Thursday, October 18, 2012

၁၈.၁၀.၂၀၁၂ ရက် နံနက် ၉း၀၀ နာရီတွင် AZG ရုံးဖွင့်ပွဲကို ကန့်ကွက်မည်


၁၇.၁၀.၂၀၁၂ ရက် နေ့လည် ၂း ၀၀ နာရီပတ်ဝန်ကျင်တွင် စစ်တွေမြို့ရှိ မြို့မိ မြို့ဖများ၊ ရခိုင် လူမှုအဖွဲ့အစည်းအသီသီများနှင့် ရခိုင် လူငယ်များမှ စုဝေးပြီး AZG/MSF အဖွဲ့နှင့် ပတ်သတ်ပြီး ဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲတွင် ၁၈.၁၀.၂၀၁၂ ရက် မနက် ၉း၀၀ နာရီတွင် စစ်တွေမြို့ ၊ မိဇံရပ်ကွက် ၊ ကမ်းနားလမ်းတွင် ရှုခင်းသာအမည်ဖြင့် အခမဲ့ ဆေးခန်းတခုကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင့် မြို့ပေါ်ရှိ အာဏာပိုင်အဖွဲ့အစည်းများ၊ မြို့ပေါ်ရှိ ဂုဏ်သရေရှိ လူပုဂ္ဂိုလ်များ၊ ရဟန်သံင်္ဃာတော်များကို ဖိတ်ကြားထားပါသည်။ ထိုဆေးခန်းဖွင့်လှစ်ရန် ကိစ္စဖြင့် စစ်တွေမြို့ပေါ်ရှိ လူထုမှ သက်သေအထောက်အထားများကို စုစည်းခဲ့ကြပါပြီး မသင်္ကာဖွယ်ရာ အချက်အလက်များကို တွေ့ရှိခဲ့ရသည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သော ခေါင်းဆောင် လူငယ်တယောက်မှ RSV ကို ပြောပြခဲ့ပါသည်။ “ဥပမာဗျာ - သူတို့က သဘောမရိုးဘူးဆိုတာကို အစကတည်းက ကြည့်ရင်သိပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဘင်္ဂလီတွေအတွက်ပဲ သူတို့ လုပ်ပေး.
..လာတာပါ။ အခမဲ့ဆေးခန်းတွေဖွင့်တယ်။ ဘင်္ဂလီကုလားတွေကိုပဲ အဓိကဆေးကုသပေးခဲ့တယ်။ ဖွင့်တဲ့နေရာတွေကလည်း ဘင်္ဂလီတွေနေတဲ့ နေရာတွေမှာပဲ ဖွင့်ခဲ့တယ်။ အဲဒီကတည်းက ကျနော်တို့ စောင့်ကြည့်နေခဲ့တာပါ။ သူတို့ ဒီဘင်္ဂလီကို ရိုဟင်ဂျာဖြစ်အောင် အဓိက အထောက်ပံ့ပေးခဲ့တဲ့အဓိက သူတို့က အဓိက နေရာက ပါဝင်ခဲ့ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ယခုအခါ OIC ကိစ္စကို အပြင်အထန်ကန့်ကွက်နေချိန်တွင် AZG အဖွဲ့အစည်းသည် ကုလားတွေဆီမှ အထောက်အပံ့များကို အဓိက ယူထားသဖြင့် OIC နှင့် ပတ်သတ်မှုရှိလိမ်မည်လို့ မြို့လူထုမှ သံသယဖြစ်လျှက်ရှိပါသည်။ ဆက်လက်၍ “သူတို့ အခုလုပ်မယ် ဆေးခန်းကလည်း ပွင့်လင်းမှုမရှိဘူးဗျာ။ သူတို့ လုပ်မယ်ဆိုရင် ရခိုင်လူထုကို တခုခုတော့ ချပြသင့်ပါတယ်။ ဒါက ဘယ်လိုဘာကြောင်းလုပ်ရပါတယ်ဆိုတာမျိုးပေါ့၊ အခုက အာဏာပိုင်တွေနဲ့ ပေါင်းပြီး ငါတို့ ကြိုက်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးပေါက်နေတယ်”လို့ ခေါင်းဆောင်လုပ်ငယ် ပြောပြသွားပါတယ်။ ယခုအခါ AZG အဖွဲ့မှ ရခိုင်ပြည်တွင် HIV/AIDS ဝေဒနာရှင် ၂၀၀ မှ ၃၀၀ လောက်ထိ ရှိတယ်ဆိုပြီး သတင်းလွင့်ထားကာ ထိုဝေဒရှင်များအား ဆေးကုသနိုင်ရန်အတွက် ဒီဆေးခန်းကို ဖွင့်လှစ်ရတာပါ သတင်းလွင့်ထားပါသည်။ သို့သော်လည်း ရခိုင်လူထုက ပြည်သူလူထုယုံကြည်သော ရခိုင်လူမှုအဖွဲ့အစည်း (သို့) အစိုးရ အဖွဲ့အစည်းတခုခုမှ တဆင့်လှူလျှင် လက်ခံနိုင်ဖွယ်ရှိပြီး သူတို့ကိုယ်တိုင်း ဆေးခန်းဖွင့်ခြင်းကိုမူ လက်မခံနိုင်ဟု သိရှိရပါသည်။ ထို့ကြောင့် ၁၈.၁၀.၂၀၁၂ ရက် မနက် ၉း ၀၀ နာရီတွင် မိဇံရပ်ကွက် ၊ လေညှင်းသာတွင် လူစုဝေးလျှက် AZG ကန့်ကွက်ပွဲကို ပြုလုပ်သွားမည်ဟု ၄င်းခေါင်းဆောင် လူငယ်မှ RSV ကို ပြောပြသွားပါသည်။ ထိုလူငယ်မှပဲ သူတို့သည် AZG နှင့် ပတ်သတ်ပြီး စာရွက် စာတမ်း အထောက်အထားများ စုဆောင်းရရှိထားပါသည်ဟုလည်း သိရှိရပါသည်။

မူရင်းသတင်း----Rakhine Straight View
Post By : အေးချမ်းမွန်
.