတ်ဓါတ် ဟာ ဦးနေ၀င်းချခဲ့တဲ့ မျိုးစေ့ က ရှင်သန်အမြစ်တွယ်နေတဲ့
စက်ဆုတ်ရွံရှာစရာကောင်းတဲ့ စိတ်ဓါတ်ပါ။

ဒီလို လူမမယ်ကလေးနဲ့ ကျန်ခဲ့ရတဲ့ မိသားစုအတွက်၊ သေသွားရတာလည်း အိမ်ထောင်ဦးစီး ဖြစ်တဲ့အတွက် ဘ၀ အာမခံချက်တခု ရသည်အထိ ကူညီပေးသင့်တယ်။ အဲဒီလို ကျေးလက်မှာ နေသူတွေအတွက် ရင်းနှီးမြှုပ်နှံမှု တခုခု ဟာ သိပ်လည်း များမယ် မထင်ပါဘူး။

နတ်လူသာဓု ခေါ်နိုင်အောင်သာ လုပ်စေ့ချင်ပါတယ်။

ကိုယ်ယူရမယ့် တာဝန်၊ သူများက ယူပေးရတယ် ဆိုတာကိုက ရှက်စရာကောင်းလှတယ်။

ဒါကိုမှ မယူရင်လည်း ပြည်သူတွေ ၀ိုင်းကြ၊ ၀န်းကြတာပေါ့။

ချိုတူးဇော်

လေယာဉ်ပျက်ကျစဉ်သေဆုံးသွားတဲ့ ဦးပြား ၏ ၄ လအရွယ် ကလေး ပုံပါ။ ဦးပြားဇနီးအား မေးမြန်းစဉ် မည်သည့်စကားတစ်လုံးမှ မပြောနိုင်ဘဲ ငိုမြဲသာငိုနေလျှက်ရှိသည်။
ယခုပုံသည် သေဆုံးသူဦးပြားနေထိုင်ရာ ကုန်းမို့ကျေးရွာသို့ ကိုယ်တိုင်သွားရောက် သတင်းယူထားပုံဖြစ်ပါသည်။ ဌာနဆိုင်ရာနှင့် အဲပုံဂံ လေကြောင်းလိုင်းမှ သိန်း ၄၀ပေးကာ မည်သည့် စိတ်ကျမ်းမာရေး ပြုစုစောက်ရှောက်မူ့ မပေးတဲ့အပေါ် အင်တာနက်ပေါ်တင်ပေးလိုက်ပါသည်။ အကူအညီလိုအပ် နေတဲ့ မိသားစုလေးမို့ ဝိုင်း share လိုက်ကြပါအုံး