Sunday, July 08, 2012

ယခု ဖြစ်ပွားနေသော ဘင်္ဂါလီများ၏ အကြမ်းဖက် ဆူပူယုတ်မာမှုများအပေါ် လတ်တလောသုံးသပ်ခြင်း

ယခု ဖြစ်ပွားနေသော ဘင်္ဂါလီများ၏ အကြမ်းဖက် ဆူပူယုတ်မာမှုများအပေါ်



အောက်ပါအမြင်တွေဟာ ကျွန်တော့်ရဲ့တစ်ဖတ်သတ်အမြင်များ ( Personal View ) များဖြစ်တဲ့အတွက် မှားတာတွေလည်းရှိသလို မှန်တာတွေလည်းရှိပါလိမ့်မယ် ။ တစ်ခုဝန်ခံချင်တာကတော့ “ ကျွန်တော် တိုင်းရင်းသားတွေအားလုံးကို ချစ်တယ် မြန်မာပြည်ကြီးကိုချစ်တယ် ” ဆိုတာပါပဲ ။



၁ ။ သွေးခွဲမှုတွေ လှုံဆော်မှုတွေကိုလည်း နေရာအနှံ့မှာ တွေ့နေရတယ် ။ ဆူပူအုံကြွမှုကိုဖြစ်စေတဲ့ အရေးအသားမျိုးတွေကို ရှဲမလုပ်မိဖို့နဲ့မရေးသားကြဖို့ တိုက်တွန်းလိုပါတယ် ။ အစိုးရက အကောင်းဆုံးကိုင်တွယ်နိုင်ဖို့ယုံကြည်ချက်လည်းထားခဲ့ပါတယ် ။ အခုဆို ၄ ရက်ကျော်သွားခဲ့ရပြီ ဒီနေ့လည်း ဘာသတင်းတွေထပ်ကြားရမလဲ မသိဘူး ။



၂ ။ သတင်းတစ်ခုကြားတိုင်း ချင့်ချိန်ပြီးယုံစေချင်ပါတယ် ။ အင်တာနက်စာမျက်နှာတွေမှာလည်း မြန်မာလိုရေးတာပဲကွာဆိုပြီး ရေးချင်တိုင်းရေးလို့မဖြစ်သေးဘူး ။. နိုင်ငံခြားက အင်တာနက်စာမျက်နှာတိုင်းမှာ စစ်တပ်က မြန်မာတွေက ဘင်္ဂါလီတွေကို ပစ်သတ်နေဆိုပြီး သတင်းမှားတွေလျှောက်ရေးနေကြတယ် ။ မသိရင်တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို လက်ညှိုးဝိုင်းထိုးကြမယ့်အဖြစ် ။



၃ ။ ဘာသာရေးခေါင်းစဉ်တွေ လူမျိုးရေးခွဲခြားမှုခေါင်းစဉ်တွေ မတပ်စေချင်ဘူး ။ အခုဖြစ်နေတာ ဘင်္ဂါလီ သောင်းကြမ်းသူ တွေနဲ့ တိုင်းရင်းသား ရခိုင် မြန်မာလူမျိုး တွေဖြစ်တယ် ။ အကြမ်းဖက်ဘင်္ဂါလီတွေကို ထိရောက်စွာ နှိမ်နှင်းရမှာက တပ်မတော်ရဲ့တာဝန်ဖြစ်တယ် ။ ဒါကို အစ္စလာမ် တွေ ဗုဒ္ဓဘာသာတွေ ခရစ်ယာန်တွေ ဘယ်လို ဘာသာရေးခေါင်းစဉ်မှ မတပ်စေချင်ဘူး ။ စေတနာနဲ့ နေခွင့်ပေးထားတဲ့အိမ်ရှင်ကို ကျေးဇူးကန်းပြီး အိမ်ရှင်ကို ပြန်ကိုက်တဲ့အဖြစ်လို့ပဲ နားလည်ထားစေချင်တယ် ။ ဘယ်လို လူမျိုးရေး ဘာသာရေးခေါင်းစဉ်မှ မတပ်ကြပါနဲ့ ။ အခြေအနေကပိုဆိုးသွားနိုင်တယ် ။ ဘာသာရေးအားလုံးဟာ ငြိမ်းချမ်းရေးကို ဦးတည်သွားနေတာချည်းပါပဲ ။



