Thursday, December 27, 2012

ရခိုင်ပြည်နယ် မြောက်ပိုင်းသုံးမြို့နယ်အတွင်း လူဦးရေထူထပ် များပြားမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားနေ

{{{ မောင်တောမြို့နယ်တွင် တရားဝင် စာရင်းဇယားများအရ တိုင်းရင်းသား ၂၅၅၅၃ ဦးရှိပြီး ဘင်္ဂါလီ ၄၄၃၃၉၀ ဦးရှိနေကာ ဘူးသီးတောင်တွင် တိုင်းရင်းသား ၄၆၁၉၂ ဦးရှိကာ ဘင်္ဂါလီ နှစ်သိန်းသုံးသောင်း ရှိပြီဖြစ်သဖြင့် ယင်းဒေသတွင် နေထိုင်သောတိုင်းရင်းသားများ၏ လုံခြုံရေး၊ ပထ၀ီနိုင်ငံရေးကို စဉ်းစားရန်လိုလာပြီဖြစ်ကြောင်း }}}

ဘယ်သူက လူနည်းစု ၊ ဘယ်သူက အုပ်စုဖွဲ့ အနိုင်ကျင့်ခံရ တာလဲ ဆိုတာ ၊ သင်ပုန်းကြီးတန်း ကလေးတောင် တတ်သိနားလည်တယ် ။
ဒါကိုမှ ကြက်ဟင်းခါးသီး စို့ပြီး အတင်းပိတ်ငြင်းနေတဲ့ ဘင်္ဂလီဆြာကြီးတွေက
အလွန့်အလွန် ပိတ်ငြင်းရတာကို အရသာတွေ့နေကြတယ်ဆိုတာ သဘောပေါက်ပါတယ် ။ သို့ပေမယ့်လည်း တကယ်တမ်း စာရင်းရှင်းတော့
ခိုးဝင်လာကြတာတွေ ၊ ခြင်ကိုက်တိုင်းပေါက်နေကြတာတွေ နဲ့ ၊ လန်းဂွေ့ဂ်
သောက်တလွဲ လူမျိုးတွေ တလှေကြီး တလှေကြီး မှ အစစ်ပါပဲဗျာ ။

( ရခိုင်မှာ ဌက်ဖျား ပေါတာတောင် ကျေးဇူးတင်ရမလိုလို)
ဇော်မင်းထွန်း


Wednesday, 26 December 2012

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်
မြောက်ပိုင်းများတွင် လူဦးရေ ထူထပ်များပြားနေမှုနှင့် မွေးဖွားနှုန်း အဆမတန်တိုးပွားကာ နိုင်ငံတကာ စံချိန်စံညွှန်းထက် ကျော်လွန်နေကြောင်း သိရသည်။

အဆိုပါဒေသ၏ လူဦးရေသိပ်သည်းဆမှာ မောင်တောမြို့နယ်တွင် တစ်စတုရန်းမိုင်လျင် ၈၇၀ ဦး၊ တောင်ပြို လက်ဝဲမြို့နယ်ခွဲတွင် ၇၀၁ ဦး၊
ရခိုင်ပြည်နယ်တစ်ခုလုံး၏ လူဦးရေသိပ်သည်းဆမှာ ၂၃၃ ဦးဖြစ်ကြောင်း သိရသည်။ အဆိုပါဒေသများသည် လူဦးရေသိပ်သည်းဆ တစ်စတုရန်း ကီလိုမီတာတွင် လူဦးရေ ၁၂၁၇ ဦး ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းမြေချင်း ထိစပ်လျက်ရှိသည်။

