Friday, June 01, 2012







တိုကျိုဗဟိုပြု၍ ၇.၃ အဆင့်ရှိ အင်အားပြင်ငလျင်လှုပ်ခတ်ဖွယ်ရှိ၊ အသေအပျောက် ၉၆၀၀ ကျော်ရှိမည်ဟု ခန့်မှန်းထား


တိုကျို ၂၃ မြို့နယ်စလုံးကို အကြီးအကျယ် ထိခိုက်သေကြေပျက်စီးဆုံးရှုံးနိုင်မည့် ၇.၃ အဆင့်ရှိ အင်းအားပြင်းငလျင် လှုတ်ခတ်ဖို့ သေချာသလောက်ရှိကြောင်း သုတေသီများက အသိပေးထုတ်ပြန်လိုက်ပါတယ်။
ယခုနှစ်အစောပိုင်းကာလဖြစ်တဲ့ ဧပြီလ ၁၈ ရက်နေ့က တိုကျို ဗဟိုမီးသတ်နဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနရဲ့ သတိပေးထုတ်ပြန်ချက်မှာတော့ ဖောက်ပြန်နေသော ရာသီဥတုအခြေအနေများကြောင့် လာမယ့် နွေအကုန် ဆောင်းအကူးကာလ ညနေ ၆ နာရီဝန်းကျင်တွင် လေတိုက်နှုန်း တမိနစ်မှာ ၈ မီတာနှုန်းနဲ့ တိုက်ခတ်နေချိန်မှာ တိုကျိုကိုဗဟိုပြုပြီး မက်ကနစ် ၇.၃ အထိရှိတဲ့ ငလျင်လှုပ်ခတ်မှာဖြစ်ပြီး ဘယ်လောက်အတိုင်းအတာအထိ သေကြေပျက်စီးဆုံးရှုံးမယ်ဆိုတာကို မြေတစ်ကွက်စီပေါ်မှာနေထိုင်နေတဲ့ လူဦးရေစာရင်းဇယားကိုအခြေခံပြီး ခန့်မှန်းထားပါသေးတယ်။
တိုကျိုရဲ့ ၇၀%ကတော့ ပြင်းအား ၆နှင့်အထက်မှာလှုပ်ခတ်မှာဖြစ်ပြီး တစ်မြို့လုံးအတိုင်းအတာအရ အိမ်ခြေ ၈ သိန်း ၅ သောင်းကျော် ပျက်စီးပြီး လူပေါင်း ၉,၆၄၁ ဦးခန့် သေဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။
အဆောက်အဦပြိုကျမှုကြောင့် ၅၀၃၇ ဦးသေဆုံးဖွယ်ရှိတယ်လို့ ထုတ်ပြန်ထားပြီး ၁ သိန်း ၄ သောင်း ၆ ထောင်ကျော် ထိခိုက်ဒဏ်ရာရမယ်လို့ ဆိုပါတယ်။ ထို့အထဲတွင် လူ ၂ သောင်းကျော် အတွင်းလူနာဖြစ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
ငလျင်ကြောင့် အိမ်မပြန်နိုင်သူ ၅ သိန်း ၇ သောင်းခန့်နှင့် ၃ သိန်း ၄ သောင်းကျော်ခန့်က အင်အားပြင်းငလျင်ဒဏ်ရှောင်ဖို့အတွက် မပြေးမဖြစ် ပြေးရမှာဖြစ်ပါတယ်။

အပျက်အစီးအများဆုံးဖြစ်မယ့်မြို့နယ်ကတော့ Kamata နဲ့ Otakuဖြစ်ပြီး ဒုတိယနဲ့ တတိယပျက်စီးဆုံးရှုံးမှုများမယ့်မြို့နယ်ကတော့ Toshima-Ku နဲ့ Shinagawa-Ku တို့ဖြစ်ပါတယ်။(ဥပမာ- မြန်မာတွေအများဆုံးနေထိုင်သည့် အိုးဂျိ၊ တာဘာဘ၊ ဆူကာမို၊ အိုးဆုခ၊ အိုးဆာကီ အစရှိသည့်ရပ်ကွက်များ)
ယခုမှစ၍ အဆိုပါမြို့နယ်၊ ရပ်ကွက်များသို့ မပြောင်းရွေ့ကြရန်နှင့် ရှိနေသူများကလည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဖို့လိုပါတယ်။

ယခုထုတ်ပြန်ချက်ကြောင့် ကြောက်လန့်တကြားမဖြစ်ကြဖို့ သတိပေးထားပြီး ကြိုတင်ပြင်ဆင်ထားကြဖို့အတွက် အသိပေးထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုထားပါတယ်။
မကြာမီရက်ပိုင်းအတွင်း ငလျင်အတွက် ဘာတွေပြင်ဆင်ရမယ်( ငလျင်မလှုပ်ခင်၊ ငလျင်လှုပ်နေစဉ်နှင့် ငလျင်လှုပ်ပြီး) မိသားစု စုံမှတ်၊ ပုန်းခိုရမည့်နေရာများနှင့် စားနိပ်ရိက္ခာထားရှိသည့်နေရာများကိုလည်း ထုတ်ပြန်ပေးသွားပါမယ်။

ကပ် ၃ ပါးမှ အားလုံးကျော်လွှားနိုင်ကြပါစေ…

.

0 comments: