Tuesday, December 04, 2012

"ဆေး မခနိုင်သည့် ည "

ကတိသစ္စာ တည်သောအခါဝယ်
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏
ဆိုသည်စကား ရှေးရှေးခါက
မှန်ခဲ့ပါ၏ …..

ယခုအခါ
ကတိမရှိ သစ္စာမဲ့စကား လက်ကိုင်ထားလို့ 
နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်ရန် မရှိပါငြား
ဆေးခါးအဖြစ် ဥပါဒ်သာပေး
ဘေးဖြစ်နေ၏ ….

သမားဂုဏ်ရောင် ညှိုးမိန်လာသည့်
ခေတ်အခါဝယ် ဆေးလည်းမစွမ်း
ငွေကိုလွှမ်းသည့် ကိုယ့်ကျင့်ပျက်ပြား
ဆေးလောကသား …..

တစ်ယောက်မကောင်း သမိုင်းကိုပြောင်း
သာမန်ဒဏ်ရာ ပြောသောငြားလည်း
နှလုံးလည်းနာ အသည်းလည်းကျွမ်း
ရင်မှာဆူးနစ် ဝေဒနာသစ်တွက်
အသက်ထွက်ရန် ဆုတောင်းနေပြီ
အို ...မျိုးဂုဏ်လည်းပျောက် သစ္စာဖောက်တို့ ……

၃.၁၂.၂၀၁၂ ( ည ၁၁ နာရီ ၁၁ မိနစ် )

Mg Mandalay

အေးချမ်းမွန်မှ Mg Mandalay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။