မောင်တောခရိုင်၏ ထူးခြားသော အခြေအနေအရ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးကွပ်ကဲမှုဌာနချုပ် အနေဖြင့် အဓိကတာဝန်ကြီးသုံးရပ်တွင် ပါဝင်သော လူဦးရေထိန်းချုပ်ရေးတာဝန်ကို အကောင်အထည်ဖော်ရာတွင် နယ်မြေကိုးခု စခန်း၂၆ ခုဖြင့် ဆောင်ရွက်လျက်ရှိရာ တစ်ဖက်နိုင်ငံမှ တရားမ၀င်ခိုးဝင်မှုများ၊ မိမိနိုင်ငံအတွင်းမှ ခိုးထွက်မှုများကိုစောင့်ကြည့်
ဖော်ထုတ်ပြီး ရှောင်တခင် ၀င်ရောက်စစ်ဆေးခြင်း၊ပင်လယ်ပြင်နှင့် နတ်မြစ်ကမ်းခြေမှ ပိတ်ဆို့တားဆီးခြင်း၊ တောင်ကျော်လမ်းများမှ စစ်ဆေးခြင်းကို ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဒေသသည် သမိုင်းကြောင်းဆိုင်ရာ လူမျိုးရေးအနေအထားကြောင့် လူဦးရေထိန်းသိမ်းရေး လုပ်ငန်းအား ဆောင်ရွက်ရာတွင် ထူးခြားသည့်
ဖြစ်စဉ်များ တွေ့ရှိရကြောင်းနှင့် တရားမ၀င်ကလေးကိစ္စများ ပါဝင်ကြောင်း၊ တရားမ၀င်ကလေးဟု သတ်မှတ်ရာတွင် တရားဝင် လက်ထပ်ခြင်း
မပြုဘဲ မွေးဖွားသော ကလေးများ၊တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသည့် ဖခင်ဖြစ်သူအား အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ထားသော်လည်း ကျန်ရစ်ခဲ့သော မိခင်မှမွေးဖွားလာသော ကလေး၊ ဖခင်ပြေးပြီးနောက် တစ်ဖက်နိုင်ငံမှ တရားမ၀င် ပြန်လည်ဝင်ရောက်လာပြီး တရားမ၀င်
ပေါင်းသင်းမှုမှ မွေးဖွားလာသော ကလေးများ၊ မုဆိုးမ၊ တစ်ခုလပ်၊ အပျိုတို့မှ ဖခင်မပေါ်ဘဲ မွေးဖွားလာသော ကလေးများနှင့် လက်ထပ်ထိမ်းမြားခြင်း အမှုတွဲအား စိစစ်နေဆဲကာလတွင် ပေါင်းသင်းနေထိုင်သဖြင့်
မွေးဖွားလာသော ကလေးများဟု သီးခြားစာရင်းပြုစုထားကြောင်း သိရသည်။

တရားမ၀င် ကလေးအရေအတွက်မှာ ၂၀၀၉ခုနှစ် လူဦးရေစစ်ဆေး
ပြီးသည့်စာရင်းအရ ရ၂၈၉ ဦးအထိ ရှိခဲ့ပြီး ထိုကလေးများသည် အရွယ် ရောက်လာသည့်အခါ စာရင်းမဲ့ဖြစ်နေခြင်း၊ ဒေသန္တရအမိန့်များ၊ ဥပဒေများကို ထပ်မံချိုးဖောက်ခြင်း တရားမ၀င် အိမ်ထောင်ပြုခြင်း၊
ကလေးမွေးဖွားခြင်း၊ မွေးဖွားသည့် ကလေးအား စာရင်းမသွင်းနိုင်ခြင်း စသည့် ပြဿနာများ ပိုမိုတိုးပွားလျက် ရှုပ်ထွေး သည့် အခြေအနေများ
ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် တရားဝင် စာရင်းဇယားများအရ တိုင်းရင်းသား ၂၅၅၅၃ ဦးရှိပြီး ဘင်္ဂါလီ ၄၄၃၃၉၀ ဦးရှိနေကာ ဘူးသီးတောင်တွင် တိုင်းရင်းသား ၄၆၁၉၂ ဦးရှိကာ ဘင်္ဂါလီ နှစ်သိန်းသုံးသောင်း ရှိပြီဖြစ်သဖြင့် ယင်းဒေသတွင် နေထိုင်သောတိုင်းရင်းသားများ၏ လုံခြုံရေး၊ ပထ၀ီနိုင်ငံရေးကို စဉ်းစားရန်လိုလာပြီဖြစ်ကြောင်း လေ့လာသူများက
ပြောဆိုလျက်ရှိသည်။

Eleven Media Group