Sunday, October 14, 2012

တော်ပါတော့ OIC


“ကျွန်တော်တို့နိုင်ငံက OIC အ ဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာ ကိုးကွယ်သူအများကြီးရှိတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ အဲဒါကို OIC က ကျွန်တော်တို့နိုင်ငံ မှာ ဘာလာလုပ်မှာလဲ။ ယာယီပဲဖြစ်ဖြစ်၊ အမြဲတမ်းပဲဖြစ်ဖြစ် ဘာရုံးမှ အခြေစိုက်စရာမလိုပါဘူး။ ကူညီပေး စရာရှိရင် ဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အန်ဂျီအိုတွေကတစ်ဆင့် ကူညီပေါ့။ ရခိုင် လူမျိုးနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခကနေ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် ဖိတ်ခေါ်သလိုဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါလုံးဝမလုပ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။ နိုင်ငံ ရေးပါတီတွေနဲ့ တပ်မတော်အနေ နဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ်။ ကျွန် တော်ထိုင်းနိုင်ငံကိုသွားပြီး ထိုင်း-မြန်မာနယ်စပ်မော တောင်ဖက်သွားဖို့ Tour ကုမ္ပဏီတစ်ခုနဲ့ စကားပြောတော့ သူက ဒီတစ်နှစ် နှစ်နှစ်အတွင်း မှာ ထိုင်း-မြန်မာနယ်စပ်ကို ဆော်ဒီ သူဌေးတွေကို ခဏခဏပို့ပေးရတယ် လို့ ပြောတယ်။ အဲဒီမှာ မွတ်ဆလင် သူပုန်တွေရှိတယ်လို့လည်း ကြားတယ်။ ဆော်ဒီဆိုတာ OIC ရှိတဲ့ နိုင်ငံ၊ ဆော်ဒီသူဌေးတွေဟာ အစွန်းရောက်တွေကို ထောက်ပံ့လေ့ရှိတယ်။ အစိုးရအနေနဲ့ ဒီအချက်ကို ပြန်စဉ်းစားဖို့သင့်တယ်။ သီပေါမင်းပါတော်မူကာနီးမှာ ဗြိတိသျှနယ်ချဲ့တွေက ဘုရင့်ရှေ့မှာ ဖိနပ်စီးခွင့်အနိုင်ကျင့် ပြီး တောင်းသလိုမျိုး ခံစားရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်တာကို ထောက်ခံပါတယ်"။
Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်
.