၎ ။ စေလွှတ်တဲ့ စစ်သားဦးရေနဲ့လုံထိမ်းဦးရေ နည်းနေတယ်လို့ ၀ိုင်းထောက်ပြကြပေမယ့် နည်းနေတုန်းပဲ ။ ထပ်မံပြီး တပ်မတော် သားတွေ စေလွှတ်ဖို့ အများကြီးလိုပါသေးတယ် ။ သွားလာဖို့အခက်အခဲရှိလို့ပဲလား ဆူပူမှုကြီးကို ထိမ်းထားနိုင်လောက်တဲ့ လုံထိမ်း ရဲ စစ်သား ဦးရေမတွေ့ရသေးဘူး ။



၅ ။ နှလုံးသားမရှိတဲ့လူတွေကတော့ ကိုယ်နဲ့မဆိုင်သလို နေနေကြပေမယ့် နှလုံးသားရှိတဲ့လူတွေအကုန်လုံး ခံစားချက်တွေနဲ့ နာကြည်းနေကြတယ် ။ အစိုးရရဲ့ အရေးယူနေမှုအပေါ်မှာလည်း အားမလိုအားမရဖြစ်နေကြတယ် ။ ဒါကြောင့် အစိုးရအနေနဲ့လည်း တစ်ခုခုကိုတော့ပြတ်သားစွာ ဆုံးဖြတ်ချက်ချဖို့ လိုနေခဲ့ပြီး ။



၆ ။ ဟိုဖက်ကမီးရှို့လိုက် ဒီဖက်က ပြန်ရှို့လိုက်နဲ့ကြာရင် ရခိုင်ကရွာတွေအကုန်လုံးပြာတွေဖြစ်ကုန်တော့မယ် ။ အစိုးရအနေနဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါလို့ အမြန်ဆုံးထပ်မံတိုက်တွန်းပါတယ် ။ အခုဆို ကယ်ဆယ်ရေးစခန်းတွေမှာ ဒုက္ခသည်တွေပိုပိုများပြားလာတယ် ။ တပ်မတော်အနေနဲ့ တစ်ခုခုကို ပြောင်းလဲသင့်ပြီလို့လည်းမြင်မိတယ် ။ ဘဂါင်္လီတွေကို ရိုဟင်ဂျာအဖြစ် တိုင်းရင်းသားမျိုးနွယ်စုထဲသွတ်သွင်းဖို့လက်မခံနိုင်ကြောင်းလည်း ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ပေးဖို့သင့်တယ်လို့မြင်မိတယ် ။ Result ထွက်လာတာနဲ့ ဘဂါင်္လီတွေကို တစ်ယောက်မကျန်မောင်းထုတ်ပစ်နိုင်မှာပါ ။



၇ ။ တချို့ကပြောကြတယ် လူလူချင်းစာနာ ညှာတာစိတ်ထားပါ ဘင်္ဂါလီတွေလည်းလူတွေပါပဲတဲ့ ။ မှန်ပါတယ် လူလူချင်းညှာတာစိတ်ထားတာ မြန်မာတွေရဲ့ ချစ်စဖွယ်စိတ်ထားလေးပါ ။ ဒါပေမယ့် အဲဒီစကားကိုပြန်ကောက်ရရင်တော့ ဘင်္ဂါလီတွေဟာ လူတွေတော့ဟုတ်ပါရဲ့ ဒါပေမယ့်လူလိုကျင့် လူလိုမကြံကြလို့သာ အခုလို အခြေအနေဆိုးကြီးကို ကြုံတွေ့ရခြင်းဖြစ်တယ် ။ ဘာသာရေးနာမည်ကို ခုတုံးလုပ်ပြီး ရန်တိုက်ပေးလို့ သူတို့ဟာ ခြေကုပ်တစ်ခုရအောင် ကြိုးစားပြီး မရနိုင်မှန်းသိတော့မှ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို ရခိုင်တစ်ပြည်လုံးပြာကျသွားအောင် ကြံစည်နေကြခြင်းများလားတွေးမိတယ် ။



၈ ။ အစိုးရခေါင်းဆောင်လူကြီးပိုင်းတွေလည်း ဒီကိစ္စအတွက်အတော်ကြီးခေါင်းခဲနေကြပြီဆိုတာ သိသာပါတယ် ။ အခုအချိန်မှာ ကျွန်တော်တို့ အတွက်အရေးအကြီးဆုံးက ယုံကြည်ချက်ပါပဲ ။ ဘာတွေကိုယုံရမလဲ ဆိုတဲ့ခေါင်းစဉ်ပေါ့ ။ လက်ရှိ ကျွန်တော်တို့နေနေတာ ကျွန်တော်တို့ ကို သိသာထင်သာမြင်သာတဲ့ပြောင်းလဲမှုတွေလုပ်ဆောင်ပေးနေတာ သမ္မတကြီးဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ပါ ။ ဒီတော့ သမ္မတကြီးကို ကျွန်တော်တို့ယုံရပါလိမ့်မယ် ။ နောက်တစ်ခုကတော့ CNN အထိ သတင်းတွေ လွှင့်ထုတ်ပြီး မြန်မာ့အခြေအနေမှန်ကို ကမ္ဘာကအ ထင်မလွဲအောင် တချိန်လုံး (မြစ်ဆုံကိစ္စ အပါအ၀င် ) ပြည်သူတွေနဲ့ လက်တွဲလို့ မြန်မာနိုင်ငံမှာ နံပတ် ၁ သတင်းမီဒီယာအဖြစ်ရပ်တည်ပေးခဲ့တဲ့ EMG ကို ယုံရပါလိမ့်မယ် ။ ( EMG က လူလားလို့ ကျွန်တော့်ကို မမေးပါနဲ့ EMG က လူတစ်ယောက်နှင့်မှ ကျွန်တော်အပြင်တွင်မသိပါ ကျွန်တော်သည် သာမန်ပရိတ်သတ်တစ်ယောက်သာဖြစ်သည် )



၉ ။ နယ်စပ်ဒေသ လ၀က နဲ့တကွ ပြည်တွင်းဝင်ခွင့်တွေကို ဒီထက်ပိုပြီး စနစ်တကျလုပ်ဆောင်ရမယ်ဆိုတာလည်း ပေါ်လွင်လာပါတယ် ။ ဒါတွေထားလိုက်ပါဦး လတ်လော ရခိုင်ပြည်နယ်က မီး တခြားပြည်နယ်တွေမကူးစက်အောင် စနစ်တကျ ထိမ်းသိမ်းဖို့လိုသလို သောင်းကြမ်းသူ အကြမ်းဖက်သူတွေကိုလည်း ထိရောက်စွာ ကိုင်တွယ်ဖို့လည်း တိုက်တွန်းပါတယ် ။ နိုင်ငံတကာက ကြည့်နေတာကို သိပ်ပြီးခေါင်းထဲမထည့်ပဲ ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်တာဆိုရင် သမ္မတကြီးအနေနဲ့ သိပ်စဉ်းစားမနေပဲ တင်းကြပ်ပြတ်သားစွာ လုပ်ဆောင်စေချင်တယ် ။ ဘာကြောင့်လည်းဆိုတော့အခုလို ထပ်သွားနေရင် ပိုပြီးအထိနာပြီး ဘာမှအကျိုးရှိလာနိုင်မှာမဟုတ်တဲ့အတွက်ဖြစ်တယ် ။



၁၀ ။ သတင်းမီဒီယာတွေလည်း ခေါ်ယူသတိပေးမှုကြောင့်နည်းနည်းတော့ တွန့်သွားကြမယ်လို့ယူဆတယ် ။ ဒါပေမယ့် လည်း စဉ်းစားချင့်ချိန်လို့ တင်သင့်တာကိုတင်ပေးကြပါ ။ ရခိုင်ပြည်နယ်အတွင်းက INGO တွေလည်း ဘယ်လိုလှုပ်ရှားမှုမှ သတင်းမကြားရသေးတာ ရှက်စရာလို့မြင်မိတယ် ။ ပရဟိတအဖွဲ့တွေလည်း အစွမ်းကုန်ကြိုးစားလို့ ရခိုင်ပြည်နယ်ကယ်ဆယ်ရေးမှာ တက်ကြွစွာ ဆောင်ရွက်ကြဖို့ ဆန္ဒပြုပါတယ် ။ ကျွန်တော်လည်း တတ်နိုင်သလောက် သတင်းအချက်အလက်တွေနဲ့ ကြိုးစားနေမှာပါ ။



သက်တန့်ချို

9:31 AM 12/6/2012



Photo : Hmuu Zaw